By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 22 January 2019
လွယ်ကူရိုးရှင်းတဲ့ အဆောင်တွေရဲ့ အစီအရင်နဲ့ မိမိတိုု့အိမ်မှာ စီးပွားတိုးတက်အောင်ဘယ်လိုလုပ်မလဲ?
သင်ဟာ ဖုန်းရွှေပညာကို လိုက်စားတဲ့သူတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် အခုဖော်ပြတဲ့ အဆောင်နည်းလမ်းတွေကို သင့်အိမ်မှာ အလွယ်တကူပြုလုပ်လို့ရပါတယ်။ ဒီနည်းလမ်းတွေဟာ လွယ်ကူလွန်းတာကြောင့် သင့်အိမ်တိုးတက်ဖို့အတွက်ဆိုရင် ယုံကြည်သူပဲဖြစ်ဖြစ် အခုမှ စပြီး စမ်းလုပ်ကြည့်မယ့်သူအတွက်ပဲ ဖြစ်ဖြစ် အကျိုးထူးစေမှာပါ။
(၁) သတ္တုနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ခေါင်းလောင်း၊ဆည်းလည်း
သတ္တုနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဆည်းလည်းနဲ့ ခေါင်းလောင်းလေးတွေဟာ အေးချမ်းစေတဲ့ သတ္တုဓာတ်တွေကို ဖြစ်တည်စေပါတယ်။ ဒီခေါင်းလောင်း၊ ဆည်းလည်းလေးတွေကို အိမ်ရဲ့ အဝင်ဝမှာ ချိတ်ဆွဲထားခြင်းဖြင့် သင့်ရဲ့အိမ်ကို အေးချမ်းသာယာစေပြီး သင့်ဆီကို အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဧည့်ကောင်း၊ဧည့်မွန်တွေသာ လာရောက်မှာ ဖြစ်ပါတယ်။ ဈေးဆိုင်တစ်ခုခု၊ စားသောက်ဆိုင်တစ်ခုခု သင့်အိမ်မှာ ဖွင့်ထားတယ်ဆိုရင်တော့ မဖြစ်မနေ ချိတ်ဆွဲထားလိုက်ပါ။ သင့်ရဲဆိုင်ကို ပိုမို လာဘ်ရွှင်စေမှာပါ။
(၂) ပန်းပင်၊ ပန်းအိုးများ
ပန်းပင်၊ ပန်းအိုးတွေထားခြင်းက သင့်အိမ်ရဲ့ သစ်သားဓာတ်ကို ပိုမိုရရှိစေပါတယ်။ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မှောင်နေတဲ့အခန်းထောင့် ဒါမှမဟုပ် အလင်းသိပ်မဝင်တဲ့နေရာတွေ၊ လေဝင်လေထွက်မကောင်းတဲ့နေရာတွေမှာ ပန်းအိုးလေးတစ်အိုး ထားပေးမယ်ဆိုရင်တော့ အိမ်ကို တောက်ပလင်းလက်ပြီး စုပ်ယူမှုအား ပိုမို ကောင်းမွန်လာစေမှာပါ။ အိပ်ခန်းနဲ့ မီးဖိုချောင်တွေမှာ မစိုက်ပျိုးသင့်တာကိုတော့ ဂရုပြုပါ။
(၃) ငါးကန်
ငါးကန်တွေဟာ သင့်အိမ်ရဲ့ ရေဓာတ်ကို တိုးမြှင့်စေပါတယ်၊ ရေဆိုတဲ့ သဘာဝက စီးပွားလာဘ်လာဘတိုးတက်ခြင်းကို အတိတ်ကောင်း၊နိမိတ်ကောင်း ဆောင်နေတာကြောင့် ငါးကန်တစ်ကန် မွေးမြူထားသင့်ပါတယ်။ ငါးကန်မွေးမြူဖို့အဆင်မပြေရင်လည်း ရွှေငါးအသေးတစ်ကောင်ကို ဖန်အိုးထဲမှာ မွေးမြူ ထားနိုင်ပါတယ်။ ဖန်အိုးကို လေဝင်လေထွက် ကောင်းတဲ့နေရာမှာထားဖို့ကို သတိပြုပါ။ ဒီလိုမွေးမြူဖို့လည်း အဆင်မပြေသူများအတွက် ရေတံခွန်ပုံ၊ ငါးကန်ပုံ၊ ရေနဲ့ဆိုင်တဲ့ ရှုခင်းပန်းချီပုံတွေကို ချိတ်ဆွဲထားနိုင်ပါတယ်။ တရုတ်လူမျိုးတွေရဲ့ အိမ်အများစုမှာ ဒီလိုမျိုး ချိတ်ဆွဲထားတာကို မြင့်တွေ့ဖူးကြမှာပါ။ အိမ်မှာ နေထိုင်သူတွေအတွက် လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်ဆည်းနိုင်ရုံမက စီးပွားလာဘ်လာဘ တိုးတက်စေမှာပါ။
ဒီနည်းလမ်းတွေဟာ အပန်းမကြီးတာကြောင့် သင့်အိမ်မှာ ဒီအဆောင်ပစ္စည်းလေးတွေကို ဆောင်ထားမယ်ဆိုရင်တော့ စီးပွားလာဘ်လာဘ တိုးတက်လာတာကို လက်တွေ့မြင်တွေ့ရမှာပါ။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Uchida
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ