By Shwe La Young, Shweproperty.com
Updated at 26 April 2019
အချိူ့သောအိမ်တွေဟာ အိမ်သားအချင်းချင်း မသင့်မြတ်တာ /ငွေဝင်သမျှအကြောင်းရှာပြီးကုန်ကျနေတာ /အိမ်သားတွေ ကျန်းမာရေးမကောင်းတာ စသည်ဖြင့် တစ်မျိူးပြီးတစ်မျိူးဖြစ်ပြီး အိမ်ပူ၍ စီးပွားမတက်ဖြစ်နေတတ်ပါတယ်။အောက်ဖော်ပြပါ အစီအရင်များကို ပြုလုပ်ပါ။ရက်ပိုင်းအတွင်း သိသာစွာ အိမ်တွင်လာဘ်ပွင့်၍ စိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မည်။
နံနက်၆နာရီတွင်ဖြစ်စေ ညနေ၆နာရီတွင် ဖြစ်စေ လှူဒါန်းပါ။
အမွှေးတိုင်၃တိုင်နှင့် ဖယောင်းတိုင် ၁တိုင်ကို အိမ်ရှေ့တံခါးဝတွင်ဖြစ်စေ အိမ်ရှေ့ဝရံတာတွင်ဖြစ်စေ ခုံအမြင့်လေးတစ်လုံးနှင့် ထွန်းညှိပါ။
အိမ်စောင့်နတ် ခြံစောင့်နတ် မြို့စောင့်နတ်များနှင့် အိမ်ခြံအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော မြင်အပ်မမြင်အပ် သတ္တဝါများ ဘုရားမီးပူဇော်ရန် အလင်းတိုင် အမွှေးတိုင်များ လှူဒါန်းပါသည်။ဤ အိမ် ဤခြံတွင်နေထိုင်သူများအားလည်းစောင့်ရှောက်ပါ ။ စီးပွားတိုးတက်ရန် ကူညီပါ စသည်ဖြင့် ပြောဆိုနိုင်ပါသည်။
နံနက်မိုးလင်းသည်နှင့် ပရိတ်တရားတော်များအိမ်တွင်ဖွင့်ပါ။
အိမ်ဘုရားကို ဆွမ်းရေချမ်း သောက်တော်ရေ. ကော်ဖီ မုန့် သစ်သီးစသည့် လှူဒါန်းဖွယ်ရာများအဆင်ပြေရာ လှူဒါန်းပါ။
အိမ်ရှိအိမ်သားများအားလုံး နံနက်မိုးလင်းလျင် ဘုရားရှိခိုးဖြစ်အောင်ရှိခိုးခိုင်းပါ။
Ref & Photo Credit : Shwe La Young
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ