By Sint Sint, Shweproperty.com
Updated at 20 November 2020
Unicode Version
တိုက်အိမ်လေးဆောက်မယ်ဆိုရင် ကုန်ကျမည့်အရေအတွက်ကို ကိုယ်တိုင် အကြမ်းဖျင်းခန့်မှန်းနည်းကို ပြောပြပေးချင်ပါတယ်။
“ဘိလပ်မြေနှင့် သံချောင်း တွက်နည်း”
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
“ကုဗကျင်း”
ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ကွန်ကရစ်လောင်းခြင်းတို့မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင်ကုဗကျင်းထွက်လာပါပြီ။မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်
သဲကျင်းဝက် ကျောက် ၁ ကျင်း
1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်
1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက် ကျောက်၁ ကျင်း
အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။အများသုံးတဲ့ 1:4 အချိုးဆိုဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။
“စကွဲယားကျင်း”
စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့အမိုးမိုးခြင်းတို့ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာအုတ် ၅၅၀ လုံး 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း
“သံချောင်း”
သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း ၊၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း ၊၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း ၊၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း ၊၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။
“ဘိလပ်မြေ”
ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။ သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ဆက်သွယ်ချက်က ၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
သစ်တံခါးဆရာတော်၏ မြေပိုင်ရှင် အိမ်ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း
အိမ် ဝယ်သင့်၊ ဆောက်သင့်သော နှစ်အပိုင်းအခြားများ
အိမ်တွေမှာ အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ
အိမ်အသစ်ဆောက်မည့်သူများ အိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လားမဆိုင်လားဗဟုသုတအနေဖြင့်ဖတ်ပါ
Zawgyi Version
တိုက္အိမ္ေလးေဆာက္မယ္ဆိုရင္ ကုန္က်မည့္အေရအတြက္ကို ကိုယ္တိုင္ အၾကမ္းဖ်င္းခန႔္မွန္းနည္းကို ေျပာျပေပးခ်င္ပါတယ္။
“ဘိလပ္ေျမႏွင့္ သံေခ်ာင္း တြက္နည္း”
ဘိလပ္ေျမ အုတ္သဲေက်ာက္ ဘယ္ေလာက္ကုန္မလဲ ေမးတတ္လို႔ အၾကမ္းတြက္လို႔ရေအာင္ပါ။ျမန္မာျပည္ ေဆာက္လုပ္ေရးမွာ က်င္းနဲ႔ ေျပာၾကပါတယ္။ကုဗက်င္းနဲ စကြဲယားက်င္း ဆိုၿပီးရွိပါတယ္။
“ကုဗက်င္း”
ကုဗက်င္းက အလ်ား အနံ အျမင့္ ၃ ခု ေျမႇာက္တာပါ။၃ ခုေျမႇာက္လို႔ ၁၀၀ ရရင္ ၁ က်င္းပါ။၅၀ ဆို က်င္းဝက္၊ ၂၅ ဆို က်င္းတစ္မတ္ စသျဖင့္ပါ။ကုဗက်င္းကို ၉ လက္မနဲ႔အထက္ အုတ္စီျခင္းတို႔ကြန္ကရစ္ေလာင္းျခင္းတို႔ေျမႀကီးတူးျခင္းတို႔မွာ အမ်ားဆုံးသုံးပါတယ္။ရွိသမွ် အလ်ားအနံအျမင့္ေတြ လိုက္ေျမႇာက္ ေပါင္းလိုက္ရင္ကုဗက်င္းထြက္လာပါၿပီ။ေျမႀကီး၁ က်င္းဆို ၁၀ေပပတ္လည္ ၁ ေပ အနက္ ရွိရပါမယ္။
1:3:6 အခ်ိဳး
ကြန္ကရစ္ ဘိလပ္ေျမ ၁၃ အိတ္ခန္႔
သဲက်င္းဝက္ ေက်ာက္ ၁ က်င္း
1:2:4 အခ်ိဳး
ကြန္ကရစ္ ဘိလပ္ေျမ ၁၈ အိတ္ေက်ာ္ခန္႔
1: 1-1/2 အခ်ိဳး
ကြန္ကရစ္ ဘိလပ္ေျမ ၂၅ အိတ္ခန္႔
သဲက်င္းဝက္ ေက်ာက္၁ က်င္း
အုတ္ဖိနပ္ေတြမွာ အသုံးမ်ားတဲ့ ၉ လက္မအထက္ အုတ္စီျခင္း ကုဗတစ္က်င္းဆို ၁၃၅၀ လုံး၊ဘိလပ္ေျမကေတာ့ သုံးတဲ့အခ်ိဳးမွာမူတည္ပါတယ္။အမ်ားသုံးတဲ့ 1:4 အခ်ိဳးဆိုဘိလပ္ေျမ ၆ အိတ္နီးပါး၊ သဲ .၂၈ က်င္းတစ္မတ္ သာသာေလာက္။
“စကြဲယားက်င္း”
စကြဲယားက်င္း အလ်ားနဲ႔ အနံ ပဲေျမႇာက္ၿပီး ၁၀၀ ဆို ၁ က်င္း။၄လက္မခြဲ အုတ္စီျခင္း ေဆးသုတ္ျခင္းတို႔အမိုးမိုးျခင္းတို႔ေႂကြျပားကပ္ျခင္းတို႔မွာ သုံးပါတယ္။နံရံေတြမွာ အသုံးမ်ားတဲ့ ၄.၅ လက္မ အုတ္စီျခင္း မွာအုတ္ ၅၅၀ လုံး 1:4 အခ်ိဳး ဘိလပ္ေျမ 2.7 အိတ္ သဲ .11 က်င္း
“သံေခ်ာင္း”
သံေခ်ာင္းတစ္ေခ်ာင္းဟာ ဆိုက္မွန္ပါက ေပ ၄၀/ ၁၂ မီတာရွိရပါတယ္။သို႔ေပမယ့္ ၃၉ေပ ၆ လက္မေလာက္ဆို မွန္တယ္ေျပာရပါမယ္။ဘာမားျဖစ္ကေတာ့ အတိအက်ေျပာလို႔ မရပါဘူး။
တစ္တန္မွာရွိရမယ့္ အေခ်ာင္းေရက 10 မီလီ ၃မူး ( ၃/၈) မွာ ေပ၄၀ အရွည္ ၁၃၅ ေခ်ာင္း ၊၁၂ မီလီ ၅မူး ( 1/2) မွာ ၈၈ ေခ်ာင္း ၊၁၆ မီလီ ၆မူး ( 5/8) မွာ ၅၃ ေခ်ာင္း ၊၂၀ မီလီ ၃မတ္ (3/4) မွာ ၃၃ ေခ်ာင္း ၊၂၅ မီလီ က်ပ္လုံးမွာ (1) မွာ ၂၁ ေခ်ာင္း ရွိပါတယ္။
“ဘိလပ္ေျမ”
ဘိလပ္ေျမ ၁ အိတ္ဟာ ၅၀ ကီလိုေလးၿပီး အိတ္၂၀ ဟာ ၁ တန္ပါ။ သံေခ်ာင္းေတြဆက္ဖို႔လိုရင္ တိုင္ေတြမွာ အနည္းဆုံး အဆ ၄၀ ထပ္မိေနေစ ရပါမယ္။ထုပ္ေတြ ယက္မေတြမွာေတာ့ အဆ ၆၂ ေလာက္ထိ သုံးတတ္ပါတယ္။ခိုခ်င္ရင္ေတာ့ ၅၀ဆေလာက္ ဆို ရေလာက္ပါတယ္။
အခုေနာက္ပိုင္း မီတာနဲ႔သုံးလာပါတယ္။ဆက္သြယ္ခ်က္က ၁မီတာ 1M မွာ ၃ ေပ ၃ လက္မ ၃ မူးရွိပါတယ္။လက္သမားနဲ႔ ယွဥ္ေျပာလို႔ရတဲ့အေခၚပါ။
1 M မီတာ= 3.281 ေပ
1 လက္မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကြဲယား= 10.78 ေပစကြဲယား
ကြန္ကရစ္ 1 (1mX 1mX 1m) မီတာက်ဳ = 35.32 ကုဗေပ Cuft
ဖတ္ရႈမႈအမ်ားအဆုံး အိမ္ၿခံေျမဗဟုသုတမ်ား
သစ္တံခါးဆရာေတာ္၏ ေျမပိုင္ရွင္ အိမ္ပိုင္ရွင္ျဖစ္ေအာင္ ေဆာင္႐ြက္နည္း
အိမ္ ဝယ္သင့္၊ ေဆာက္သင့္ေသာ ႏွစ္အပိုင္းအျခားမ်ား
အိမ္ေတြမွာ အိမ္ေျမႇာင္စုတ္ထိုးသံၾကားရင္ဘာေတြျဖစ္မွာလဲ
အိမ္အသစ္ေဆာက္မည့္သူမ်ား အိမ္ခိုက္တာအခုလိုေလွခါးထစ္နဲ႔ဆိုင္လားမဆိုင္လားဗဟုသုတအေနျဖင့္ဖတ္ပါ
Ref By : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ