By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 14 June 2018
တရုတ်လူမျိုးတို့ရဲ့ အယူအဆဖြစ်တဲ့ ဖုန်းရွှေပညာအတိုင်း တည်ဆောက်ထားတဲ့ အိမ်မှာ နေထိုင်သူတွေဟာ ကံကောင်းခြင်းတွေရရှိပြီး အလုပ်အကိုင်ကိစ္စတွေ၊ လူမှုရေး ကိစ္စတွေမှာ အခက်အခဲမရှိ အဆင်ပြေပြေ လုပ်ကိုင်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိပါတယ်။ကဲဒီလို အဆင်ပြေနိုင်ဖို့အတွက် ကိုယ့်ရဲ့ အိမ်ကို ဖုန်းရွှေပညာအရ ဘယ်လို ပြင်ဆင်တည်ဆောက်ရမလဲဆိုတာကို ဆက်လက် ဖော်ပြပေးပါမယ်။
(၁)အိမ်ထဲမှာ ရှုပ်ပွနေတာကို ရှင်းလင်းပါ။
အရင်ဦးဆုံး အိမ်ခန်းထဲက ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းပြီး အိမ်ကို သပ်သပ်ရပ်ရပ် ထားမှ ဖုန်းရွှေပညာအရ ကောင်းမွန်တဲ့ စွမ်းအားတွေက အိမ်ထဲကို ပျံ့နှံ့ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ဒီအဆင့်ကို ကျော်သွားလို့ မဖြစ်ပါဘူး။ဒါက ဖုန်းရွှေပညာအတိုင်း အိမ်တစ်အိမ်ကို တည်ဆောက်ရာမှာ လိုအပ်တဲ့ အခြေခံကျဆုံးအဆင့်ပါ။
(၂)အိမ်ထဲကို အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။
ညမှောင်ပြီဆိုတာနဲ့ အိမ်ထဲမှာ အလင်းရောင် ရှိနေအောင် မီးထွန်းပါ။ညနေဘက် နေဝင်ပြီးတဲ့ အခါမှာ အိမ်က မီးမလင်းဘဲ မှောင်နေမယ်ဆို လာဘ်တိတ်တတ်ပါတယ်။ညဘက်မှ မဟုတ်ပါဘူး။ နေ့ဘက်ဆိုရင် နေအလင်းရောင် နဲ့ လေ ကောင်းကောင်းဝင်နိုင်အောင် ပြတင်းပေါက်၊ တံခါးတွေကို ဖွင့်ထားပါ။တံခါးမှာ တပ်မယ့် ခန်းဆီးတွေ၊လိုက်ကာတွေကို အလင်းရောင် ကောင်းကောင်းဖောက်နိုင်မယ့် အရောင်မျိုး ရွေးချယ်အသုံးပြုပါ။
(၃) ဖုန်းရွှေပညာနဲ့ သက်ဆိုင်တဲ့ အရာဝတ္ထုများ
ဥပမာ သင်က ငွေရေးကြေးရေးဆိုင်ရာ အခက်အခဲရှိနေတယ်ဆိုရင် အိမ်ရဲ့ အရှေ့တောင်အရပ်မှာ သစ်ပင်စိုက်ပေးပါက အခက်အခဲတွေ ပြေလည်နိုင်မှာပါ။အောင်မြင်ကျော်ကြားမှု အတွက် အိမ်ရဲ့ တောင်အရပ်မှာ ဆီမီးထွန်းပေးပါ။ကျန်းမာရေးအတွက် အရှေ့အရပ်မှာ သစ်ပင်စိုက်ပျိုးပေးပါ။ဒီလို ဖုန်းရွှေပညာအရ အရာဝတ္ထုတွေကို သူတို့နဲ့ သက်ဆိုင်ရာ အရပ်မျက်နှာပါ ထားပေးပါက အခက်အခဲ အားလုံးအဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်နိုင်မှာပါ။
Written By : Saint Sandi Htet (ShweProperty.com)
Photo Credit : Terracites
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ