By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 7 June 2018
လှေဦးတိုက်၊ လှည်းဦးတိုက်အိမ်ဆိုတာက ရှေးယခင် လှေ၊ လှည်းတွေနဲ့ သွားလာရတဲ့ ခေတ်ကာလက လှည်းလမ်းကြောင်းတည့်တည့် (သို့) လှေဆိပ်ရှိရာနဲ့ တည့်တည့်မှာ တည်ရှိတဲ့အိမ်တွေကို ဆိုလိုပါတယ်။ ဒီနေ့ခေတ်မှာတော့ လှေ၊လှည်းတွေ အသုံးမပြုတော့ဘဲ ကား၊ရထား၊စက်ဘီး၊ဆိုက်ကား စတဲ့ ယာဉ်အမျိုးအစားတွေကိုအသုံးပြုလာပါတယ်။ ဒီလို လမ်းအဆုံး၊ လမ်းအဝင်တည့်တည့် မျက်နှာချင်းဆိုင်မှာ ရှိတဲ့အိမ်တွေမှာ မနေထိုင်ဖို့ကို ရှေးလူကြီးသူမတွေရဲ့ အဆိုအရ သိရှိရပါတယ်
ဒီလိုအိမ်မျိုးမှာ နေထိုင်သူတွေဟာ ကျန်းမာရေး၊ စီးပွားရေး ပျက်ယွင်းတက်တယ်လို့ အယူရှိတာကြောင့် ယနေ့ချိန်ထိ လှေဦးတိုက်၊လှည်းဦးတိုက် အိမ်တွေကို ဝယ်ယူ၊ငှားရမ်းဖို့ ရှောင်ရှားတက်ကြပါတယ်။ ဒါပေမဲ့ ဒီလိုအိမ်တွေကို ဈေးသက်သာလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ငှားရမ်း၊ဝယ်ယူပြီး နေထိုင်မိတဲ့အခါမှာ အဆိုး၊အညံ့တွေ ပြေပျောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
ရှေးလူကြီးတွေရဲ့ အယူအဆ၊ အမှန်တကယ်ကြုံတွေ့ခဲ့ရတာတွေကို မပစ်ပြယ်သင့်သော်လည်း အခြေအနေအရ ဖြစ်ပျက်ခဲ့ရင်လည်း ရှေးလူကြီးတွေရဲ့ အတွေ့အကြုံအရပဲ ဖြေရှင်းနိုင်တဲ့ ရှေးထုံးနည်းလမ်းတွေ အများကြီး ရှိပါတယ်။
လှေဦးတိုက်၊ လှည်းဦးတိုက်အိမ်မှာ နေထိုင်မိတဲ့အခါ စီးပွားရေးကျစေမယ်ဆိုတဲ့ အတွေးတွေ ဖျောက်ဖျက်ပြီး အိမ်ကို ခြောက်ကပ်အောင်မထားဘဲ လူအသွားအလာများပြီး စည်စည်ပင်ပင်ဖြစ်စေမယ့် စတိုးဆိုင်၊ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင် စတဲ့ လွယ်ကူတဲ့ ဈေးဆိုင်တစ်ခုကို တည်လိုက်ပါ။
ဈေးဆိုင်တည်ဖို့ အဆင်မပြေဘူးဆိုရင်တော့ ကျားရုပ်၊ ခင်္သြေ့ရုပ်၊ နဂါးရုပ် စတဲ့ မာန်ဖီတဲ့တိရစ္ဆာန်တွေရဲ့ ပုံကို ကြီးနိုင်သမျှကြီးအောင် ကပ်ထားလိုက်ပါ။ အိမ်ရှေ့မှာ လူအများ သောက်သုံးနိုင်ဖို့ သောက်ရေအိုးစင်တစ်ခု တည်ထားပြီး လှေဦးတိုက်၊ လှည်းဦးတိုက်အိမ်ရဲ့ လိပ်စာကိုရေးပြီး အဆိုပါအိမ်နေမိသားစုများ လှုဒါန်းပါသည်ဟု လူအများ မေတ္တာပို့နိုင်ရန် ချိတ်ဆွဲထားပါ။ မှန်အဝိုင်း၊ မှန်လေးထောင့် ကို အိမ်ရှေ့မှာ ချိတ်ဆွဲထားပေးပါ။
ဘုရား၊တရားပြုလုပ်တက်သူဆိုရင် ပရိတ်ကြီး(၁၁)သုပ်၊ ပဋ္ဌာန်း၊ မေတ္တာသုပ်၊ အခိုက်ပျောက်ဂါထာတော်များ ရွတ်ဖတ်ပြီး အိမ်အနီးအနားကို ပရိတ်ရေ ပတ်ဖျန်းပေးပါ။ နေ့စဉ် မေတ္တာပို့ပေးပြီး သတ္တဝါတွေ အေးချမ်းစေဖို့ ဆုတောင်းပါ။ ဒါဆိုရင်တော့ နေတိုင်း ကိုယ်ကိုတိုင်လည်း ကုသိုလ်ရပြီး လှေဦးတိုက်၊ လှည်ဦးတိုက်အိမ်မှာ နေထိုင်သူတွေအဖို့လည်း အဆိုး၊အညံံ့တွေ ပြေပျောက်စေမှာပါ။
ဒီနည်းလမ်းတွေကို သိပြီဆိုရင်တော့ လှေဦး၊ လှည်းဦးတိုက် အိမ်တွေကို ဈေးတန်လို့ ဝယ်ယူချင်တယ်၊ စီးပွားရေးလုပ်ဖို့ ငှားရမ်းချင်တယ်ဆိုရင် စိတ်ပူဖို့မလိုတော့ပါဘူး။ မေတ္တာဓာတ်တွေပွားများနေရင် ဘယ်လိုမကောင်းတဲ့နေရာဖြစ်ဖြစ် သန့်ရှင်းစင်ကြယ်သွားစေမှာဖြစ်လို့ လှေဦး၊ လှည်းဦးတိုက် အိမ်နဲ့ ပတ်သတ်တဲ့ မကောင်းတဲ့အတွေးအမြင်တွေကို ဖျောက်ဖျက်လိုက်ပါတော့။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Theroamingrenegades
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ