By Manawmaya Journal, Shweproperty.com
Updated at 22 February 2020
၀င်ပေါက်ခန်းမ
တံခါးမကြီးက ဝင်ဝင်ချင်းအခန်းကလည်း သိပ် အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မိမိကို အကျိုး ပြုမယ့် ချီဓာတ်ဝင်လာရာလမ်းကို ကြိုတဲ့နေရာမို့ပါ။ ဒီနေရာ ကို သန့်သန့်ရှင်းရှင်းထားရမယ်။ နေချင့်စဖွယ် ပြင် ဆင်ထားရမယ်။ အရှုပ်အထွေး၊ အဟောင်းအမြင်း၊ အမှိုက်သရိုက်တွေ မရှိစေရဘူး။ မှောင်မိုက်မနေဖို့ အလင်းရောင် ကောင်းကောင်းရပါစေ။ မီးထိန်ထိန် ထွန်းပေးပါ။ အိမ်ထဲကို စဝင်လာ သူ ချက်ချင်းစိတ်ချမ်းသာ အေးငြိမ်းသွားမယ့် ပုံစံ မျိုးလုပ်ထားရပါမယ်။ ရှုမျှော်ခင်းလှလှ၊ ပင်လယ် ကမ်းခြေစတဲ့ ဓာတ်ပုံ ပန်းချီကားတွေ ရှိသင့်ပါ တယ်။ စိမ်းလန်းစိုပြည်တဲ့ ပန်းပင်သစ်ပင်လေးတွေ စိုက်ပျိုးထားသင့်တယ်။
ဝင်ပေါက်ခန်းမကို ပိုမိုကောင်းမွန်စေဖို့
လုံလောက်သော အလင်းရောင်ရပါစေ။အဝါရောင်(သို့) လိမ္မော်ရောင်ဆေးများသုတ်ပါ။အိမ်အဝင်ဝတွင် ရှုပ်ထွေးတားဆီးနေသော အရာဟူသမျှကို ဖယ်ရှားပါ။လှေကားများ၊ တံခါးများကို မပျက်ယွင်းပါစေနှင့်။ဧည့်သည်အတွက် မျက်မှန်၊ ထီး၊ သော့၊ အပေါ်အင်္ကျီ စသည်တို့ထားရန် နေရာသီးသန့်ပေး ထားပါ။
ဧည့်ခန်း
ဧည့်ခန်းဟာ မိမိနဲ့ မိသားစု အနားယူ အပန်း ဖြေရာ နေရာဖြစ်တဲ့အပြင် ဧည့်သည်တွေကို ဧည့်ခံ နေရာလည်း ဖြစ်လို့ မိမိရဲ့ လူမှုဘဝနဲ့ ဆက်နွှယ် ပတ်သက်နေပါတယ်။ ဒါကြောင့် ဧည့်ခန်းကို ရုပ်ပျက် ဆင်းပျက် ဖြစ်စေနိုင်မယ့်အရာ ဟူသမျှကို ဖယ်ရှား ထားပါ။ တစ်ချိန်တည်းမှာပဲ ဧည့်ခန်းကို ကျက်သရေ ရှိစေ၊ အလှဆင်စေနိုင်တဲ့ အရာမှန်သမျှကို ထားပါ။ ဧည့်ခန်းကို ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် ထား ပါ။
ဧည့်ခန်းကို ပိုမိုကောင်းမွန်စေဖို့
ပရိဘောဂကို သေသေချာချာ နေရာချထား ပါ။ တံခါးမကြီးကို ကျောပေးထားတဲ့ ထိုင်ခုံနေရာ မရှိပါစေနဲ့။ အိမ်ထဲဝင်လာသူ မည်သူကိုမဆို မိမိက အရင်ဆီးပြီး မြင်နိုင်ပါစေ။ဧည့်ခန်းအဝင်ပေါက်ဝကို ပိတ်ဆို့စေတဲ့ ဆိုဖာ ဒါမှမဟုတ် ဝတ္ထုပစ္စည်း ကြီးကြီးမားမားတွေ ရှိရင် ဖယ်ပစ်ပါ။
ထိုင်ခုံတွေကို တစ်ခုနဲ့တစ်ခု အဝေးကြီးမှာ မထားပါနဲ့။ တစ်နေရာက တစ်နေရာကို စကား ကျယ်ကျယ် လှမ်းပြောရလောက်တဲ့ နေရာတွေ မဖြစ်ပါစေနဲ့။ဧည့်ခန်းမှာ လျှောက်လမ်းကိုလည်း နေရာ ကျယ်ကျယ်ပေးထားပါ။ ဒါမှ ပြတင်းပေါက်ဖွင့် တာ၊ ဗီရိုဖွင့်တာတွေမှာ သက်သောင့်သက်သာ ရှိ စေနိုင်မှာပါ။ဧည့်ခန်းထဲမှာ စာဖတ်လို့ရအောင် မီးကောင်း ကောင်းထွန်းပေးထားပါ။
Ref : Manawmaya Journal
Photo Credit : Dulich38
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ