By Sint Sint, Shweproperty.com
Updated at 25 August 2020
ဖုန်းရွှေ ဆိုတာကတော့ နေအိမ်မှာသာယာပြီးလာဘ်လာဘပေါများစေဖို့ အိမ်တွင်းကို ဆင်ယင်တတ်ကြတဲ့နည်းပဲဖြစ်ပါတယ်။ ယခုဆိုရင်တော့ ကမ္ဘာ့နိုင်ငံများမှာ အများဆုံးလက်ခံကျင့်သုံးနေတဲ့ နည်းလည်းဖြစ်ပါတယ်။ ဖုန်းရွှေပညာဟာ မီးဓါတ်၊ ရေဓါတ်၊ လေဓါတ်၊ မြေဓါတ်စတဲ့ ဓါတ်ကြီးလေးပါးကို မျှတအောင် အခြေခံပြီး အများကြီးနက်နဲတဲ့အတွက် အခြေခံအနေနဲ့ မိမိနေအိမ်ကို ဘယ်လိုထားသင့်လဲဆိုတဲ့ အခြေခံ (၄) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
တံခါးမကြီး
တံခါးမကြီးဟာ ကောင်းတဲ့စွမ်းအင်တွေဝင်ဖို့ အိမ်ရဲ့ပင်မဝင်ပေါက်ဖြစ်တဲ့အတွက် ခိုင်ခံ့ပြီး သံချေးတက်နေတာ ကျိုးပျက်နေတာတွေမရှိရပါဘူး။ တံခါးမကြီးဟာ အိမ်နောက်ဖေးတံခါးနဲ့တည့်မနေရပါ။
မီးဖိုချောင်
မီးဖိုချောင်ဟာ အိမ်တစ်အိမ်လုံးကို အာဟာရပေးမယ့်စားဖွယ်တွေချက်ပြုတ်တဲ့နေရာဖြစ်တဲ့အတွက် ရှင်းလင်းနေရပါမယ်။ အိမ်ရှေ့ခန်း၊အိမ်ရှေ့တံခါးနဲ့ ကပ်မနေသင့်ပါ။
အိပ်ခန်း
မာစတာအိပ်ခန်းတွေဟာ တစ်နေကုန်ပင်ပန်းထားသမျှ ညကျကောင်းမွန်စွာအိပ်စက်ပြီး အားအင်ဖြည့်တင်းဖို့ အနားယူတဲ့နေရာဖြစ်တဲ့အတွက် အိပ်ခန်းထဲမှာ တီဗွီ၊အားကစားပစ္စည်းစတဲ့အရာတွေ မထားသင့်ပါဘူး။ ဒါ့အပြင်မိမိရဲ့ ဓါတ်နဲ့ကိုက်ညီတဲ့အရောင်ရှိတဲ့ ပစ္စည်းတွေနဲ့အလှဆင်သင့်ပါတယ် (ဥပမာ-ရေဓါတ်ဆိုရင် အပြာရောင်ပစ္စည်းတွေသုံးတာမျိုးပါ)။ အိပ်ခန်းတွင်းမှာ အလင်းရောင်ကောင်းစွာရရပါမယ်။
ရေချိုးခန်း
ဖုန်းရွှေနည်းအရ ရေချိုးခန်းဟာ အနံ့ဆိုးကင်းစင်ပြီး ရှင်းသန့်နေမှ သာယာတဲ့ဓါတ်တွေရှိမယ်လို့ဆိုပါတယ်။ ဒါကြောင့် သန့်စင်ခန်းကို မွှေးပျံ့အောင်ထားတာ ပန်းအိုးတွေနဲ့ အလှဆင်တာတွေ ပြုလုပ်ကြပါတယ်။ နောက်ပြီး အိမ်ရှေ့တံခါးမကြီးနဲ့ သန့်စင်ခန်းဟာ တည့်မနေရပါဘူး။
ဒီလောက်ဆိုရင် ကောင်းမွန်တဲ့စွမ်းအင်တွေ တိုးပွားဖို့အိမ်ကို ဘယ်လိုဆင်ယင်သင့်လဲဆိုတာ အကြမ်းဖျဉ်းသိနိုင်ပါပြီ။
Credit : Brilliance Mansion
Photo Credit : bproperty
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ