By Fbatinsone, Shweproperty.com
Updated at 28 March 2020
(၁) ဘုရားပန်း မနွမ်းပါစေနဲ့၊ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့၊သောက်တော်ရေကို သတိရတိုင်းကပ်ပါ။
(၂)ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများမြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ။
(၃)အလွန် ကံညံ့ လာဘ်ပိတ်နေလျှင်ညသန်းခေါင် ပရိတ်ရွတ်ပါ၊ည (၁၂) နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်စေပါတယ်။
(၄)အိမ်မှာ အဟောင်း အစုတ်တွေ မထားပါနဲ့ အချို့အိမ်တွေမှာ နှမြောပြီးထားတတ်ကြတာတွေ ရှိပါတယ်၊ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားအစုတ်တွေဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ တကယ်လိုအပ်တာတွေသာ အဓိက ထားပါ။
(၅)အိမ်ကို တံမြက်စည်းလှည်းလျှင် နံနက်လှည်းလျှင် အိမ်ရှေ့မှ အိမ်နောက်သို့လှည်းပါ၊ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ။
(၆) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ၊မကုန်မီ ကြိုတင်၍ ဝယ်ပါ။
(၇) အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ လှေကားများ ကျိုးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်….။
Ref : Fbatinsone
Photo Credit : Newhomedesigns
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ