By Kumudra, Shweproperty.com
Updated at 15 August 2018
ဝယ်သူတွေအနေနဲ့လည်း အိမ်သစ်ဝယ်ရင် စိတ်တိုင်းကျ ပြုပြင်လိုတဲ့ ခံစားချက်တွေ ရှိပါတယ်။ အိမ်ပိုင်ရှင်တွေအနေနဲ့ အိမ်အပြင်အဆင်တွေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်သင့်၊မပြုသင့်အချက်တွေကိုသိထားသင့်တဲ့ အချက်တွေရှိကြောင်း သိရပါတယ်။
အိမ်ပိုင်ရှင်အများစုက မိမိနေအိမ်ကို ကိုယ်ပိုင်ခံစားချက်တွေနဲ့ ကိုက်ညီအောင် အချိန်ပေးပြီး တီထွင်မှု ဆန်းသစ်တဲ့ဒီဇိုင်းတွေ ပြင်ဆင်ကြပါတယ်။ပြန်ရောင်းချမယ့် အိမ်တွေကို စိတ်တိုင်းကျ ပြင်ဆင်တာ က ကုန်ကျစရိတ်ပါ များသွားပြီးတော့ ပြန်ဝယ်မယ့်သူအတွက်လည်း အကြိုက်မတွေ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝယ်သူတွေအတွက်လည်း သူတို့နေထိုင်တဲ့အခါ သဟဇာတဖြစ်စေမယ့် အိမ်ပုံစံတွေကို ပြောင်းလဲချင်မှာဖြစ်ပြီး ပြုပြင်ရာမှာ သတိထားသင့်ပါတယ်လို့ ဆိုင်ရာလုပ်ငန်းရှင်က သိရပါတယ်။
အလွန်အကြူးမပြင်ပါနဲ့
အိမ်ခန်းကို ဈေးတင်ရောင်းလိုတဲ့အခါ အိမ်တွေကို အလွန်အကြူး ပြင်ဆင်ကြတာရှိတယ်။ ဒါပေမဲ့ ဝယ်သူတွေအနေနဲ့လည်း အိမ်သစ်ဝယ်ရင် စိတ်တိုင်းကျပြု ပြင်လိုတဲ့ ခံစားချက်တွေ ရှိပါတယ်။ဒါ့အပြင် ပြန်ရောင်းမယ်ဆိုတဲ့အခါ နံရံကပ် ပိုစတာတွေ၊ အလွန်အမင်း ခြယ်မှုန်းထားတဲ့ ရေချိုးခန်း နံရံကြွေပြားတွေနဲ့ ပုံမှန် မဟုတ်တဲ့ အိမ်တွင်း အပြင်အဆင်တွေကို ဖြုတ်သိမ်းသင့်ပါတယ်။
ခြံဝင်းတွေကို မမေ့ပါနဲ့
အိမ်ရှင်တွေဟာ အိမ်ခြံဝင်းကို ပြုပြင် ထိန်းသိမ်းဖို့ မေ့လျော့တတ်ပါတယ်။ ဒါကြောင့် ခြံဝင်းတွေဟာ ခြောက်ကပ်နေ ပြီဆိုရင် သာယာအောင် လုပ်ပေးသင့်ပါတယ်။
ဝယ်သူတွေနေရာက တွေးပါ
နှစ်ကာလရှည် အိမ်မှာ နေထိုင်ပြီးပုံမှန် ပြုပြင်ထိန်းသိမ်းမှုတွေ မပြုလုပ်ခြင်းဟာ ရောင်းဖို့ ပြင်ဆင်တဲ့ခါ ကုန်ကျစရိတ်များပါတယ်။ဒါကြောင့် အိမ်တွေကို အိမ်တွင်း လေအေး၊ လေသန့်စနစ်၊ ရေပိုက်စနစ်နဲ့ အမိုးနဲ့ ရေတံလျောက် သန့်ရှင်းရေးတွေကို ပြုလုပ်ပေးဖို့ လိုပါတယ်။ အခန်းတွေရဲ့ မီးအလင်းစနစ်တွေကို အခန်းနဲ့ ကိုက်ညီအောင် တပ်ဆင်ထားဖို့ လိုပါတယ်။
အိမ်တွင်း facilities တွေ
ဝယ်သူတွေဟာ အိမ်ဝယ်မယ်ဆိုရင် အိမ်ရဲ့ ရေပိုက်၊ အခန်းဖွဲ့စည်းမှု၊ အမိုးတွေရဲ့ အပြင်အဆင်ကို အဓိကထားကြည့်ကြပါတယ်။ဒါကြောင့် ရောင်းချသူတွေအနေနဲ့ အိမ်ရဲ့ ပင်မအချက်တွေကို ကြည့်ပြီး ဝယ်ယူတာကြောင့် တခြားအလှအပဆိုင်ရာတွေထက် ဦးစားပေးပြင်ဆင်သင့်ပါတယ်။
ဒါ့အပြင် အိမ်အတွက် လိုအပ်တဲ့ ဒီဇိုင်းတွေကို ပြန်ပေါင်းစပ်သင့်ပြီး ခေတ်စားနေတဲ့ စနစ်တွေထက် ရိုးရှင်းတဲ့ ဒီဇိုင်းတွေကသာ အရောင်းတည့်စေပါတယ်။ဒါကြောင့် ရောင်းချဖို့ စဉ်းစားတဲ့အခါ ဒီဇိုင်းတွေ အနေအထားတွေ ထည့်သွင်းစဉ်းစားပြီးမှ အပြင်အဆင်တွေကို ရွေးချယ်သင့်ပါတယ်။
အိမ်ကို အဆင့်မြှင့်တင်မှုတွေ၊ အဆောင်တိုးတွေ ဆောက်လုပ်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ သိပ်ပြီးကွဲပြားမထွက်နိုင်ဖို့ အရေးကြီးပါတယ်။ပတ်ဝန်းကျင်နဲ့ တစ်သီးတခြား ဖြစ်နေရင် ဝယ်သူတွေအနေနဲ့ အိမ်ကို လာကြည့်တဲ့ခါ အမြင်တစ်မျိုး ပြောင်းလဲစေနိုင်ပါတယ်။ဒါ့အပြင် ခြံဝင်းတွင်းမှာ ခြံဥယျာဉ်နဲ့ ဆေးရောင် အသွင်အပြင်၊ ဒီဇိုင်းမျိုးစုံ ပြင်ဆင်ထားမှုက ပတ်ဝန်းကျင်နဲ့ အချိုးမကျ ဖြစ်နေရင် ရောင်းချတဲ့ ဈေးနှုန်းကိုထိခိုက်စေတတ်ပါတယ်။
Ref : Kumudra
Photo Credit : Houseplans
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ