By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 22 March 2019
မြန်မာတို့ဟာ ရှေးယခင်ကထဲက အိမ်ဆောက်ခြင်း၊ အိမ်ရာထူထောင်ခြင်း၊ အိမ်တက်ခြင်းတို့နဲ့ ပတ်သတ်ပြီး အယူအဆတွေ၊ ရှေးထုံးနည်းလမ်းတွေ ထားရှိခဲ့ကြပါတယ်။ ရှေးထုံးကိုမပယ်နဲ့၊ ဈေးသုံးလည်းမကြွယ်နဲ့ ဆိုတဲ့ ရှေးဆိုရိုးအတိုင်း ရှေးလူကြီးသူမတွေ ထားရှိခဲ့တဲ့ အတိတ်၊နိမိတ်များကို လိုက်နာခြင်းဖြင့် အကျိုးစီးပွားတိုးတက်လာစေမှာ အမှန်ပါ။
သတင်းတစ်ပတ်မှာ (၇)ရက်ရှိတဲ့အနက် ရက်အလိုက် ဘယ်ရက်တွေမှာ အိမ်ဆောက်ရင် ဘယ်လိုကံကောင်းခြင်းတွေ ဖြစ်ပေါ်နိုင်တယ်၊ ဘယ်ရက်တွေမှာ ဆောက်လုပ်သင့်တယ်၊ ရှောင်တာကို လိုက်နာဆောင်ရွက်နိုင်ရန် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ အိမ်စတင်ဆောက်လုပ်ပါက ဒုက္ခဆင်းရဲရောက်တတ်ပါတယ်။
တနလာၤနေ့မှ စတင်ဆောက်လုပ်ပါက နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် အကျိုးပေးမည်။
အင်္ဂါနေ့တွင် ဆောက်လုပ်ပါက ဆန်ရေစပါး ပေါများကြွယ်ဝမည်။
ဗုဒ္ဓဟူး၊စနေနေ့တွင် ဆောက်လုပ်ပါက သုခချမ်းသာကို ရရှိမည်။
ကြာသာပတေးနေ့တွင် စတင်ပါက ချမ်းသာကြွယ်ဝခြင်းကို ခံစားရမည်။
သောကြာနေ့တွင် ဆောက်လုပ်ပါက သုံးလကြာလျှင် သုခပွားမည်။
ရှေးဓလေ့ထုံးတမ်းတွေအရ ဘယ်ရက်၊အချိန်အခါက အကောင်းဆုံးဆိုတာကို သိရှိပြီဆိုရင်တော့ ကံကောင်းခြင်းတွေကို ပိုင်ဆိုင်နိုင်တော့မှာပါ။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Google
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ