By ဖုန်းရွှေ (ဟိန်းလတ်), Shweproperty.com
Updated at 26 February 2019
မိမိနေထိုင်တဲ့ အိမ်ရဲ့ တည်နေရာ ၊မျက်နှာမူတဲ့အရပ်မျက်နှာပေါ်မူတည်ပြီး ဘယ်လိုဆိုးကျိုးတွေရှိသလဲ?ပြီးတော့ရော ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ?သင်စဉ်းစားဖူးပါသလား?
ရှောင်ရှားသင့်တဲ့ အိမ်တွေကို ရှောင်ရှားပြီး ကိုယ်နေထိုင်တဲ့ အိမ်လေးကို မင်္ဂလာရှိအောင်လို့ သင့်ဘဝတစ်လျှောက်လုံးမှာ ဘယ်လိုအိမ်မျိုးနဲ့ နေသင့်လဲ။ဘယ်လိုအိမ်မျိုးကို ရှောင်ရှားသင့်သလဲဆိုတာကို သိရှိရအောင်လို့ စာလေးကို ဆက်ဖတ်လိုက်ရအောင်။
မိမိအိမ်၏နောက်ဘက်တွင်အနည်းငယ်မြင့်သောကုန်းကမူရှိပါစေ။သို့မဟုတ်သစ်ပင်အုပ်တစ်ခုခုသော်လည်းကောင်းပိုမြင့်သောအိမ်ကိုလည်းကောင်းရှိရမည်။အိမ်ရှေ့တွင်မြေကွက်လပ်လွတ်ရှိနေသောအိမ်ကိုရှာပါ။ ကစားကွင်း သော်လည်းကောင်း ကွင်းပြင်တစ်ခုခုသော်လည်းကောင်း ဖြစ်ရမည်။
ထိုအိမ်မျိုးသည် ဖုန်းရွှေအလွန်ကောင်း၏။အိမ်ပုံစံသည် ပုံမှန်ပုံစံဖြစ်ရမည် ။ ဟိုအစွန်းထွက် ဒီအစွန်းထွက်သော အိမ်ပုံစံမျိုးထက် လေးထောင့်စပ်စပ်အိမ်ပုံစံကပိုကောင်းသည်။
လမ်းဦးတိုက်ကိုမျက်နှာချင်းဆိုင်မနေရ။လမ်းတစ်ခု၏အဆုံးသည် မိမိအိမ်၏ မျက်နှာတွင်ရှိနေပါက ထိုအိမ်တွင်မနေသင့်။ ထိုအိမ်မျိုးတွင်နေသူသည် အတိုက်အခိုက်အလွန်ခံရတက်၏။ သို့သော်သင့်အိမ်ကလမ်းထက်ပိုမြင့်နေပါကပြဿနာမတက်နိုင်ပါ။အိမ်ကလမ်းထက်နိမ့်နေလျှင် ကားအန္တာရာယ်အလွန်ရှိ၏ ။
အိမ်အမြင့်နှစ်ခုကြားတွင် မိမိအိမ်ကပုပုနိမ့်နိမ့်လေးဖြစ်နေလျှင် အုတ်ကြားညပ် ဟုခေါ်ပြီး ထိုအိမ်မျိုးတွင်မနေသင့်ပါ ။ထိုအိမ်မျိုးတွင်နေထိုင်သူသည် အလုပ်ရှင်၏ဖိနှိပ်ခြင်းကိုလည်းကောင်းပြိုင်ဘက်များ၏အနိုင်အထက်ပြုမှုကိုလည်းကောင်း ခံရတက်၏ ။ကုစားရန်နည်းလမ်းကားရှိ၏ ။ အိမ်ရှေ့မျက်နှာစာတွင် မီးရောင်များများ ထွန်းပေးခြင်းပင်ဖြစ်၏။
မြောက်ဘက်အရပ်ကို မင်္ဂလာအရပ်ဖြစ်မျက်နှာမူပြီး ဆောက်ထားသောအိမ်များသည်အနီရောင်(သို့)အစိမ်းရောင်သုတ်သင့်သည်။တောင်ဘက်မျက်နှာမူသောအိမ်သည် အဖြူ(သို့)အပြာရောင်ရွေးရမည်။
အရှေ့နှင့်အနောက်တောင်မျက်နှာလှည့်ထားသောအိမ်သည် အပြာရောင်နှင့် သင့်လျော်၏။အရှေ့နှင့်အရှေ့တောင်မျက်နှာမူသော အိမ်များသည် အဖြူ(သို့) အစိမ်းရောင်နှင့်အဆင်ပြေ၏။
အနောက်(သို့)အနောက်မြောက်ဘက်လှည့်သောအိမ်များသည် အစိမ်း(သို့)အပြာရောင်နှင့်သင့်လျော်၏။အနောက်တောင်(သို့)အရှေ့မြောက်လှည့်သောအိမ်များသည် အဝါ(သို့)အနီရွေးရမည်။
Ref : ဖုန်းရွှေ (ဟိန်းလတ်)
Photo Credit : Globedottingtravel
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ