By Kumudra, Shweproperty.com
Updated at 27 June 2018
အိမ်တစ်အိမ်ရဲ့ ချမ်းသာကြွယ်ဝမှုဖြစ်စေဖို့ ဖုန်ရွှေနည်းနဲ့ ဘယ်လိုဆောင်ကြဉ်းရမယ်ဆိုတာနဲက ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တချို့ ရှိပါတယ် ။
အသုံးမလိုတာ ဖယ်ရှားပါ
အိမ်နဲ့ ပတ်သက်ပြီး အသုံးမလိုတာ ၊ အမှိုက်အစအနမကျန် ၊ ဗြုတ်စဗျင်းတောင်း ဖြစ်နေတာတွေကို အားလုံးကိုခွဲခြားပြီးစွန့်ပစ်သင့်တာစွန့်ပစ်ပြီး သပ်သပ်ရပ်ရပ် ပြုပြင်ဆင်ပါတယ် ။
အိမ်အဆိပ် ဖြေပါ
အိမ်သန့်ရှင်းရေးအတွက် ဓာတုဗေဒနည်းနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ သန့်ရှင်းရေးပစ္စည်းတွေ အစား သဘာဝပစ္စည်းတွေ ပြောင်းသုံးသင့်ပါတယ်။
ပြောင်းလဲမှုက ပိုပြီး အားပြင်တဲ့ စွမ်းအင်းဓာတ်တွေက အိမ်ကိုဆောင်ကြဉ်းပေးမှာပဲ ဖြစ်ပါတယ် ။ သံပုရာသီး ၊ မုန့်ဖုတ်ဆိုဒါ ၊ ဗီနီဂါ စတာတွေကို ရောလို့ရတဲ့ အရည်လို ထိရောက်တဲ့ သဘာဝနည်းလမ်းတွေက အိမ်သန့်ရှင်းရေးအတွက် အကောင်းဆုံးဖြစ်ပါတယ် ။
သည်လိုသဘာဝနည်းလမ်းတကျ အိမ်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် အဆိပ်ကင်းဝေးပြီး အကောင်းဓာတ်တွေနဲ့ အိမ်ကို တောက်ပနေမှာပါ ။
ပြတင်းပေါက်ကို သန့်ရှင်းပါ
အိမ်တစ်အိမ်ရဲ့ ပြတင်းပေါက်သန့်ရှင်းရေးဟာလည်း အရေးကြီးပါတယ် ။ သန့်ရှင်းတဲ့ ပြတင်ပေါက်ဆိုတာ သန့်ရှင်းတဲ့စိတ်နဲ့ ဘဝကို နည်းလမ်းသစ်တွေနဲ့ ချဉ်းကပ်ဖို့ ကြည်လင်တဲ့ မျက်လုံးတွေရဲ့ သင်္ကေတဖြစ်ပါတယ်။
သစ်ပင်စိုက်ပါ
သစ်ပင်တွေဟာ အိမ်ရဲ့ လေထုကို အဆိပ်ဖြေပေးနိုင်ရုံမက အိမ်ရဲ့ လျှပ်စစ် သံလိုက်စွမ်းအင်းတွေ ကိုလျှော့ချပေးပါတယ် ။ ကျန်းမားသန်စွမ်း တဲ့ အပင်တွေဟာ သဘာဝနဲ့ ချမ်းသာကြွယ်ဝပေါလျှံမှုတို့ရဲ့ အခြေခံသင်္ကေတပဲ
ဖြစ်ပါတယ် ။
မီးဖိုချောင်းကို သုံးပါ
မီးဖိုချောင်တွေဟာ စီးပွားဥစ္စာရဲ့ ရှေးဟောင်းသင်္ကေတတစ်ခုပဲ ဖြစ်ပါတယ် ။
ကူညီပါ
ဖုန်းရွှေမှာဆိုရင် မေတ္တာ ၊ ကရုဏဟာ ချမ်းသာကြွယ်ဝမှုနဲ့ သက်ဆိုင်ပါတယ် ။ ဒါကြောင့် အိမ်နီးနားချင်းမိတ်ဆွေတွေကို ကူညီပေးပါ ။
လှိုက်လှဲစွာ ကြိုဆိုပါ
‘ အိမ်သာလို့ ဧည့်လာ ’ ဆိုတဲ့ ဆိုရင်းအတိုင်း ဖုန်းရွှေမှာလည်း အိမ်ကိုလာတဲ့ ဧည့်သည်တွေကို လတ်ဆတ်တဲ့ စွမ်းအင်းတွေပေးတာကြောင့် လှိုင်လှိုက်လှဲလှဲ ကြိုဆိုသင့်ပါတယ် ။
Ref : Kumudra
Photo Credit : Boycefamilylaw
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ