By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 14 June 2018
အိမ်ပြောင်းရွေ့ပြီး အိမ်တက်မင်္ဂလာ ပြုလုပ်ဖို့ အချိန်မရသေးတာမျိုး၊ အဆင်မပြေသေးတဲ့အချိန်မျိုးမှာဆို ဖုန်းရွေပညာအရ အိမ်ကို ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံစေဖို့ လွယ်လင့်တကူ အိမ်တက်မင်္ဂလာပြုလုပ်နိုင်ပါတယ်။
ဖုန်းရွှေပညာမှာ အိမ်တက်မင်္ဂလာပြုလုပ်တာက သိပ်ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပါဘူး။
အိုးလည်ပင်းမှာ အနီရောင်ဖဲပြားချည်ထားတဲ့ ကြွေပန်းအိုးတစ်လုံးနဲ့ ပုလွေတစ်လက်ဟာ အိမ်တက်မင်္ဂလာအတွက် အဓိကလိုအပ်တဲ့ပစ္စည်း ဖြစ်ပါတယ်။
ပန်းအိုးထဲမှာ ပုလွေကို စိုက်ထားရမယ်။ အိမ်ကို လုံခြုံစေဖို့နဲ့ ငြိမ်းချမ်းမှုသင်္ကေတကို ပြသခြင်းဖြစ်ပါတယ်။
ဒီပုလွေစိုက်ထားတဲ့ ကြွေပန်းအိုးကို အိမ်ရဲ့အခန်းတိုင်းကို အိမ်ရှင်ကယူသွားရပါတယ်။ အိမ်ရှင်ရဲ့မိသားစုက နောက်ကလိုက်ရတယ်။ ဒါက အိမ်ရှင်အသစ်နဲ့ မိသားစုရောက်လာပြီဆိုတာကို မင်္ဂလာယူရင်း မိတ်ဆက်တဲ့ သဘောပါ။ ဒီခေတ်မှာတော့ ဒီလို အိမ်တက်မင်္ဂလာမျိုး ပြုလုပ်တာကို မတွေ့ရတော့ပါဘူး။
အိမ်ပေါက်ဝ တံခါးမကြီးနဲ့ တည့်တည့်မှာရယ်၊ ခြံဝင်ပေါက်တံခါးမှာရယ် ဗျောက်အိုးတွေဖေါက်ပြီး အိမ်တတ်မင်္ဂလာယူလေ့ရှိတာကိုလည်း ဖုန်းရွှေပညာမှာ တွေ့ရပါတယ်။ မကောင်းတဲ့ ဝိညာဉ်တွေကို မောင်းထုတ်တဲ့ အယူအဆ ဖြစ်ပါတယ်။
ဖုန်းရွှေပညာမှာ အိမ်မှာရှိတဲ့ မကောင်းဆိုးဝါးတွေကို နှင်နည်း အမျိုးမျိုးရှိပါတယ်။ လိမ္မော်ခွံ၊ ရှောက်ခွံ၊ သံပုရာခွံတွေကို ရေပုံးထဲမှာထည့်ပြီးတော့ ရှာလကာရည်တွေထည့်ကာ အိမ်နံရံနဲ့ ကြမ်းပြင်တွေကို လိုက်ဖြန်းပြီး အိမ်သန့်အောင်လုပ်တာလည်း ရှိကြောင်း သိရပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Jagonews24
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ