By Myanmar Builders Guide, Shweproperty.com
Updated at 31 January 2019
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနဟာ ဆောက်လုပ်ရေး ဝန်ကြီးဌာန အောက်မှာ ရှိတဲ့ ဌာနတစ်ခု ဖြစ်ပါတယ်။ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနရဲ့ တာဝန်ဝတ္တရားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အမျိုးသား အဆင့် မြို့ပြနှင့် အိမ်ရာမူဝါဒနှင့် လမ်းညွှန်ချက်များ ရေးဆွဲ ပြဌာန်း၍ နိုင်ငံတစ်ဝှမ်း မြို့ပြ ဒေသနှင့် အိမ်ရာဖွံ့ဖြိုးရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်။
၂။ အမျိုးသား အဆင့် နယ်မြေဒေသ ဖွံ့ဖြိုးရေးစီမံကိန်း (Spatial Development Plan) နှင့် ဒေသန္တရဆိုင်ရာ နယ်မြေဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆက်နွယ်သည့် လူမှုစီးပွားရေး ဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ အခြေခံ အဆောက်အအုံ ဆိုင်ရာနှင့် မြေယာဆိုင်ရာ ဌာနအဖွဲ့အစည်းများ နှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနှင့် ပေါင်းစပ် ရေးဆွဲရန်။
၃။ နိုင်ငံတော်မှ အတည်ပြု ထားသည့် မူဝါဒများနှင့်အညီ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး နည်းဗျူဟာများ ချမှတ်၍ နိုင်ငံတစ်ဝှမ်း မြို့ပြနှင့် ဒေသစီမံကိန်းများ ၊ အိမ်ရာစီမံကိန်းများ ရေးဆွဲရန်။
၄။ ဒေသအဆင့်နှင့် ပုဂ္ဂလိက ကဏ္ဍများမှ အဆိုပြုသည့် မြို့ပြအိမ်ရာ စီမံကိန်းများ ၊ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲမှုနှင့် စီမံကိန်း အကောင်အထည် ဖော်မှုများအား မြို့ပြမူဝါဒ၊ စံချိန်စံညွှန်း များနှင့် ညီညွတ်မှု ရှိ/မရှိ ဆန်းစစ်ခြင်း၊ အကဲဖြတ်ခြင်း၊ အကြံပြုခြင်း နှင်း စည်းမျဉ်းနှင့်အညီ ကြပ်မတ် ထိန်းသိမ်းရန်။
၅။ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုမည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် လက်စွဲများပြုစု ဖြန့်ဝေရန်။
၆။ အမျိုးသား အဆင့်အိမ်ရာ ကဏ္ဍငွေကြေးစနစ် (National Housing Finance Mechanism) များအား ဆက်နွယ်သည့် အစိုးရ အဖွဲ့အစည်းများ၊ ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း စီမံဆောင်ရွက်ရန်။
၇။ အမျိုးသား အိမ်ရာ တိုးတက်ဖွံ့ဖြိုးရေး အဖွဲ့ နှင့် ချိတ်ဆက်၍ အိမ်ရာစီမံကိန်းများ အကောင် အထည်ဖော်ရန်။
၈။ ပြည်ထောင်စု အစိုးရပိုင်မြေ၊ မြို့ပြဖွံ့ဖြိုးရေး အရန်မြေ၊ ပြည်သူ့အိမ်ရာနှင့် အဆောက်အဦ များအား မြို့ပြ ဖွံ့ဖြိုးရေးနှင့် ညီညွတ်စေရန် စီမံခန့်ခွဲ ကြပ်မတ် ထိန်းသိမ်းရန်။
၉။ နိုင်ငံတစ်ဝှမ်း အကောင်အထည် ဖော်ဆောင်ရွက်သော မြို့ပြဖွံ့ဖြိုးမှု အိမ်ရာစီမံကိန်းများ ရေရရှိရေးနှင့် သန့်ရှင်းရေး (Water Supply and Sanitation) ဆိုင်ရာ လုပ်ငန်းစီမံကိန်း များနှင့် စပ်လျဉ်း၍ ဆက်နွယ် သည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ နှင့်ပေါင်းစပ် ဆောင်ရွက်ခြင်း၊ နည်းပညာ အကူအညီများ ပူးပေါင်းဆောင်ရွက်ရန်။
၁၀။ လွှတ်တော်၊ အိမ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ နေအိမ် ကြပ်မတ် ထိန်းသိမ်းရန်၊ စရိတ်နှင့် အဆောင်အယောင် ကိစ္စရပ်များ စီမံဆောင်ရွက်ပေးရန်။
၁၁။ မြို့ပြ အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုင်ရာ အစီအမံများ (Urban Heritage conservation Management Plan) ပူးပေါင်း ဆောင်ရွက်ရန်။
၁၂။ မြို့ပြနှင့် အိမ်ရာကဏ္ဍ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) အတွက် ဆက်နွယ်သည့် အစိုးရမဟုတ်သော ပညာရှင်၊ စီးပွားရေးနှင့် လူမှုရေးစသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်။
၁၃။ မြို့ပြနှင့် အိမ်ရာကဏ္ဍဆိုုင်ရာ သုတေသန လုပ်ငန်းများနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်။
၁၄။ မြို့ပြနှင့် အိမ်ရာကဏ္ဍ ဆိုင်ရာ နိုင်ငံတကာ နည်းပညာ နှင့် ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်။
၁၅။ မြို့ပြနှင့် အိမ်ရာကဏ္ဍ ဆိုင်ရာ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများအား ဆန်းစစ်ခြင်း၊ အကြံပြုခြင်း၊ အကောင်အထည် ဖော်မှုအား ကြပ်မတ် ထိန်းသိမ်းရန်။
၁၆။ နိုင်ငံသားများ သင့်လျော် ကောင်းမွန်သော အိမ်ရာများတွင် ဝယ်ယူနေထိုင် နိုင်ရေးအတွက် အစီအမံများကို ရေးဆွဲဆောင်ရွက်ရန်။
၁၇။ ပြည်ထောင်စု အစိုးရမှ သီးခြားတာဝန် ပေးအပ်သည့် လုပ်ငန်းရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် တို့ပဲ ဖြစ်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ