By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 21 January 2019
မသုံးသင့်တဲ့ သစ်တွေထည့်သုံးတဲ့အခါ
ရှေးလူကြီးတွေက အိုးအိမ်၊တိုက်တာတွေမှာ မသုံးအပ်၊ မသုံးသင့်တဲ့ သစ်အမျိုးအစားတွေကို စာပေကျမ်းဂန်လာတွေအတိုင်း သတ်မှတ်ကျင့်သုံးလိုက်နာခဲ့ကြပါတယ်။
ဒီနေ့ခေတ်မှာ သစ်သားဖြင့် အိမ်ဆောက်လုပ်ရုံသာမက အိမ်အလှဆင်ခြင်းနဲ့ ပရိဘောဂတွေကိုပါ သစ်သားနဲ့ပြုလုပ်လာကြပါတယ်။အိမ်မှာ သစ်နဲ့အလှဆင်မယ်ဆိုရင် ဘယ်လိုသစ်အမျိုးအစားကို အသုံးပြုထားတယ်ဆိုတာကို သိရှိအောင်ပြုလုပ်သင့်ပါတယ်။
အိမ်မှာ လုံး၀ အသုံးမပြုသင့်တဲ့ သစ်အမျိုးအစားတွေကတော့.....
- ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ် (သစ်ဆွဲချ)
- သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
- အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)
- အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ် (သစ်နပုန်း)
- လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)
- အပင်ချင်းအကိုင်းချင်းကြိတ်သောသစ် (သစ်ကြိတ်)
- အပင်တွင်နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
- မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို) တို့ ဖြစ်ပါတယ်။ ဒီသစ်တွေဟာ အိမ်မှာ အသုံးပြုဖို့ လုံးဝမသင့်တာကြောင့် ရှောင်ကြဉ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Michiganradio
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ