By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 23 April 2018
ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိန်းရေး ဥပဒေ အခန်း(၃)ပုဒ်မ ၎
ပုဒ်မ ၂ ။ ပုဒ်မခွဲ(က) အရ
(က) စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်း၊ ဇရပ်၊ သိမ် အပါအဝင် သာသနိက ဆိုင်ရာ အဆောက်အအုံများ၊ ယုံကြည် ကိုးကွယ်မှုဆိုင်ရာ အဆောက်အအုံများ၊ အုတ်ကုန်းများ၊ ပြိုကျပျက်စီးသွားပြီးဖြစ်သည့် အပျက်အစီးများ၊
(ခ) ရှေးမြို့ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မြေကတုတ်၊ တံခါး၊ မုခ်ဝ၊ မြို့ဝင်ပေါက်၊ ခံတပ်များ၊ လူနေအဆောက်အအုံများ၊ လူနေရာဌာန၊ ဥယျာဉ်၊ အလုပ်လုပ်ရာဌာနနှင့် ရှေးဟောင်း လူများနေထိုင်ခဲ့သည့် ကုန်းဟောင်းများ၊ ယင်းတို့၏အကြွင်းအကျန်များ၊
(ဂ) သဘာဝအလျောက် တည်ရှိသည့် သို့မဟုတ် လူတို့ဖန်တီးသည့် ခိုအောင်းနေထိုင်ခဲ့သော ဂူ၊ သဘာဝလိုဏ် ၊ ရှေးဟောင်းကျောက်ဂူ၊ အခြားနေထိုင်ရာနေရာနှင့် ရှေးဟောင်းလူများသွားလာနေထိုင်ခဲ့သည့် ကုန်း၊ ရိုး၊ချိုင့်၊ ကျင်း၊လျိုမြောင်၊ မြစ်ကမ်းဆင့်နှင့် ပရိုင်းမိတ်များ၊ အခြားေ ကျာက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရနေရာများ အပါအဝင် ဘူမိ သဘာဝ ပတ်ဝန်းကျင်နေရာများ၊
(ဃ) ရှေးခေတ်လူတို့ အသုံးအဆောင်ပစ္စည်းများ ပြုလုပ်သည့်နေရာ၊ ရေအိုး၊ စဥ့်ဖို၊ သံချက်ဖို၊ ဖန်ချက်ဖိုနှင့် အခြားသတ္တုကျိုချက်သည့် ဖို များနှင့် ဆက်စပ်နေရာများ၊
(င) ရှေးခေတ်အဆောက်အအုံ၊ လမ်း၊ တံတား၊ တူးဖော်ထားသော နေရာ၊ ရေတွင်း၊ ရေကန်၊ ရေအိုင်နှင့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားေ သာ ကျောက်ပုံ၊ ကျောက်တိုင်၊ ကျောက်စု၊ သင်္ချိုင်း၊ မြေမြှုပ်သဂြိုလ်သော အဆောက်အအုံ၊ ဂူ၊ ပြာဿဒ်
(စ) ကမ္ဗည်းကျောက်စာ၊ မော်ကွန်းစသည်တို့နှင့် ၄င်းတို့ကိုထားရှိရာ အဆောက်အအုံ သို့မဟုတ် ကျောက်စာဂူ၊ အထိမ်းအမှတ်အဖြစ် ပြုလု ပ်စိုက်ထူထားသည့် အရာဝတ္ထုများ၊ တိုင်များ၊ ကျောက်ချပ်များ၊
(ဆ) ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာ၊ အနုပညာလက်ရာ တန်ဖိုးမြင့်မား၍ နိုင်ငံတော်က ကာကွယ်ထိန်းသိမ်းသင့်သည့် အဆောက်အအုံများ၊
(ဇ) ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ရှေးဟောင်းစာရင်းဝင် အဆောက်အအုံအဖြစ် သတ်မှတ်သည့် အခြားအဆောက်အအုံများကို ရှေးဟောင်း အဆောက်အအုံများဟု သတ်မှတ်ကြောင်း ရှေးဟောင်း အဆောက်အအုံများကာကွယ် ထိန်းသိန်းရေး ဥပဒေတွင် ပြဌာန်း ထား သည်။
Written By : Win Kyaw Kyaw (ShweProperty.com) Photo Credit : Edition Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ