By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 10 July 2018
အိမ်တချို့မှာ မိသားစုဝင်အချင်းချင်း မသင့်မြတ်တာ၊ ခဏခဏ စကား များနေရတာ အိမ်သားတွေ ကျန်းမာရေးမကောင်းတာတွေ ဖြစ်ကာ အိမ်ပူပြီး စီးပွားရေးဆုတ်ယုတ်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ သင်ဟာ ဗုဒ္ဒဘာသာတစ်ယောက်ဖြစ်ပြီး သင့်အိမ်မှာ ဒီလိုမျိုးတွေဖြစ်နေပြီဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။
မနက်ခင်းချိန်ဟာ အိမ်တစ်အိမ်အတွက် ကျက်သရေမင်္ဂလာရှိပြီး လာဘ်လာဘဝင်စေတဲ့အချိန်ပါ၊ ဒါကြောင့် မင်္ဂလာရှိတဲ့အချိန်မှာ ဘေးဘယာ အန္တရာယ်ငြိမ်းအေးစေမယ့် ပဠာန်း၊ ပရိတ်တရားတော်များကို အိမ်တွင်ဖွင့်ပါ။
အမွှေးတိုင် ၃တိုင်နှင့် ဖယောင်းတိုင် ၁တိုင်ကို အိမ်ရှေ့တံခါးဝတွင်ဖြစ်စေ အိမ်ရှေ့ဝရံတာတွင်ဖြစ်စေ ခုံအမြင့်လေးတစ်လုံးနှင့် ထွန်းညှိပါ။
အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ မြို့စောင့်နတ်များနှင့် အိမ်ခြံအတွင်း စောင့်ရှောက်နေထိုင်ကြသော မြင်အပ် မမြင်အပ် သတ္တဝါများကို ကောင်းမှုကုသိုလ်ပြုလုပ်ပြီး အမျှဝေပါ၊ အိမ်ကိုစောင့်ရှောက်ရန် ဆုတောင်းပါ။
နံနက်မိုးလင်းသည်နှင့် အိမ်ရှိဘုရားကို ဆွမ်း၊ မျက်နှာတော်သစ်ရေ၊ သောက်တော်ရေ၊ မုန်၊့ သစ်သီးစသည့် လှူဒါန်းဖွယ်ရာများကို လှူဒါန်းပါ။ အိမ်ရှိ မိသားစုဝင်အားလုံး နံနက်မိုးလင်းလျင် ဘုရားရှိခိုးဖြစ်အောင်ရှိခိုးပြီး မေတ္တာပို့ပါ။
ညအိပ်ယာဝင်ချိန်တိုင်း အမိ၊အဖတို့ကို ကန်တော့ရှိခိုးကာ ဝန်ချတောင်းပန်းပြီးမှ အိပ်ပါ။
ဒီနည်းလမ်းတွေ ပြုလုပ်စဉ် ရက်ပိုင်းအတွင်း သိသာစွာ အိမ်တွင် တိုးတက်ထူးခြားစွာ ပြောင်းလဲကာ လာဘ်ပွင်၍ မိသားစုများစိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Pinterest
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ