By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 5 July 2018
ကြွယ်ဝချမ်းသာခြင်းဆိုတာဟာ လူတိုင်းလိုလားကြတဲ့အရာ တစ်ခုပါ။ ဒါပေမဲ့ ဒီလိုကြွယ်ဝတိုးတက်ဖို့ဆိုတာက စီးပွားရှာဖွေတာ၊ ထိန်းသိမ်းစောင့်ရှောက်တာအပြင် အစီအရင်တွေ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။
အခုဖော်ပြပေးမှာကတော့ ဖုန်းရွှေပညာနည်းအရ အိမ်တစ်အိမ်မှာ လိုအပ်နေတဲ့ မကုန်သင့်တာမကုန်ရအောင်၊ စုဆောင်းနိုင်အောင် ကြီးပွားတိုးတက်စေဖို့ ချီဓာတ်တွေ ရရှိစေမယ့် အိမ်မှာ ထားသင့်တဲ့အဆောင်လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။
စီးပွား အရှာကောင်းပေမယ့် အသုံးလွန်ပြီး ပိုက်ဆံတွေ ခနခနကုန်နေတာ၊ ကိုယ်ရှာသလောက်အမြတ်မရတဲ့သူတွေအတွက်ကတော့ ဒီနည်းလမ်းတွေက အသုံးတည့်စေမှာပါ။
ခရမ်းရောင်၊ အနီရောင်၊ အစိမ်းရောင်
ခရမ်းရောင်၊ အနီရောင်၊ အစိမ်းရောင် တွေဟာ ကြွယ်ဝချမ်းသာခြင်းကိုဆောင်တဲ့ ချီဓာတ်အရောင်တွေပါ။ အိမ်ရဲ့ အရှေ့တောင်အရပ်မှာ ဒီအရောင်ရှိတဲ့ ကျောက်တွေကို ဖန်ပုလင်းနဲ့ ထည့်ပြီး အလှထားနိုင်ပါတယ်။
နံရံကပ်ပန်းချီကားများ
အိမ်မှာ နံရံကပ်ပန်းချီးကား အလှဆင်ဖို့ ရွေးချယ်တဲ့အခါမှာလည်း မြင်း(၈)ကောင် ဒုန်းစိုင်းစီးနေတဲ့ပုံ၊ ရွှေငါး(၉)ကောင် ကူးခတ်နေပုံ၊ သစ်ပင်သစ်ရွက်တွေ ဝေေ၀ဆောဆာ ပွင့်လန်းနေပုံ၊ ရေတံခွန်ပုံ၊ ရေတသွင်သွင်စီးဆင်းနေတဲ့ မြစ်ချောင်းပုံ တွေကိုလည်း ထားသင့်ပါတယ်။
ကျောက်စိမ်းသစ်ပင်
ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ သစ်ပင်လေးတွေဟာ အိမ်တစ်အိမ်ရဲ့ ကြီးပွားချမ်းသာမှုကို ပြသတဲ့ လက္ခဏာဖြစ်တဲ့အပြင် အိမ်ကိုလည်း ကျက်သရေရှိစေပါတယ်။ ကျောက်စိမ်းသစ်ပင်အပြင် အလှထားတဲ့ ရတနာသေတ္တာလေးတွေ၊ အလှထားတဲ့ ကျောက်စိမ်းပန်းချီကားချပ်လေးတွေကိုပါ ထားနိုင်ပါတယ်။
ရွှေ၊ ငွေ၊ ဒေါ်လာ
အိမ်မှာ ထားတဲ့ ရွေတုံး၊ ငွေတုံးလေးတွေကို ဖန်ပုလင်းထည့်တာ ဒါမှမဟုတ် ဒေါ်လာပိုက်ဆံတွေကို ပလပ်စတစ်လောင်းပြီး ချိတ်ဆွဲထားတာဟာ လာဘ်ခေါ်ဖို့အတွက် အကောင်းဆုံးပါ။
အရှေ့တောင်အရပ်ဟာ ကြွယ်ဝချမ်းသာခြင်းရဲ့ နိမိတ်အရပ်ဖြစ်တာကြောင့် အခုပြောခဲ့တဲ့အဆောင်တွေကို အိမ်ရဲ့ အရှေ့တောင်အရပ်မှာ ထားဖို့ကို သတိပြုပါ။ ရှေးကတည်းက အသုံးပြုပြီးအဆောင်နည်းလမ်းတွေ ဖြစ်တာကြောင့် ယုံယုံကြည်ကြည်လုပ်ဆောင်မယ်ဆိုရင် သင့်အိမ်မှာ တိုးတက်မှုကို မြင်တွေ့ရမှာပါ။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Hhomedesign
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ