By Social Media, Shweproperty.com
Updated at 11 February 2020
အိမ်သာတံခါးက တခြားတံခါးတွေနဲ့ တန်းမနေစေရဘူး။ဖုန်းရွှေပညာမှာ 'မှန်' ဟာအစွမ်းထက်တဲ့ ယတြာပစ္စည်းတစ်မျိုးပဲ။ 'မှန်' ချပ်တွေကို အိမ်တွင်းမှာ နေရာမှန်မှန်ချိတ်ဆွဲထားနိုင်ရင် အိမ်တွင်းမှာ ကောင်းတဲ့ကမ္ဘာမြေပြင်ချီ ဓါတ်တွေ ပျံနှံနေလိမ့်မယ်။
အိမ်တစ်အိမ်မှာ 'မှန်' ချပ်တွေကို နေရာမှန်မှန်ချိတ်ဆွဲပြီး ယင်၊ ယန် အချိုးမျှတအောင် ကစားယူလို့ရတယ်။ကုမ္ပဏီရုံးခန်းကြီးတွေမှာ၊ ဆိုဒ်ကြီးတွေမှာလည်း 'မှန်' ကိုရမ်းပြီး မချိတ်ရဘူး။ ဖုန်းရွှေပညာနဲ့ တွက်ဆပြီးမှ ချိတ်ရမယ်။
ကုမ္မဏီရုံးခန်းကြီးတွေ၊ စတိုးဆိုင်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာ 'မှန်'ကိုဘယ်လိုချိတ်ရမယ်။ ဘယ်နေရာမှာ ချိတ်ရမယ်ဆိုတာကို နောက်မှပြောပြတော့မယ်။ခုတော့... အိမ်တစ်အိမ်မှာ ဘယ်နားမှာ 'မှန်'ချိတ်ရမယ်။ ဘယ်နားမှာ 'မှန်'မချိတ်ရဘူးဆိုတာကိုပြောပြပါမယ်။
မှန်' ရဲ့အစွမ်းသတ္တိဟာ မကောင်းတဲ့အငွေ့အသက်တွေ၊ စွမ်းအင်တွေကို အလင်းပြန်သလို ပြန်ထွက်သွားနိုင်အောင် ပြုလုပ်နိုင်တယ်။ '
မှန်' တစ်ချပ်ကိုမီးခံသေတ္တာရှေ့မှာရှိတဲ့ နံရံမှာ ချိတ်ထားသင့်တယ်။ ဒါ ဖုန်းရွှေ ပညာရဲ့ အဆိုပဲ။
'မှန်' မှာအရိပ်ထင်ပြီး မီးခံသေတ္တာထဲက ဥစ္စာပစ္စည်းတွေ နှစ်ဆတိုးပွားတယ်လို့ ဖုန်းရွှေပညာကဆိုထားတယ်။ အယူတော်မင်္ဂလာနိမိတ်ယူ နည်းနဲ့လည်း တူပါတယ်။ မြန်မာဆန်းဗေဒင်ပညာနဲ့ ပြောရင်လည်း ဆန်းဝင်တယ်လို့ပြောလို့ရပါတယ်။
အိမ်တစ်အိမ်မှာ အသုံးမပြုတော့တဲ့ တံခါးတွေရှိရင်... အဲ့ဒီတံခါးပေါ်မှာ 'မှန်'ချိတ်ထားပါ။
'မှန်' ကိုကုတင်ခေါင်းရင်း၊ ကုတင်ခြေရင်းမှာ မထားရဘူး။
ကုတင်အရိပ်မထင်တဲ့နေရာမှာ 'မှန်' ကိုထားရမယ်။ ယင်၊ ယန် နဲ့ ချီအကြောင်းကို သေသေချာချာသိထားရင် 'မှန်'ကို ဘယ်လိုအသုံးပြု ပြီး ဖုန်းရွှေကောင်းအောင်လုပ်နိုင်လိမ့်မယ်။
အိမ်တွင်းမှာဆိုရင် ဖုန်းရွှေကောင်းအောင်ပြု ပြင်နိုင်တာက 'မှန်'။ အိမ်ပြင်ပ၊ အိမ်အနီးဝန်းကျင်မှာ ဖုန်းရွှေကောင်းအောင်ပြု ပြင်နိုင်တာက 'သစ်ပင်' ။
Ref : Social Media
Photo Credit : Ultimatehomeideas
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ