By မြန်မာ့ရိုးရာ ဗေဒင်ပညာရပ် (FB), Shweproperty.com
Updated at 23 July 2019
ကျွန်တော်တို့ တစ်ခါတစ်လေ ကိုယ်က ပစ္စည်းတစ်ခုကို လိုအပ်နေတယ်။ ရှာနေတယ်ဆိုကြပါစို့။ ဥပမာ အိမ်တစ် လုံး ဝယ်ဖို့ သို့မဟုတ် ငှားဖို့အတွက် လိုက်ရှာနေတယ်ဗျာ။ ကိုယ်လိုချင်တဲ့ အိမ်ကို ရှာမတွေ့ဘူး ဖြစ်နေတယ်။ ဒါဆိုရင် ဒီ ယတြာကို ဆောင်ရွက်လို့ ရတာပေါ့။ နောက် ကိုယ်က ဈေးရောင်းဖို့ ဆိုင်ခန်း တစ်ခန်းလိုက်ရှာနေ တယ်။ မရဘူးဆိုကြပါစို့။ ဒီယတြာကို လုပ်လိုက်ပါ။ အမြန်ဆန်ဆုံး ချောချောမောမော ဝင်ရောက်လာပါလိမ့် မယ်။
ဒါတွေကတော့ ဥပမာ အနေနှင့် ပြောတာပါ။ ဆိုလိုတာကတော့ ဝင်စေချင်တဲ့ ကိစ္စတွေ ရှိတဲ့အခါ ဒီယတြာကို ဆောင်ရွက်လို့ ရပါတာယ်။ အောက်မှာ တနင်္ဂနွေ အစ စနေအဆုံး (၇)နေ့နံအတွက် ပြည့်စုံအောင် ဖော်ပြပေး လိုက်ပါတယ်။ လိုရာ သုံးပေါ့နော်။ မိတ်ဆွေတို့ရဲ့ ဘဝမှာ တစ်ခုမဟုတ် တစ်ခုတော့ လိုအပ်နေမှာပဲလေ။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက်တော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားကြည့်ပေါ့။ နောက်ဆုံး အကြံအိုက် လာပြီ မရတော့ဘူးဆိုရင်တော့ ဒီယကြာနည်းလေးကိုသာ သတိတရ ဆောင်ရွက်လိုက်ပါဗျာ။
လိုနေတဲ့နံ..............လှူရန်ပန်း.......................အချိန်
တနင်္ဂနွေနံ...... ပိတောက်(သို့)ပိန္နဲ(သို့)ဗေဒါ ............... (ရး၃၀) မှ (၉း၀၀)အတွင်း။
တနင်္လာနံ....... ယင်းမာ(သို့)လက်ပံ(သို့)လက်ဖက်...... (ရး၃၀) မှ (၉း၀၀)အတွင်း။
အင်္ဂါနံ............. သရက်(သို့)သံပရာ........................... (ရး၃၀) မှ (၉း၀၀)အတွင်း။
ဗုဒ္ဓဟူးနံ.......... ကသစ်(သို့)ကြက်သွန်(သို့)ကွမ်းသီး..... (ရး၃၀) မှ (၉း၀၀)အတွင်း။
ကြာတေးနံ..... အင်ကြင်း........................................... (ရး၃၀) မှ (၉း၀၀)အတွင်း။
သောကြာနံ.... စကားဝါ (သို့) စောင်းလျား(သို့)ဇီဇဝါ...... (ရး၃၀) မှ (၉း၀၀)အတွင်း။
စနေနံ............ ဝါးရွက်................................................ (ရး၃၀) မှ (၉း၀၀)အတွင်း။
Ref & Photos Credit : မြန်မာ့ရိုးရာ ဗေဒင်ပညာရပ် (FB)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ