By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 14 June 2018
ရန်ကုန်မြို့မှာ အိမ်ရာအရောင်းပြပွဲများကျင်းပနေသည်မှာ မြိုင်ဆိုင်လှသည်။ အိမ်ရာအရောင်းပြပွဲများနှင့်အတူ အိမ်ရာပိုင်ဆိုင်ဖို့ကြိုးစားနေသူကြား အိမ်ရာချေးငွေရယူရေးသည်လည်း တစ်ခေတ်ဆန်းသစ်လာချေပြီဖြစ်သည်။
အိမ်ရာပိုင်ဆိုင်ရန် ကြိုးစားနေသည့် လခစားဝန်ထမ်းများ၊ ပင်စင်စားများအဖို့ အိမ်ရာချေးငွေစနစ်သည် အိမ်ရာပိုင်ဆိုင်ရန်နီးစပ်သော အခွင့်အလမ်းတစ်ခုဖြစ်သည်။
အိမ်ရာချေးငွေရယူရာတွင် အချက်အလက်များကို တိတိကျကျသိရန်လည်းလိုအပ်ပေသည်။ ယင်းအချက်အလက်များကို တိတိကျကျသိမှသာ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့မည်ဖြစ်သည်။
အိမ်ရာခြေငွေရယူလျှောက်ထားသူများထဲတွင် ကုမ္ပဏီဝန်ထမ်းများ ၊ ဈေးဆိုင်၊ ဆိုင်ခန်း လုပ်ကိုင်သူများ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ စသည်ဖြင့် အမျိုးမျိုးရှိသည်။ သို့သော် အိမ်ရာချေးငွေလျှောက်ထားရာတွင် စာရွက်စာတမ်းလိုအပ်ချက်များက မတူညီပါ။ ကွဲပြားခြားနားမှု အမျိုးမျိုးရှိသည်။ ထိုကွဲပြားခြားနားချက်များထဲမှ ကုုမ္ပဏီဝန်ထမ်း သို့မဟုတ် အစိုးရဝန်ထမ်းဖြစ်ပါက
၁။ အိမ်ရာချေးငွေလျှောက်လွှာ (Mortgage Loan Application Form)
၂။ တိုက်ခန်း၊ ကွန်ဒိုရောင်းချသူထံမှ ရရှိလာသည့် တိုက်ခန်းအခြေအနေ၊ ဈေးနှုန်းစသည်တို့ဖော်ပြထားသည့်ပြေစာ (Invoice)
၃။ သက်ဆိုင်ရာ ကုမ္ပဏီ၏ Hr ထောက်ခံစာ သို့မဟုတ် အစိုးရဌာန၏ ထောာက်ခံစာ သို့မဟုတ် ဝန်ထမ်းခန့်စာ (ရာထူး၊လုပ်သက်၊လစာ)
၄။ လစာပြေစာ (၃-၆) လစာ
၅။ (၆)လအတွင်း ဘဏ်စာရင်းရှင်းတမ်း(Bank Statement)
၆။ သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း) မိတ္တူ၊ မှတ်ပုံတင်မိတ္တူ
၇။ ရပ်ကွက်ထောက်ခံစာ နှင့် ရဲစာခန်းထောက်ခံစာ (မူရင်း)
၈။ အာမခံပေးသူ၏ မှတ်ပုံတင် မိတ္တူ ၊ မူရင်း
၉။ အာမခံပေးသူ၏ ဝင်ငွေနှင့် ပတ်သက်သောအထောက်အထား စသည့် ရှောက်ထားရာတွင်လိုအပ်သော အချက်အလက်များ သိရှိထားမှ အိမ်ရာချေးငွေလျှောက်ထားရာတွင် အချိန်ကုန်သက်သာစေပြီး ၊ လွယ်ကူလျင်မြန်မည်ဖြစ်သည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Bajajfinserv
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ