By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 28 August 2019
လယ်ယာမြေပေါ်မှာ အိမ်ရောက်ပြီး နေထိုင်ခွင့် မရှိုပါ။
နေထိုင်ခွင့် ရအောင်ဘယ်လိုလုပ်မလဲ? စပါးသီးနှံတွေကိုပဲ စိုက်ပျိုးတဲ့ လယ်မြေ ဆိုရင် လယ်ယာမြေ ဥပဒေပုဒ်မ ၃ဝ (က) အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်န ယ်လ ယ် ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ စိစစ် ထောက်ခံချက်နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံကို တင်ပြပြီး ခွင့်ပြုချက် ရယူရမှာဖြစ်ပါတယ်။ ပုံစံ ၃၀(က) နဲ့ ၃၀(ခ)
ပုံစံ ၃ဝ(ခ) ဆိုတာက စပါးသီးနှံ တစ်မျိုးကိုပဲ စိုက်ပျိုးတဲ့ လယ်မြေ မဟုတ်ဘဲ ကျန်လယ်ယာမြေတွေကို အခြားနည်း အသုံးပြုဖို့ လျှော က်ထားရာမှာ ပုံစံ ၃ဝ (ခ) အရ လျှောက်ထားရပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည် နယ် အစိုးရအဖွဲ့ထံ တင်ပြပြီး ခွင့်ပြုချက်ရယူရမှာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပေးတဲ့ အခြားနည်း အသုံးပြုခွင့် လက်မှတ်ကို ပုံ ၃၀(က) ပုံစံ ၃ဝ (က) အရ စပါးသီးနှံ စိုက်ပျိုးတဲ့ လယ်မြေပေါ်မှာ အခြားနည်းအသုံးပြုခွင့် လက်မှတ်ကို ပုံစံ ၁၅ (က)လို့ ခေါ်ကြပြီး ကျန်လယ် မြေပေါ်မှာ အခြားနည်း အသုံးပြုခွင့် လက်မှတ်ကို ပုံစံ ၁၅ (ခ) လို့ ခေါ်ကြပါတယ်။ ပုံစံ ၁၅(က)၊ ပုံစံ ၁၅(ခ) ဖြစ်တဲ့ အခြားနည်းအသုံးပြုခွင့် လက်မှတ်ရရင် လယ်မြေပေါ်မှာ အိမ်ဆောက်နေထိုင်နိုင်ပါပြီ။ ဒါ့ကြောင့် လယ်ယာမြေပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်မယ် ဆိုရင် ဒီအဆင့်တွေ လုပ်ဖို့လိုပါတယ်။
Written By : Shwe Kyaw (ShweProperty.com) Photo Credit : Midlandira Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ