By Zaw Myint Oo, Shweproperty.com
Updated at 25 July 2019
မြန်မာလူမျိုးတွေမှာ အိမ်ခြံမြေနဲ့ပက်သက်ပြီး အစွဲအလမ်းလေး တွေရှိပါတယ်။ လမ်းဦးတိုက် အိမ်ဦးတိုက်မနေကောင်းဘူး ခိုက်တတ်တယ်ဆိုတဲ့ အယူလေးတွေပါ။ တစ်ချို့မှာ ဒီလိုအယူတွေမရှိကြတော့ပေမဲ့ တစ်ချို့ကတော့ ဆက်လက်စောင့်ထိန်းနေဆဲပါပဲ။ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အိမ်ခြံမြေ အစွဲအလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
လမ်းဦးတိုက်
လမ်းကိုထိပ်တိုက် ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ ဒီလိုအိမ်မှာနေမယ်ဆိုရင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်ကို လှည့်ပေးထားရပါတယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ သောက်ရေအိုးစင်ဆောက်တာမျိုးလည်း ရပါတယ်။
နို့ညှပ်
ညီအစ်ကိုကြား၊သားအဖကြား ရောက်နေတဲ့အိမ်ဖြစ်ပါတယ်။ ကိုယ်နဲ့ကပ်ရပ် ဘယ်နဲ့ညာကအိမ်ပိုင်ရှင်တွေဟာ သားအဖတွေ၊ ညီအစ်ကိုတွေဖြစ်နေတာပါ။ ဒီလိုမျိုးနေမိပြီဆိုရင်တော့ ထညပ်(ငါးကင်ရာမှာ သုံးတဲ့ဝါးညှပ်) ကို အိမ်ရဲ့တစ်ဖက်တစ်ချက်မှာ ထားရပါတယ်။
စေတီဦးတိုက်
ဘုရားကျောင်းကန်စေတီပုထိုးတစ်ခုခုက မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်မှာရှိနေတာကို ဆိုလိုပါတယ်။ တိုက်တာအ ဆောက်အဦးပေါတဲ့ ရန်ကုန်လိုနေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုနေမိရင် အနီးအနားဘုရား ကျောင်းကန်တစ်ခုမှာ ကောဇောခင်းတာ၊ ကျောက်ပြားခင်းတာ၊ တံမြက်စည်းလှည်းတာတွေ လုပ်ပေးရပါတယ်။
ကြမ်းဦးတိုက်
အထပ်တစ်ခုပေါ်၊ ကြမ်းခင်းတစ်ခုပေါ်၊ အဆင့်တစ်ခုပေါ်ကို တက်လိုက်တဲ့အခါမှာ ကိုယ့်ခြေဖဝါးဟာ အဲဒီ့အထပ်မှာခင်းထားတဲ့ ကြမ်းအလျားတိုင်း ချမိနေတာကိုပြောတာပါ။ ဒီလိုမျိုးကြမ်းခင်းထားတဲ့ အဆောက်အဦးမှာ နေမိပြီဆိုရင် အဲဒီ့ကြမ်းမှာ ဖယောင်းပုဆိုး၊ကောဇော ဒါမှမဟုတ် တစ်ခုခုခင်းပေးရပါတယ်။
အိမ်တံစို့
မိမိအိမ်ကို အခြားအိမ်က အလယ်တည့်တည့်က ကန့်လန့်ဆောက်ထားတာဖြစ်ပါတယ်။ဒါမျိုးဆိုရင်တော့ မိမိအိမ်ဘက်ကနေ ကန့်လန့်ဆောက်ထားတဲ့အိမ်ကို မှန်တစ်ချပ် ထောင်ပေးထားရပါတယ်။ နေအိမ်တွင်းမှာ ခြတောင်ပို့ရှိရင် အရောင်းအဝယ် မကောင်းဘူး။ မိမိအိမ်မျက်နှာစာက အခြားအိမ်ရဲ့ နောက်ဖေးဖြစ်နေရင် မကောင်းဘူးဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ရိုးရာအယူအဆတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။
Ref : Zaw Myint Oo
Photo Credit : latefornowhere
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ