By Social Media, Shweproperty.com
Updated at 23 July 2019
အိမ်တစ်အိမ်ဆောက်ရင်အဓိက ၃ချက်ရှိတယ်။အိမ်ပနပ် ၊ အိမ်ဦးရင် ၊ တိုင်လှေကား အဲ့ဒါ အဓိကဘဲ။
မဆောက်ကောင်းသောအိမ်
- အိမ်ပျံ
- အိမ်ရင်ကွဲ
- အိမ်ပလ္လင်
- အိမ်ဖိုခနောက်
- အိမ်နွား
- အိမ်ပတ္တလား
-ကျောင်းနှင့်တူသောအိမ် မဆောက်ကောင်းပါ ။
- ရင်ကွဲအိမ် (ကွဲ...သေ)
- ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်)
- သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်)
အဲ့အိမ်တွေမှာ ထုပ်ယောက်မိုက်ဖွဲ့ပြီး ၃နဲ့စားလို့ပျက်ရင် ၃လအတွင်း လူသေဖို့ ၁၀၀%ပါ။အိမ်ပတ္တလားနဲ့ အိမ်နွားက ဆင်းရဲရုံဘဲရှိတယ် လူမခိုက်ပါ။အိမ်မှာ သစ်စုံန်းပါရင်သစ်မင်း စိုက်ထားပါ။အိမ်ထက်အိမ်သာ မကောင်းစေသင့်။အိမ်အရင် အိမ်သာမဆောက်ကောင်း ၊ခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။
အိမ်တိုင်တွေကိုကြေးပြားမှာ စည်းချဂါထာရေးပြီး အောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ်။မီးမခနိုင်ဧည့်သည်ကောင်းများလာစေတက်လောင်မီးစက်မခနိုင်မိစ္ဆာများမနေနိုင်ပါ။
အိမ်တစ်အိမ်မှာ ချမ်းသာချင်လည်း လှေကားဘဲ မွဲချင်လည်း လှေကားဘဲ။လှေကားက အဓိကပါဘဲ။အိမ်နဲ့ပတ်သတ်ပြီး သိပ္ပံခေတ်မှာ ယုံစရာမလိုဘူးဆိုလို့ မယုံကြည်ရင် အိမ်ရဲ့ဘယ်ဘက်ညာဘက် ၂ဘက်လုံး အဖီဆွဲနေလေ ။ မွဲအေးရော ။အကြားအမြင် ပြည့်ဝကြပါစေ။
လူမှန်သမျှ အိမ်နှင့်မကင်းနိုင်။ထိုအိမ်ဆောက်ရာတွင်အကျိုးအပြစ်ကို စလေဦးပုည၏ ဟောစတမ်းမှ အကျိုးများ၍ အများအကျိုးတွက်တင်ပေးပါအံ့။
- တနင်္ဂနွေနေ့ အိမ်ဆောက်လျှ င်ဥရုတိုင် အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မှာ တစ်ထွာခန့်အမျက်ရှိတတ်၏။ထိုအမျက်ကား အိမ်လူတွေကိုဒုက္ခပေးတတ်၏။ပယ်နိုင်ကပယ်လိုက် မပယ်နိုင်လျှင်ထိုဥရု
တိုင်နှင့် အရှေ့မြောက်ကတိုင်နှင့်လဲ၍စိုက်။စည်းစိမ်ဥစ္စာ တိုးပွား၏။
- တနင်္လာနေ့အိမ်ဆောက်မူ အနောက်မြောက်ယက်မအောက်တွင် အမျက်အဆွေးရှိတတ်၏။သားသမီး မြေးမြစ်သေတတ်၏။ပယ်လိုကပယ် မပယ်လိုက အရှေ့တောင်က သစ်မင်းတိုင်နှင့်လဲ၍စိုက်။ခြေလေးခြောင်းရကိန်းရှိ၏။
- အင်္ဂါနေ့ အိမ်ဆောက်မူ မြောက်အလယ်တည့်တည့် ယက်မအောက်တွင်သေချာကြည့်မှမြင်ရသော အမြံအခေါင်းရှိတတ်၏။အိမ်ရှိ တိရစ္ဆာန်သေတတ်၏။ပယ်လိုကပယ် မပယ်လိုက တောင်ဘက် စဉ်စိုက်တဲ့ တိုင်တွေထဲမှ အလည်တိုင်နှင့်လဲစိုက်။သမီးရတနာရတတ်၏။
- ဗုဒ္ဓဟူးနေ့တွင်အိမ်ဆောက်မူ အရှေ့မြောက်ထောင့်က တိုင်တွင်မြေပေါ်တစ်ထောင်လောက် အကွာအမျက်ရှိတတ်၏။ကိုယ်ချစ်ရသူသေတတ်၏။ပယ်လိုကပယ် မပယ်လိုက ဘူမိအရပ်က တိုင်နှင့်လဲစိုက်။.စုဒ်ကောင်းဝင်လတ္တံ့။
- ကြာသာပတေးနေ့တွင် အိမ်ဆောက်လျှင်အရှေ့စွန်းက တိုင်ခွတွင် အခေါင်းပါတတ်၏။ရောဂါရတတ်၏။ သောကရောက်တတ်၏။ပယ်လိုကပယ်မပယ်လိုက အလည်တိုင်နှင့်လဲစိုက် ။ဘုန်းကြီးအံ့။
-သောကြာနေ့တွင်အိမ်ဆောက်မူ အလယ်တိုင်၏ဂွအောက်တစ်ထွာလောက်တွင်အခေါင်းပါတတ်၏။ရောဂါထူပြောအံ့။ပယ်လိုကပယ်မပယ်လိုက အလည်ဂွတိုင်နှင့်လဲစိုက်။လာဒ်ရအံ့။
- စနေနေ့တွင် အိမ်ဆောက်မူ အနောက်တောင်ရှိတိုင်ထိပ်၌ စရွေးအောက်မှာ အမျက်သေးပါတတ်၏။မိန်းမ မသေ ယောကျ်ားသေတတ်၏။ပယ်လိုကပယ် မပယ်လိုက အနောက်မြောက်အရပ်ကတိုင်နှင့်လဲစိုက်။လာဒ်ကြီးရလတ္တံ့။
Ref : Social Media
Photo Credit : Southeastasiabackpacker
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ