By Duwun, Shweproperty.com
Updated at 26 May 2019
ဖုန်းရွှေနည်းပညာအကြောင်း စိတ်ဝင်စားသူမှ မဟုတ်ပါဘူး။ ဘယ်သူဖြစ်ဖြစ်၊ မိမိအိမ်၊ ရုံးနဲ့ နေရာဒေသ အကျိုးတိုးတက်စေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ချီ (Chi) ဓာတ် က ကောင်းမွန်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ဒီနည်းများကို အသုံးချပြီး မိမိအိမ်တွင်းရှိ ချီ (Chi) ဓာတ်ပွားများလာအောင် ဆောင်ရွက်နိုင်ပါတယ်။
ဖယောင်းတိုင်နှင့် မီးများ (Candles and Lights)
အလင်းလွှတ်တဲ့ အရာဝတ္ထုတွေဟာ သင့်အိမ်အတွက် မီးဓာတ် ကို တိုးမြင့်စေပါတယ်။ အရမ်းလင်းပြီး တောက်ပတဲ့ မီးတွေကို အသုံးမပြုသင့်ပါဘူး။ ဒါတွေဟာ သင့်မျက်စိနဲ့ ကောင်းမွန်ုခြင်း တရားတွေကို ပျက်စီးစေပါတယ်။ နွေးထွေးတဲ့ ညအိပ်မီးလို အားပျော့တဲ့ မီးရောင်တွေဟာ စိတ်ကို နူးညံ့စေပြီး ကောင်းတဲ့ကံတွေကို ယူဆောင်ပေးပါတယ်။
သင့်အိမ်ရဲ့ မှောင်နေတဲ့ ထောင့်တွေ၊ အလင်းအား နည်းတဲ့နေရာတွေမှာ ဖယောင်းတိုင် (သို့) မီးလုံးသေးသေးကို ထွန်းထားခြင်းဖြင့် လင်းနေအောင် ထားပါ။ အခန်းကို ပိုကျယ်စေသယောင် ထင်ရတဲ့အပြင် ထောင့်မှန်မကျတဲ့ အခန်းတွေအတွက် ချီ (Chi) ဓာတ်ကို မျှတအောင် ဖန်တီးပေးတဲ့နေရာမှာ အင်မတန်မှ အသုံးတည့်ပါတယ်။
ဖန်တုံးများ (Crystals)
ဖန်တုံး (Crystals) တွေ အသုံးပြုပြီး သင့်အိမ်ရဲ့ မြေဓာတ်ကို တိုးမြင့်နိုင်ပါတယ်။ ဖန်တုံးတွေဟာ အလင်းပြန်စေတဲ့အတွက် ချီ (Chi) ဓာတ်တွေကို သင့်အိမ်အတွင်းထဲကို ကူညီဖြန့်ကျဲပေးတဲ့နေရာမှာ အသုံးကျပါတယ်။ နံနက်ခင်း နေရောင်အလင်း အောက်မှာ ဖန်တုံးတွေကို ချိတ်ဆွဲထားခြင်းဟာ အတော်လေး ကောင်းတဲ့ ဆင်ယင်မှုတစ်ခုပါ။
ဆည်းလည်းနှင့် ခေါင်းလောင်းများ (Wind Chimes and Bells)
သတ္ထုတွေနဲ့ လုပ်ထားတဲ့၊ အလှဆင် ဖန်တီးထားတဲ့ ဆည်းလည်း၊ ခေါင်းလောင်းလေးတွေဟာ သတ္ထုဓာတ်ကို ဖြစ်တည်စေတဲ့ အရာတွေပါ။ ဒါ့အပြင် ဆည်းလည်းတွေ၊ ခေါင်းလောင်းတွေဟာ လေနဲ့ ဆက်သွယ်နေတဲ့ အတွက် သင့်အိမ်၊ အိပ်ခန်းထဲကို ချီ (Chi) ဓာတ်တွေ ရောက်ရှိလာစေပါတယ်။ ပြူတင်းပေါက်တွေ၊ ဝင်ပေါက်တွေမှာ ဆည်းလည်းလေးတွေ ချိတ်ဆွဲတာမျိုး လုပ်လေ့ရှိပြီး အခေါင်းပွ (Hollow) ဆည်းလည်းတွေကိုတော့ ချီ (Chi) ဓာတ် ကို အထက်အပေါ်အရပ်သို့ တက်ရောက်စေလိုတဲ့အခါမှာ အသုံးချနိုင်ပါတယ်။
Ref : Duwun
Photo Credit : Ijirmf
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ