By Shwe La Young, Shweproperty.com
Updated at 31 January 2019
အိမ်တစ်အိမ်မှာ စီးပွားပျက် လူသေတဲ့အထိ ဒုက္ခပေးတဲ့ သစ်ဆက်နည်းအကြောင်း နဲ့ အခြားအိမ်ဆောက်နည်းများ
အိမ်တအိမ်မှာ စီးပွားပျက်ပြီး လူသေတဲ့အထိ ဒုက္ခပေးတဲ့ ပင်လယ်ကူးသစ် လို့ခေါ်တဲ့ အကြောင်း အဲ့ဒါ အိမ်တစ်အိမ်မှာ ပင်လယ်ကူးလို့ခေါ်တယ်…
အလွန် ခိုက်ပါတယ်.. အိုက်အိမ်မှာ နေသူများ စီးပွားမဖြစ်တတ်ဘူး။ လူသေသည် အထိအောင် ဒုက္ခ ပေးတတ်ပါတယ်။ အဲ့ဒီ သစ် ကို ဆက်တဲ့နေရာဟာ တိုင်ရှိရင် ဆက်လို့ ရပါတယ်။ တိုင်မရှိပဲ ဆက်ထားရင်တော့ ကျိမ်းသေ ပင်လယ်ကူးအိမ် လို့ခေါ်ပါတယ်။ ရှိနေခဲ့ရင် ချက်ချင်းသာ ပြင်ဖို့လုပ်ပါလေ။
နောက်.. အိမ် ပုခက်လွှဲဆိုတာ ရှိသေးတယ် ခေါင်းရင်း အိမ်နဲ့ ခြေရင်းအိမ် ဟာ အမြင့် တူနေပြီး အလယ်အိမ်က ပုနေရင် အိမ် ပုခက်လွှဲပါ.. ဒီလိုအိမ်မျိုး လည်းပဲ..ခိုက်ပါတယ်။ မနေသင့်တဲ့ အိမ်မျိုးပါ။ ဗဟုသုတအနေနဲ့ ပြောပြတာပါ။
နောက်ပြီး ခေါင်းရင်းက ငယ်သူ ခြေရင်းက ကြီးသူနေတဲ့ အိမ်ကြား သွားနေမိရင် ရှိတာကုန်ဖို့သာပြင်ထား။ ကျွန်ပ်ကိုယ်တိုင် ခံခဲ့ရဖူးလို့ အိမ်ထောင်ကျကာစက အိမ်တစ်လုံး ဝယ်လို့ရတဲ့ အခြေနေမျိုးမှာ ရှိတာ အကုန် ကုန်ဖူးပါတယ်။
နောက်ပြီး လမ်းထောင့်စွန်းက အိမ်သစ်ဆောက်ရင် အိမ်ရှေ့မျက်နှာစာမှာ သစ်သုံးတဲ့ အခါ အဟောင်း တစ်ချောင်း ထည့်သုံးသင့်ပြီး လမ်းအလယ်က အိမ်ဟောင်း ပြင်ရင် မျက်နှာစာမှာ အသစ် တစ်ချောင်း ထည့်ပြီး သုံးရတယ် ဆိုတာကော..သင်သိပါသလား။
Ref & Photo Credit : Shwe La Young
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ