By Sint Sint, Shweproperty.com
Updated at 24 February 2020
အိမ်တစ်အိမ် တိုးတက်ကြီးပွားရခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ မိသားစုအချင်းချင်း ချစ်ခင် ညီညွတ်ကြလို့၊ တစ်ဦးအပေါ်တစ်ဦး လေးစားကြလို့၊ "ကြီးသူကို ရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကို သနား" ဆိုတဲ့ ဂုဏ်အင်တွေနဲ့ အညီကျင့်ကြံနေထိုင်ကြလို့ စတဲ့ အကြောင်းတွေပါဝင်နေပါတယ်။
ဒါ့အပြင် အိမ်ရဲ့ ကျက်သရေ မင်္ဂလာအဖြာဖြာကို တိုးတက်အောင် ပံ့ပိုးပေးမယ့် အခြားသောအရာတွေလည်းရှိနေပြန်ပါတယ်။
သစ်သား
လေးလံတဲ့ သစ်သားပရိဘောဂတွေက မိသားစုတစ်စုရဲ့ ခိုင်မြဲတဲ့အင်အား၊ ချစ်ခင်စည်းလုံးညီညွတ်မှု ကိုပြတဲ့ နိမိတ်ပုံဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရဲ့ ဧည့်ခန်းအတွင်းမှာ သစ်သားပန်းပုရုပ်(သို့) ပရိဘောဂပစ္စည်းတွေကို ထားရှိသင့်ပါတယ်။
အစိမ်းရောင်နဲ့ အနက်ရောင်ပါသော ပစ္စည်းများ
အစိမ်းရောင်က စိုပြေစိမ်းလန်းတဲ့ သစ်သားရဲ့ နိမိတ်ဖြစ်ပြီး အနက်ကတော့ ရေရဲ့ နိမိတ်ဖြစ်ပါတယ်။ ဒါကြောင့် အိမ်အတွင်းမှာ အစိမ်းရောင်နဲ့ အနက်ရောင်ပါတဲ့ ပရိဘောဂတွေ၊ ခန်းဆီးတွေ၊ လိုက်ကာတွေ ကို အဓိကသုံးပြီးတော့ အိမ်ရဲ့ တိုးတက်စည်ပင်ကြီးပွားခြင်းကို နိမိတ်ကို ဖော်ဆောင်သင့်ပါတယ်။
အတိတ်နိမိတ်ကောင်းသော ရုပ်ပုံများချိတ်ဆွဲခြင်း
ရေတံခွန်၊ ဝါးပင်၊ ကူးခတ်နေတဲ့ ရွှေငါးရုပ်ပုံတွေ၊ ရတနာလက်ဝတ်လက်စားတွေပါဝင်တဲ့ ကျောက်စီပန်းချီတွေ၊ ပန်းချီကားတွေ၊ ပိုစတာတွေ ချိတ်ဆွဲခြင်းကလည်း အိမ်ရဲ့ စီးပွားရေးတိုးတက်ဖို့ အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေကြောင်း သိရပါတယ်။
အပင်ငယ်လေးများ
အိမ်တွင်းမှာ ဘွန်ဆိုင်းပင်လိုမျိုး အိမ်တွင်းအလှစိုက်တဲ့ အပင်လေးတွေ၊ ပန်းပင်လေးတွေကို အလှထားရှိခြင်းကလည်း မိသားစုရဲ့ စိတ်ကျန်းမာရေးအခြေနေတိုးတက်ကောင်းမွန်ခြင်း၊ ချစ်ခင်စည်းလုံးညီညွတ်ခြင်းတွေကို ရရှိစေတဲ့ နိမိတ်ကို ဖော်ဆောင်နေတာကြောင့် ထားရှိဖို့ အကြံပြုပါရစေ ခင်ဗျာ။
Ref : Union House Myanmar
Photo Credit : Booking
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ