By ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 31 October 2019
#Unicode
''ဝယ်ထားတဲ့ တိုက်ခန်းကို ပြင်လို့ရပါသလားဆရာ'' ဟု မိတ်ဆွေ အမျိုးသမီးတစ်ဦးက စာရေးသူထံ လာ ရောက်ဆွေးနွေးပါသည်။
''သာမန်အားဖြင့်ပြောရင်တော့ အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ တိုက်ခန်းဖြစ်လို့ အတွင်းပိုင်းပြင်ဆင်ခွင့်ရှိပါ တယ်''
''အချို့က ပြောတော့ မြေရှင်နဲ့ သဘောတူညီမှုရယူရတယ်လို့ ပြောတယ်၊ ဟုတ်ပါသလား''
''တိုက်ခန်းအတွင်း အလှအပဆင်တာမျိုးကတော့ ပြဿနာမဖြစ်ပါဘူး။ ဒါပေမယ့် မူလကမပါရှိတဲ့ ထပ်ခိုးကို ထည့်မယ်။ အခန်းဖွဲ့ထားပုံကို ပုံစံပြောင်းပြီး ဆောင်ရွက်မယ်ဆိုရင်တော့ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ ကို အသေးစားပြင်ဆင်မှု လျှောက်ထားပြီးမှ ဆောင်ရွက်ရပါတယ်။ အဲဒီလို လျှောက်ထားတဲ့အခါမှာ မြေရှင် ဒါမှမဟုတ် အိမ်ရှင်ရဲ့ သဘောတူညီချက်ပါရှိရမှာဖြစ်တယ်'
''အချို့ကပြောတော့ အိမ်လခပေးနေတဲ့ သဘောဖြစ်လို့ အပျောက်စနစ်နဲ့ ဝယ်တာကလည်း မြေရှင်နဲ့ အိမ်ရှင် အိမ်ငှားဖြစ်နေတယ်ဆိုတာ ဟုတ်ပါသလား''
''မှန်ပါတယ်။ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေအရ ငှားရမ်းခြင်းကိစ္စတွေမှာ အကြမ်းဖျဉ်းအားဖြင့် သုံးမျိုးရှိတယ်။ လစဉ်ငှားရမ်းခပေးတဲ့စနစ်၊ စပေါ်ငွေပေးစနစ်နဲ့ အပျောက်ငွေပေးစနစ်ဆိုတာ ရှိတယ်။ လစဉ် ငှားရမ်းခပေးစနစ်ကတော့ လစဉ်လဆန်းရက်တိုင်းမှာ အိမ်ငှားရမ်းခပေးသွင်းတဲ့ စနစ်ဖြစ်တယ်။ စပေါ်ငွေဆို တာကတော့ အာမခံသဘောမျိုးတင်ထားတဲ့ ငွေကြေးဖြစ်တယ်။ အိမ်ငှားက ငှားရမ်းခြင်းပြတ်စဲပြီး အဆောက် အအုံမှ ထွက်ခွာသွားတဲ့အခါမှာ စပေါ်ငွေကို အိမ်ရှင်က ပြန်လည်ပေးအပ်ရတဲ့ စနစ်ဖြစ်တယ်။ အပျောက်စနစ် ကတော့ မိမိနေထိုင်တဲ့ တိုက်ခန်း၊ အိမ်ခန်းကို တန်ဖိုးသတ်မှတ်ပြီး လွှဲပြောင်းရောင်းချခွင့်ရှိတယ်။ ဒါအပြင် ဝယ်ထားတဲ့ တိုက်ခန်းကိုအခြား တစ်ဦးထံ တန်ဖိုးသတ်မှတ်ပြီး ထပ်မံလွှဲပြောင်းခွင့်ရှိမှာဖြစ်တယ်။ ဒါပေမယ့် စပေါ်ငွေနဲ့ဖြစ်ဖြစ် အပျောက်ငွေနဲ့ဝယ်ထားတာဖြစ်ဖြစ်၊ တိုက်ခန်း အိမ်ခန်းမှာနေထိုင်ကြသူတွေဟာ မြေရှင် အိမ်ရှင်ကို လစဉ်အိမ်ငှားရမ်း ခပေးရတဲ့အတွက် ဥပဒေအရ အိမ်ရှင်အိမ်ငှားဆက်စပ်မှုရှိနေမှာဖြစ်တယ်''
''အိမ်ပြင်တာ မကျေနပ်ရင် မြေရှင်က နှင်ချခွင့်ရှိပါသလား''
''ဥပဒေအရတော့ အိမ်ရှင်၊ အိမ်ငှားများလိုက်နာရန် သတ်မှတ်ချက်တွေရှိတယ်။ အိမ်ငှားအနေနဲ့ ဥပဒေအရ သတ်မှတ်ချက်ကို မလိုက်နာ ပျက်ကွက်ရင် အိမ်ရှင်အနေနဲ့ နှင်ချခွင့်ရှိလာမှာဖြစ်တယ်''
''အိမ်ခန်းပြင်တဲ့ကိစ္စမှာလည်း အိမ်ရှင်သဘောမတူရင် အိမ်နှင်လိုမှု တရားစွဲဆိုနိုင်တယ်ဆိုပါတော့''
''မှန်ပါတယ်။ အခုဘယ်လိုဖြစ်လို့လဲ၊ တိုက်ခန်းဝယ်ထားလို့လား''
''ကျွန်မက မြေညီထပ်ဆိုတော့ စတိုးဆိုင်လေး ဖွင့်ထားချင်လို့ပါ။ အ ကြီးအကျယ်တော့ မဟုတ်ဘူး တစ်နိုင် လေးဖွင့်ထားချင်တယ်''
''ဒါဆို တိုက်ခန်းကို ပြင်ဆင်ရမယ့် သဘောရှိတာပေါ့''
''ဟုတ်ပါတယ်။ အချို့ကပြောတော့ အိမ်ရှင်က ခွင့်မပြုရင် ဖွင့်ခွင့် မရဘူးလို့ ပြောတယ် ဆရာ။ ဘယ်လို ဆောင် ရွက်ရမလဲဆိုတာ သိချင် လို့ပါ''
''စတိုးဆိုင်ဖွင့်မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီထံ စတိုးဆိုင်ဖွင့်ခွင့် အမိန့်ကို ရယူရပါမယ်။ ဒါ့အပြင် တိုက်ခန်းမှာ အသေးစားပြင်ဆင်ခွင့် လျှောက်ထားရပါမယ်'
''ခွင့်ပြုချက်မယူဘဲ ပြင်ရင် ဘယ်လိုဖြစ်နိုင်ပါသလဲ''
''ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ၊ အရေးယူခံရမှာ ဖြစ်ပါတယ်။ အချို့ကလည်း ကိုယ်ဝယ်ထား တဲ့တိုက်ခန်း မိမိပြုပြင်ချင်သလို ပြင်မယ်ဆိုပြီး အခန်းဖွဲ့ထားတာကို ဖောက်ပစ်လိုက်တာတို့၊ ထပ်ခိုးတွေ ထပ် ထည့်တာမျိုးပြုလုပ်တတ်ကြတယ်။ ဥပဒေအရဆိုရင် မူလပုံစံကို ဖျက်ပစ်တဲ့ သဘောဖြစ်လို့ အိမ်ငှားတာဝန် ဖောက်ဖျက်တယ်လို့ သတ်မှတ်နိုင်ပါတယ်''
''အိမ်ငှားတာဝန်ဖောက်ဖျက်တယ်ဆိုတာက ဘယ်လိုသဘောပါလဲ ဆရာ''
''အခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းအောင်ပြောရရင် ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၁ဝ၈ မှာ အိမ်ငှားများ လိုက်နာရမယ့် တာဝန်နဲ့ အခွင့်အရေးတွေ သတ်မှတ်ထားပါတယ်။ ယင်းပုဒ်မ ၁ဝ၈ ပိုဒ်ခွဲ(တ) မှာ အဆောက်အ အုံတွင် အိမ်ရှင်၏ ခွင့်ပြုချက်မရဘဲ ခိုင်မြဲသော အဆောက်အအုံ မဆောက်လုပ်ရလို့ သတ်မှတ်ပြဋ္ဌာန်း ထားပါတယ်''
''အိမ်ရှင်ရဲ့ ခွင့်ပြုချက်လည်း ရယူရမယ်ပေါ့''
''အကောင်းဆုံးကတော့ မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနကို သွားရောက်မေးမြန်း ဆောင်ရွက်သင့်ပါတယ်။ အသေးစားပြင်ဆင်မှုကိုတော့ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံတင်ပြ လျှောက်ထားရပါမယ်။ စီးပွားရေးသဘောဆိုင်ခန်းဖွင့်မှာဖြစ်လို့ သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့ဒါမှမ ဟုတ် မြို့တော်စည်ပင် သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်ရှိဖို့ လိုအပ်ပါတယ်''
''ခွင့်ပြုချက် မလျှောက်ပဲပြင်ဆင်ရင် ဘယ်လိုအပြစ်ဒဏ်မျိုး ချမှတ်နိုင်ပါသလဲ။ ဗဟုသုတအဖြစ် သိထားချင်လို့ ပါဆရာ''
''သက်ဆိုင်ရာမှ ခွင့်ပြုချက်မရရှိဘဲ တိုက်ခန်းအတွင်းမှာ ခိုင်မြဲတဲ့ပုံစံ အဆောက်အအုံပြင်ဆင်ဖွဲ့ရင်တော့ အိမ်ရှင်အနေနဲ့ အိမ်ငှားတာဝန် ဖောက်ဖျက်မှုနဲ့ နှင်လိုမှုစွဲဆိုနိုင်ပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အေ၊ ရာဟင်ဆီလော့နှင့် ဒေါ်အမာ ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင် ထုံးစာမျက်နှာ ၄ဝ၆၊ အမှုတွင် တိုက် ခန်းအတွင်း၌ အခန်းဖွဲ့ခြင်းသည် မူလငှားရမ်းထားသည့် အခန်းများကို ခေတ္တခဏအနည်းငယ်မျှသာ ပြောင်း လဲထားခြင်းမဟုတ်ဘဲ ယခင်ထားရှိသည့် အခန်းပုံစံနှင့် မတူအောင် များစွာပြုပြင်ပြောင်းလဲခဲ့သည်။ ထို့ကြောင့် တည်မြဲသော အဆောက်အအုံဆောက်လုပ်သည်ဟု ဆုံးဖြတ်ကာ အိမ်နှင်လိုမှုအနိုင်ဒီကရီ ချမှတ်ပေးခဲ့ ပါ တယ်''
''ဒါဆိုရင် သက်ဆိုင်ရာ ဌာနမှာ ခွင့်ပြုချက်တောင်းခံရမှာပေါ့နော်''
''မှန်ပါတယ်။ ခွင့်ပြုချက်မရဘဲ ပြင်ဆင်ဆိုင်ခန်းဖွင့်မယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၃၁၂ ပုဒ်မခွဲ (စ) မှာ လူနေထိုင်ရန်အတွက် ဆောက်လုပ်ထားသော အဆောက်အအုံတွင် ကော်မတီ၏ ခွင့်ပြု ချက်မရဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျှင် ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းထိချမှတ်ရမည်။ ဆက်လက် ကျူးလွန်ပါက ထောင်ဒဏ်ခြောက်လချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် လူနေခန်းကို စတိုးဆိုင်ဖွင့် လှစ်ဖို့ ပြင်ဆင်ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာရေးအ ဖွဲ့ (ကော်မတီ) ထံ သွားရောက် လျှောက်ထားခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်''
''ဟုတ်ကဲ့ ဆရာ။ ဆရာညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ပါမယ်။ အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ် ဆရာ''ဟု ပြောကာ ဆွေးနွေးခ ပေးသွားပါသည်။
''ဘာအလုပ်ပဲဖြစ်ဖြစ် ဥပဒေနဲ့အညီ ဆောင်ရွက်တာကတော့ အန္တရာယ်ကင်းတဲ့အတွက် လိုက်နာဆောင်ရွက် သင့်ပါတယ်''ဟု ဆွေးနွေးလိုက်ပါသည်။
#Zawgyi
''ဝယ္ထားတဲ့ တုိက္ခန္းကို ျပင္လုိ႔ရပါသလားဆရာ'' ဟု မိတ္ေဆြ အမ်ဳိးသမီးတစ္ဦးက စာေရးသူထံ လာ ေရာက္ေဆြးေႏြးပါသည္။
''သာမန္အားျဖင့္ေျပာရင္ေတာ့ အေပ်ာက္စနစ္နဲ႔ ဝယ္ထားတဲ့ တုိက္ခန္းျဖစ္လုိ႔ အတြင္းပုိင္းျပင္ဆင္ခြင့္ရွိပါ တယ္''
''အခ်ဳိ႕က ေျပာေတာ့ ေျမရွင္နဲ႔ သေဘာတူညီမႈရယူရတယ္လုိ႔ ေျပာတယ္၊ ဟုတ္ပါသလား''
''တုိက္ခန္းအတြင္း အလွအပဆင္တာမ်ဳိးကေတာ့ ျပႆနာမျဖစ္ပါဘူး။ ဒါေပမယ့္ မူလကမပါရွိတဲ့ ထပ္ခုိးကို ထည့္မယ္။ အခန္းဖဲြ႔ထားပုံကုိ ပုံစံေျပာင္းၿပီး ေဆာင္ရြက္မယ္ဆုိရင္ေတာ့ သက္ဆုိင္ရာ စည္ပင္သာယာေရးအဖဲြ႔ ကုိ အေသးစားျပင္ဆင္မႈ ေလွ်ာက္ထားၿပီးမွ ေဆာင္ရြက္ရပါတယ္။ အဲဒီလုိ ေလွ်ာက္ထားတဲ့အခါမွာ ေျမရွင္ ဒါမွမဟုတ္ အိမ္ရွင္ရဲ႕ သေဘာတူညီခ်က္ပါရွိရမွာျဖစ္တယ္''
''အခ်ဳိ႕ကေျပာေတာ့ အိမ္လခေပးေနတဲ့ သေဘာျဖစ္လုိ႔ အေပ်ာက္စနစ္နဲ႔ ဝယ္တာကလည္း ေျမရွင္နဲ႔ အိမ္ရွင္ အိမ္ငွားျဖစ္ေနတယ္ဆုိတာ ဟုတ္ပါသလား''
''မွန္ပါတယ္။ ၿမိဳ႕ျပဆုိင္ရာငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒအရ ငွားရမ္းျခင္းကိစၥေတြမွာ အၾကမ္းဖ်ဥ္းအားျဖင့္ သုံးမ်ဳိးရွိတယ္။ လစဥ္ငွားရမ္းခေပးတဲ့စနစ္၊ စေပၚေငြေပးစနစ္နဲ႔ အေပ်ာက္ေငြေပးစနစ္ဆုိတာ ရွိတယ္။ လစဥ္ ငွားရမ္းခေပးစနစ္ကေတာ့ လစဥ္လဆန္းရက္တုိင္းမွာ အိမ္ငွားရမ္းခေပးသြင္းတဲ့ စနစ္ျဖစ္တယ္။ စေပၚေငြဆုိ တာကေတာ့ အာမခံသေဘာမ်ဳိးတင္ထားတဲ့ ေငြေၾကးျဖစ္တယ္။ အိမ္ငွားက ငွားရမ္းျခင္းျပတ္စဲၿပီး အေဆာက္ အအုံမွ ထြက္ခြာသြားတဲ့အခါမွာ စေပၚေငြကုိ အိမ္ရွင္က ျပန္လည္ေပးအပ္ရတဲ့ စနစ္ျဖစ္တယ္။ အေပ်ာက္စနစ္ ကေတာ့ မိမိေနထုိင္တဲ့ တုိက္ခန္း၊ အိမ္ခန္းကို တန္ဖုိးသတ္မွတ္ၿပီး လႊဲေျပာင္းေရာင္းခ်ခြင့္ရွိတယ္။ ဒါအျပင္ ဝယ္ထားတဲ့ တုိက္ခန္းကိုအျခား တစ္ဦးထံ တန္ဖုိးသတ္မွတ္ၿပီး ထပ္မံလႊဲေျပာင္းခြင့္ရွိမွာျဖစ္တယ္။ ဒါေပမယ့္ စေပၚေငြနဲ႔ျဖစ္ျဖစ္ အေပ်ာက္ေငြနဲ႔ဝယ္ထားတာျဖစ္ျဖစ္၊ တုိက္ခန္း အိမ္ခန္းမွာေနထုိင္ၾကသူေတြဟာ ေျမရွင္ အိမ္ရွင္ကို လစဥ္အိမ္ငွားရမ္း ခေပးရတဲ့အတြက္ ဥပေဒအရ အိမ္ရွင္အိမ္ငွားဆက္စပ္မႈရွိေနမွာျဖစ္တယ္''
''အိမ္ျပင္တာ မေက်နပ္ရင္ ေျမရွင္က ႏွင္ခ်ခြင့္ရွိပါသလား''
''ဥပေဒအရေတာ့ အိမ္ရွင္၊ အိမ္ငွားမ်ားလုိက္နာရန္ သတ္မွတ္ခ်က္ေတြရွိတယ္။ အိမ္ငွားအေနနဲ႔ ဥပေဒအရ သတ္မွတ္ခ်က္ကုိ မလုိက္နာ ပ်က္ကြက္ရင္ အိမ္ရွင္အေနနဲ႔ ႏွင္ခ်ခြင့္ရွိလာမွာျဖစ္တယ္''
''အိမ္ခန္းျပင္တဲ့ကိစၥမွာလည္း အိမ္ရွင္သေဘာမတူရင္ အိမ္ႏွင္လုိမႈ တရားစြဲဆုိႏုိင္တယ္ဆုိပါေတာ့''
''မွန္ပါတယ္။ အခုဘယ္လုိျဖစ္လုိ႔လဲ၊ တုိက္ခန္းဝယ္ထားလုိ႔လား''
''ကြၽန္မက ေျမညီထပ္ဆုိေတာ့ စတုိးဆုိင္ေလး ဖြင့္ထားခ်င္လုိ႔ပါ။ အ ႀကီးအက်ယ္ေတာ့ မဟုတ္ဘူး တစ္ႏုိင္ ေလးဖြင့္ထားခ်င္တယ္''
''ဒါဆုိ တုိက္ခန္းကို ျပင္ဆင္ရမယ့္ သေဘာရွိတာေပါ့''
''ဟုတ္ပါတယ္။ အခ်ဳိ႕ကေျပာေတာ့ အိမ္ရွင္က ခြင့္မျပဳရင္ ဖြင့္ခြင့္ မရဘူးလုိ႔ ေျပာတယ္ ဆရာ။ ဘယ္လုိ ေဆာင္ ရြက္ရမလဲဆုိတာ သိခ်င္ လုိ႔ပါ''
''စတုိးဆုိင္ဖြင့္မယ္ဆုိရင္ေတာ့ သက္ဆုိင္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီထံ စတုိးဆိုင္ဖြင့္ခြင့္ အမိန္႔ကုိ ရယူရပါမယ္။ ဒါ့အျပင္ တုိက္ခန္းမွာ အေသးစားျပင္ဆင္ခြင့္ ေလွ်ာက္ထားရပါမယ္''
''ခြင့္ျပဳခ်က္မယူဘဲ ျပင္ရင္ ဘယ္လုိျဖစ္ႏုိင္ပါသလဲ''
''ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ဥပေဒအရ၊ အေရးယူခံရမွာ ျဖစ္ပါတယ္။ အခ်ဳိ႕ကလည္း ကိုယ္ဝယ္ထား တဲ့တုိက္ခန္း မိမိျပဳျပင္ခ်င္သလုိ ျပင္မယ္ဆုိၿပီး အခန္းဖြဲ႔ထားတာကုိ ေဖာက္ပစ္လုိက္တာတုိ႔၊ ထပ္ခုိးေတြ ထပ္ ထည့္တာမ်ဳိးျပဳလုပ္တတ္ၾကတယ္။ ဥပေဒအရဆုိရင္ မူလပုံစံကို ဖ်က္ပစ္တဲ့ သေဘာျဖစ္လုိ႔ အိမ္ငွားတာဝန္ ေဖာက္ဖ်က္တယ္လုိ႔ သတ္မွတ္ႏုိင္ပါတယ္''
''အိမ္ငွားတာဝန္ေဖာက္ဖ်က္တယ္ဆုိတာက ဘယ္လုိသေဘာပါလဲ ဆရာ''
''အခုအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ရွင္းေအာင္ေျပာရရင္ ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒပုဒ္မ-၁ဝ၈ မွာ အိမ္ငွားမ်ား လုိက္နာရမယ့္ တာဝန္နဲ႔ အခြင့္အေရးေတြ သတ္မွတ္ထားပါတယ္။ ယင္းပုဒ္မ ၁ဝ၈ ပုိဒ္ခြဲ(တ) မွာ အေဆာက္အ အုံတြင္ အိမ္ရွင္၏ ခြင့္ျပဳခ်က္မရဘဲ ခုိင္ၿမဲေသာ အေဆာက္အအုံ မေဆာက္လုပ္ရလုိ႔ သတ္မွတ္ျပ႒ာန္း ထားပါတယ္''
''အိမ္ရွင္ရဲ႕ ခြင့္ျပဳခ်က္လည္း ရယူရမယ္ေပါ့''
''အေကာင္းဆုံးကေတာ့ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အေဆာက္အအုံဌာနကို သြားေရာက္ေမးျမန္း ေဆာင္ရြက္သင့္ပါတယ္။ အေသးစားျပင္ဆင္မႈကိုေတာ့ သက္ဆုိင္ရာၿမိဳ႕နယ္စည္ပင္သာယာေရး အဖြဲ႔ထံတင္ျပ ေလွ်ာက္ထားရပါမယ္။ စီးပြားေရးသေဘာဆုိင္ခန္းဖြင့္မွာျဖစ္လုိ႔ သက္ဆုိင္ရာ စည္ပင္သာယာေရး အဖြဲ႔ဒါမွမ ဟုတ္ ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီရဲ႕ ခြင့္ျပဳခ်က္ရိွဖုိ႔ လိုအပ္ပါတယ္''
''ခြင့္ျပဳခ်က္ မေလွ်ာက္ပဲျပင္ဆင္ရင္ ဘယ္လုိအျပစ္ဒဏ္မ်ဳိး ခ်မွတ္ႏုိင္ပါသလဲ။ ဗဟုသုတအျဖစ္ သိထားခ်င္လုိ႔ ပါဆရာ''
''သက္ဆုိင္ရာမွ ခြင့္ျပဳခ်က္မရရွိဘဲ တုိက္ခန္းအတြင္းမွာ ခုိင္ၿမဲတဲ့ပုံစံ အေဆာက္အအုံျပင္ဆင္ဖြဲ႔ရင္ေတာ့ အိမ္ရွင္အေနနဲ႔ အိမ္ငွားတာဝန္ ေဖာက္ဖ်က္မႈနဲ႔ ႏွင္လုိမႈစြဲဆုိႏိုင္ပါတယ္။ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ေအ၊ ရာဟင္ဆီေလာ့ႏွင့္ ေဒၚအမာ ၁၉၆၅ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ ထုံးစာမ်က္ႏွာ ၄ဝ၆၊ အမႈတြင္ တုိက္ ခန္းအတြင္း၌ အခန္းဖြဲ႔ျခင္းသည္ မူလငွားရမ္းထားသည့္ အခန္းမ်ားကို ေခတၱခဏအနည္းငယ္မွ်သာ ေျပာင္း လဲထားျခင္းမဟုတ္ဘဲ ယခင္ထားရွိသည့္ အခန္းပုံစံႏွင့္ မတူေအာင္ မ်ားစြာျပဳျပင္ေျပာင္းလဲခဲ့သည္။ ထုိ႔ေၾကာင့္ တည္ၿမဲေသာ အေဆာက္အအုံေဆာက္လုပ္သည္ဟု ဆုံးျဖတ္ကာ အိမ္ႏွင္လုိမႈအႏုိင္ဒီကရီ ခ်မွတ္ေပးခဲ့ ပါ တယ္''
''ဒါဆုိရင္ သက္ဆုိင္ရာ ဌာနမွာ ခြင့္ျပဳခ်က္ေတာင္းခံရမွာေပါ့ေနာ္''
''မွန္ပါတယ္။ ခြင့္ျပဳခ်က္မရဘဲ ျပင္ဆင္ဆုိင္ခန္းဖြင့္မယ္ဆုိရင္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ-၃၁၂ ပုဒ္မခြဲ (စ) မွာ လူေနထုိင္ရန္အတြက္ ေဆာက္လုပ္ထားေသာ အေဆာက္အအုံတြင္ ေကာ္မတီ၏ ခြင့္ျပဳ ခ်က္မရဘဲ စီးပြားေရးလုပ္ငန္းလုပ္ကိုင္လွ်င္ ေငြဒဏ္က်ပ္တစ္သိန္းမွ က်ပ္ငါးသိန္းထိခ်မွတ္ရမည္။ ဆက္လက္ က်ဴးလြန္ပါက ေထာင္ဒဏ္ေျခာက္လခ်မွတ္ရမည္လုိ႔ ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ လူေနခန္းကုိ စတုိးဆုိင္ဖြင့္ လွစ္ဖုိ႔ ျပင္ဆင္ေဆာင္ရြက္မယ္ဆုိရင္ သက္ဆုိင္ရာ စည္ပင္သာယာေရးအ ဖဲြ႔ (ေကာ္မတီ) ထံ သြားေရာက္ ေလွ်ာက္ထားခြင့္ျပဳခ်က္ေတာင္းခံရမွာ ျဖစ္ပါတယ္''
''ဟုတ္ကဲ့ ဆရာ။ ဆရာၫႊန္ၾကားတဲ့အတုိင္း ေဆာင္ရြက္ပါမယ္။ အခုလုိ အႀကံေပးတာ ေက်းဇူးတင္ပါတယ္ ဆရာ''ဟု ေျပာကာ ေဆြးေႏြးခ ေပးသြားပါသည္။
''ဘာအလုပ္ပဲျဖစ္ျဖစ္ ဥပေဒနဲ႔အညီ ေဆာင္ရြက္တာကေတာ့ အႏၲရာယ္ကင္းတဲ့အတြက္ လုိက္နာေဆာင္ရြက္ သင့္ပါတယ္''ဟု ေဆြးေႏြးလုိက္ပါသည္။
Ref : ထီယု (ဥပေဒအတုိင္ပင္ခံ)
Photo Credit : Thepropertytimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ