By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 28 May 2018
ယနေ့ခေတ်မှာ အင်တာနက်မှသော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း အိမ်ရောင်းဝယ်မှုများကို ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။ ပွဲစားမှတဆင့် ကြားခံကာ အိမ်အရောင်း၊အဝယ်၊အငှား တို့ပြုလုပ်နေကြဆဲဖြစ်တာကြောင့် မသေချာတဲ့ ပွဲစားခများစွာကျသင့်ခြင်း၊ အိမ်ရဲ့ကာလတန်ဖိုးအမှန်ကို မသိရှိရခြင်း ၊ယုံကြည်စိတ်ချမှုမရှိခြင်းတို့ကြောင့် ရောင်းသူဝယ်သူနှစ်ဖက်ကြား အဆင်မပြေမှု၊အခက်အခဲများစွာကို ကြုံတွေ့နေရပါသည်။
အိမ်ရာအရောင်းပြပွဲတွေကနေ အိမ်ဝယ်ယူခြင်းဖြင့် အချိန်ကုန်၊လူပင်ပန်း၊စိတ်ပင်ပန်း တစ်အိမ်တက်တစ်အိမ်ဆင်း အိမ်လိုက်ကြည့်ရတဲ့ ဒုကကနေ ကင်းဝေးစေမှာပါ။ ပြပွဲတစ်ခုတည်းကို သွားရောက်အချိန်ပေးလေ့လာလိုက်ရုံဖြင့် မိမိတို့လိုချင်တဲ့ မြို့နယ်အစုံက တိုက်ခန်းတွေကို တိကျစွာသတ်မှတ်ထားတဲ့ ကာလပေါ်တန်ဖိုးအတိုင်း ရရှိနိုင်ပါတယ်။ မိမိတို့ ခန်မှန်းသတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း တစ်နေရာတည်းမှာတင် ဆောက်လုပ်ရေးလုပ်ငန်းမျိုးစုံ၊ အိမ်ရာပရောဂျက်များစွာကို စိတ်တိုင်းကျလေ့လာဝယ်ယူနိုင်ခြင်းဟာ အဓိကအားသာချက်တစ်ချက်ပဲ ဖြစ်ပါတယ်။
လစဉ်ပုံမှန်ဝင်ငွေရှိသူများ ဒါမှမဟုပ် အိမ်ဝယ်ယူချင်သော်လည်း မိမိတို့ခန်မှန်းထားတဲ့ ဈေးအတိုင်း ငွေကြေးမလုံလောက်သေးသူများအတွက် ငွေအကြေချေစရာမလိုအပ်ဘဲ ဘဏ်နှင့်ချိတ်ဆက်ပြီး အရစ်ကျပုံစံမျိုးစုံဖြင့် ဝယ်ယူနိုင်အောင် အိမ်ရာအရောင်းပြပွဲများတွင် စီမံထားတာကြောင့် ဝယ်ယူသူများအတွက် မိမိဝင်ငွေဖြင့် ချင့်ချိန်ပြီး အိမ်တစ်လုံးကို အလွယ်တကူပိုင်ဆိုင်နိုင်တာကတော့ အိမ်ရာအရောင်းပြပွဲ တွေမှာဘဲ ရရှိနိုင်မည့် အားသာချက်ဘဲဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူရတာကြောင့် တဆင့်ပွဲစားမလိုတော့တဲ့အပြင် ယုံကြည်စိတ်ချရတဲ့ မြေပိုင်ဆိုင်မှု၊အခန်းပိုင်ဆိုင်မှုများကိုပါ ရရှိမှာဖြစ်ပါတယ်၊ ဒါ့ကြောင့် သားစဉ်မြေးဆက် ခိုင်မာစိတ်ချပြီး အရှုပ်အ၇ှင်း ကင်းဝေးစေမှာပါ။လုံခြုံစိတ်ချစွာဖြင့် အဆင့်မီတိုက်ခန်းအသစ်မှာ နေထိုင်နိုင်မှာ ဖြစ်တဲ့အတွက် သူများဆောက်ပြီးသားအိမ်ကိုလည်း ထပ်မံ ပြုပြင်စရာမလိုတော့ပါဘူး။
အိမ်ရာအရောင်းပြပွဲတွေကနေ မိမိတို့ဝယ်ယူပြီးတဲ့ အိမ်ကိုလည်း Fully furnished (ပရိဘောဂအစုံ ထည့်သွင်းပေးခြင်း)၊ မီးဖိုချောင်ကြွေပြားအခမဲ့ခင်းကျင်းပေးခြင်း၊ ဧည့်ခန်းအလှဆင်ပေးခြင်း ၊ ပါကေးခင်းပေးခြင်းစတဲ့ အထူးအစီအစဉ်တွေ ကံထူးနိုင်ဖို့လည်း စီစဉ်ပေးထားတာကြောင့် ပိုက်ဆံမကုန်ဘဲအိမ်ကိုတခါတည်းအလှဆင်နိုင်မှာ ဖြစ်ပါတယ်။
အိမ်ရာအရောင်းပြပွဲကနေတဆင့် တိုက်ခန်းအိမ်ရာများဝယ်ယူခြင်းဖြင့် ယုံကြည်စိတ်ချမှုကို အပြည့်အဝရရှိနိုင်မှာဖြစ်ပြီး ကိုယ်လိုချင်တဲ့ ဈေးနှုန်း၊ မြို့နယ်တည်နေရာအတိုင်း တစ်နေရာတည်းမှာတင် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ