By Sint Sint, Shweproperty.com
Updated at 12 November 2020
အိမ်ဆောက်တဲ့အခါ အညံ့တွေ ၊ အခိုက်တွေမရှိဘဲ စီးပွားလာဒ်လာဘ တိုးတက်အောင် လှေကားထစ်ဆောက်တဲ့အခါ ဆောင်ရန် ၊ ရှောင်ရန်တွေရှိပါတယ်။
ဒါတွေဟာရှေးလူကြီးမိဘတွေရဲ့အယူအဆတွေပါ။ ရှေးထုံးမပယ်နဲ့ ဆိုရိုးစကားအရ အိမ်တွေမှာ လှေကားထစ်တွေဆောက်တဲ့အခါ ရှေးလူကြီးတွေရဲ့ စကားကို ဒီနေ့အထိ မှတ်သားလိုက်နာကြပါတယ်။
ဒါဆိုရင် မိမိတည်ဆောက်မယ့် နေအိမ် ၊ တိုက်တာ ၊ အဆောက်အအုံမှာ လှေကားထစ်ဆောက်တဲ့အခါ ဘယ်လိုဆောက်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
- (၁)ထစ် ၊ (၄)ထစ် ၊ (၇)ထစ် ၊ (၁၀)ထစ် စသည့်အရေအတွက်အတိုင်းရှိသည့် လှေကားမျိုးမှာ "လာဘလှေကားထစ်"ဖြစ်၍ ထိုအရေအတွက်အတိုင်း လှေကားပြုလုပ်ပါက အိမ်ထောင်စုအဖို့ လာဘ်လာဘများ ရွှင်လန်းစေသည့်အကျိုးကို ခံစားရပါလိမ့်မည်။
- (၂)ထစ် ၊ (၅)ထစ် ၊ (၈)ထစ် ၊ (၁၁)ထစ် စသည့်အရေအတွက်အတိုင်းရှိသည့် လှေကားမျိုးမှာ "သုခလှေကားထစ်"ဖြစ်၍ ထိုအရေအတွက်အတိုင်း လှေကားပြုလုပ်ပါက အိမ်ထောင်စုအဖို့ စိတ်ချမ်းမြေ့ခြင်းအကျိုးကို ခံစားရပါလိမ့်မည်။
- (၃)ထစ် ၊ (၆)ထစ် ၊ (၉)ထစ် ၊ (၁၂) ထစ် စသည့်အရေအတွက်အတိုင်းရှိသည့် လှေကားမျိုးမှာ "မရဏလှေကားထစ်"ဖြစ်၍ ထိုအရေအတွက်အတိုင်း လှေကားပြုလုပ်ပါက အိမ်ထောင်စုအဖို့ ဘေးအန္တရာယ်ကြုံတွေ့ခြင်း ၊ ခိုက်ခြင်းတို့ ကြုံဆုံရပါလိမ့်မည်။
နေအိမ် ၊ တိုက်တာ ၊ အဆောက်အအုံဆောက်လုပ်မယ့် သူတွေအနေနဲ့ ဒီအချက်တွေကို မှတ်ယူပြီး လိုက်နာကျင့်သုံးမယ်ဆိုရင် နေထိုင်သူမိသားစုတွေအတွက် စီးပွားတိုးတက်ပြီး ၊ ဘေးအန္တရယ်ကင်းရှင်းစေမှာဖြစ်ပါတယ်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်ဝင်းအတွင်း မစိုက်အပ်သောအပင်များနှင့် အိမ်ဆောက်တဲ့အခါ မဖြစ်မနေ သိထားသင့်တဲ့ အရေးကြီးတဲ့အချက်များ
အရပ်မျက်နှာ၊ နေရာဒေသအလိုက် ပျားစွဲအဟော
အိမ်မှာထားရင် အိမ်ကိုခိုက်တက်ပြီး အိမ်သားတွေကံဆိုးစေလို့ မထားသင့်တဲ့ ပစ္စည်းများ
လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်
Written By : Shwe Kyaw (ShweProperty.com)
Photo Credit : Refreshrenovations
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ