By Sint Sint, Shweproperty.com
Updated at 18 December 2020
လယ်ယာမြေတွေနဲ့ပတ်သက်လာရင်ခွဲပြီးပြောရရမယ့် အရာတွေများပါတယ်။ ဘာကြောင့်လဲဆိုတော့ လယ်ယာမြေနဲ့ခံစားခွင့်တွေလည်း ရှိနေတာကြောင့်ပါ။ လယ်ယာမြေ ပိုင်ဆိုင်နိုင်ခြင်း ၊ဝယ်ယူခြင်း၊ရောင်းချခြင်း၊ လယ်ယာမြေဥပဒေနဲ့ လယ်ယာမြေပြသနာများ စတာတွေကိုလည်း ရှိနေပါတယ်။အခုကတော့ လယ်ယာမြေကို ဝယ်ယူပြီး နေထိုင်ကြတော့မယ့် အခါ ဘာတွေကိုသိထားသင့်လဲဆိုတာကို ပြေပြပေးချင်ပါတယ်။လယ်ယာမြေဝယ်မယ်ဆိုတော့ အချက် (၁၀) ချက် ရှိပါတယ်။ တစ်ချို့ကတော့ စာချုပ်တစ်စောင်နဲ့တင်လုံလောက်ပြီထင်တက်ကြပါတယ်။
(၁) ပုံစံ(၇) မြေစာရင်းရုံးမှာအရင်စစ်ပါ။
(၂) အော်ပုံစံ (၇)မြင်မှ စရန်ချ
(၃) သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဥက္ကဌကို အသိပေးခြင်း
(၄) မြေစာရင်းပုံစံ (၁၀၅)
(၅) အထူးကိုယ်စားလှယ်လွဲှစာ
(၆) ပုံစံ (၇) နဲ.ဆက်စပ်သည့် မူရင်းစာရွက်စာတမ်းများ
(၇) “လယ်ယာမြေ” ကွက်ကိုလည်း လက်ရောက်ရယူပါ
(၈) တန်ဖိုးလျော့ချုပ်တဲ့စာချုပ်ကတစ်စောင်
(၉) တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ကြေး
(၁၀) အမည်ပြောင်းလို.ရပါပြီ
အခုဖော်ပြပေးလိုက်တဲ့ အချက်ဆယ်ချက်ကိုတော့ မမေ့မလျော့ကြပါနဲ့. ဒါမှသာလျှင် မိမိဝယ်ယူထားသော လယ်ယာမြေနဲ့ ပတ်သက်ပြီး ခိုင်မာသော အထောက်အထားများကို ရနိုင်မှာလည်း ဖြစ်ပါတယ်။လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ပြီး လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရန်အလို့ငှာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထား ရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းဖြစ်ပါသည်။ ၂၀ဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၇ (ဃ) တွင် “နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားပါသည်။
၂၀၀၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပေါ်ထွက်လာပြီး နောက်ပိုင်းမှာ အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်များနည်းတူ လယ်ယာ မြေအရောင်းအဝယ်တွေဟာလည်း မြန်မာ ပြည်အနှံမှာ ဈေးကောင်းရလို့ အပြိုင်အဆိုင်ရောင်းဝယ်လုပ်ကိုင်နေကြတာ ကိုတွေ့လာရပါတယ်။ လယ်ယာမြေ အရောင်းအဝယ် အကောင်းဆုံးနေရာတွေကို လေ့လာ ကြည့်တဲ့အခါ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ လမ်းမကြီး ဝဲယာတစ်လျှောက်နဲ့ လမ်းမ ကြီးဘေးမှာရှိတဲ့ ကျေးရွာတွေနဲ့ နိုင်ငံ တော်အစိုးရက စီမံကိန်းရေးဆွဲထားတဲ့ နယ်မြေ ပတ်ဝန်းကျင်တွေမှာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေနဲ့ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားခြင်းကိစ္စရပ်နှင့်ပတ်သက်ပြီး နိုင်ငံနှင့်တစ်ဝန်း ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြခြင်း အပေါ် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေ ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ သဘောတူအကြောင်းကြားချက်အရ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းကပင် ညွှန်ကြားချက်အသစ်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ပြီး လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရန်အလို့ငှာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထား ရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းဖြစ်ပါသည်။ ၂၀ဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၇ (ဃ) တွင် “နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားပါတယ်။
၂။ မျက်မှောက်ကာလတွင် မြေယာအသုံးပြုခွင့် လျော့နည်းလာခြင်းသည် ဆင်းရဲနွမ်းပါးမှုသို့ တွန်းပို့ခြင်းကို ဖြစ်စေပါတယ်။ ယခုအခါ မြေယာလုပ်ပိုင်ခွင့် အခက်အခဲများနှင့် ပြဿနာ အမျိုးမျိုးဖြစ်ပေါ်လျက်ရှိပြီး ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများမှာ လူဦးရေများပြားလာပြီး လူနေထူထပ်လာခြင်းကြောင့် ဖြစ်သည်။
မြေယာလုပ်ကွက်များကို ခွဲခြမ်းစိတ်ဖြာ၍ စီမံခန့်ခွဲခြင်း၊ ဥပဒေ ပြုစည်းမျဉ်းမူဘောင်များကို မျက်ကွယ်ပြု၍ မိရိုးဖလာလုပ်ကိုင်နေသော မြေယာများအပေါ် ကျူးကျော်လာခြင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေမူဘောင်များသည် ထုံးတမ်းစဉ်လာ မြေယာ လုပ်ပိုင်ခွင့်စနစ်အပေါ် ဂရုပြုမှုအားနည်းနေခြင်းတို့ကြောင့်လည်းဖြစ်ပါတယ်။ယခုလက်ရှိ ၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)မှာ လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်ပန်းမန် စိုက်ပျိုးသည့် ခြံမြေ၊ မြေနုကျွန်းမြေ ဟု သတ်မှတ်သည့် မြေများကို ဆိုလိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နမိတ် အတွင်းရှိ လူနေအိမ်ရာများ၊ဘာသာရေး အဆောက်အအုံနှင့် ပရဝုဏ်များ မပါဝင်ရဟု သတ်မှတ်ထားပါတယ်။
လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်း၊ ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်းတို့နှင့်စပ်လျဉ်း၍ လယ်ယာမြေဥပဒေ အခန်း (၂)၊ ပုဒ်မ ၄ မှ ပုဒ်မ ၈ အထိနှင့် လယ်ယာမြေနည်းဥပဒေများ အခန်း (၂)၊နည်းဥပဒေ ၃ မှ အခန်း (၄)၊ နည်းဥပဒေ ၄၆ အထိ ပြဋ္ဌာန်းထားသည်။လယ်ယာမြေကို လက်ရှိလုပ်ကိုင် အသုံးပြုခွင့်ရရှိထားသူဖြစ်ပါက အောက်ပါအချက် တစ်ရပ်ရပ်တွင် အကျုံးဝင်သည့် အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသား သို့မဟုတ် အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှတစ်ဆင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ် ပါသည်။
လယ်ယာမြေနည်းဥပဒေများ အခန်း
(၂)၊ နည်းဥပဒေ ၃ အရ
(က) လယ်ယာမြေကို လက်ရှိအသုံးပြုခွင့်ရရှိထားသော တောင်သူလယ်သမား အိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင်ဖြစ်ခြင်း၊
(ခ) လယ်ယာမြေကို လက်ရှိအသုံးပြုခွင့်ရရှိထားသော အိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် အိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူဖြစ်ခြင်း၊
(ဂ) တစ်လုံးတစ်စည်းတည်းဖြစ်၍ ပစ္စည်းမခွဲဝေရသေးသော တောင်သူလယ်သမား အိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦးဦး၏ အမည်ဖြင့်ထားရှိသော လယ်ယာမြေ အားလုံးကို ထိုအိမ်ထောင်သားစုတွင် ပါဝင်သူအားလုံးက ပူးတွဲလက်ရှိ အသုံးပြု ခွင့်ရရှိထားပါက ယင်းအကျိုးတူခံစားခွင့်ရှိသော တောင်သူလယ်သမား အိမ်ထောင် သားစုဖြစ်ခြင်း၊
(ဃ) လယ်ယာမြေဥပဒေ အာဏာမတည်မီ လယ်ယာမြေနှင့် သက်ဆိုင်သော တည်ဆဲ ဥပဒေနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ်လုပ်ကိုင်နေသူဖြစ်ခြင်း၊
(င) လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖြစ်စေ၊ ယင်းဥပဒေ အရပြုသည့်နည်းဥပဒေ များနှင့်အညီဖြစ်စေ တရားဝင်အကျိုးခံစားခွင့် ရှိသူဖြစ်ခြင်း၊
(စ) လျှောက်ထားသည့် လယ်ယာမြေတွင် အမှန်တကယ် လုပ်ကိုင်နေသူဖြစ်ကြောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် လယ်နီးချင်းသက်သေ နှစ်ဦးတို့က ထောက်ခံသူဖြစ်ခြင်း၊
(ဆ) ဦးစီးဌာန၏ မှတ်တမ်းများအရ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသူဖြစ်ကြောင်း အတည်ပြုခံရသူဖြစ်ခြင်း၊
(ဇ) လယ်ယာမြေကို အသုံးပြုခွင့်ရရှိနိုင်ရန် အထောက်အထား တင်ပြနိုင်သူဖြစ်ခြင်းစသည့် အချက်အလက်များနှင့် ပြည့်စုံသည့်သူများ လျှောက်ထားနိုင်ပါသည်။
ယခင်က ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေတွေအရ ဆိုရင်တော့ လယ်ယာမြေတွေကို လွှဲပြောင်း ရောင်းချလို့ မရဘူး၊၂ဝ၁၂ ခုနှစ်က ပြန်လည်ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေမှာတော့ လယ်ယာမြေကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်း ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားပြန်ပါတယ်။ဒီအချက်တွေကို ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်-ချုပ်ဆို ပြုလုပ်ကြရမှာ ဖြစ်တယ်။
မြေယာနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲပေးခြင်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို နိုင်ငံတော်၏ ကိုယ်စားစီမံခန့်ခွဲဆောင်ရွက်လျှက်ရှိရာ ရွာမြေ/ မြို့မြေများစီမံခန့်ခွဲခြင်းတွင် မြေငှားဂရန်ခွင့်ပြု ချထားပေးခြင်း၊ အခွန်လွတ်မြေဂရန်ထုတ်ပေးခြင်း၊ ဗဒ္ဓသိမ်ဂရန်ထုတ်ပေးခြင်း၊ စားကျက်မြ သတ်မှတ်ထိန်းသိမ်းခြင်း၊ နိုင်ငံတော်နှင့်အများ ပြည်သူအကျိုးငှာမြေသိမ်းခြင်း၊ မြေလွှဲခြင်းလုပ်ငန်းများအား အောက်ပါဥပဒေ၊ နည်းဥပဒေများနှင့် အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသည်။
လယ်ယာမြေကို ခွင့်ပြုမိန့် မရဘဲ အခြားနည်းသုံးစွဲခြင်းမပြုရလို့ ပိတ်ပင်တားမြစ်ထားပါတယ်။ ယင်း တားမြစ်ချက်ကို မလိုက်နာရင် ပုဒ်မ - ၁၉ အရ (က) သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ (ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ (ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ် ထိုက်သူများကို နှင်ထုတ်ခြင်း (ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်းကို သက်ဆိုင်ရာမှ တရားစွဲဆိုဆောင် ရွက်နိုင်ခွင့် ရှိပါတယ်။ထိုအရာသည် ပုံစံ (၇) ရရှိပြီးသားသူက အခြားနည်းနှင့် လျှောက်ထားခြင်းမရှိဘဲ ပြုလုပ်တဲ့အခါ ဥပဒေအရတားမြစ်ထားသော စည်းကမ်းပင်ဖြစ်သည်။
ပုံစံ (၇) လက်ဝယ် မရှိသူက မြေကွက်ကိုအ ကွက်ရိုက်ရောင်းချတဲ့ကိ ္စစရပ်နဲ့ ပတ်သက်လို့ပြင်ဆင်တဲ့ဥပဒေပုဒ်မ -၃၇ (က) မှာ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှအများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ် စေ၊ အနည်းဆုံးကျပ်သုံးသိန်းမှ ငါးသိန်း ထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတဲ့ အတွက် ပုံစံ (၇) မရသေးသူထံမှ အကွက်ရိုက်မြေကွက်ကို ဝယ်ယူဖို့မသင့်ပါဘူး။
လယ်ယာမြေကို ဝယ်ယူပြီးနေထိုင်ကြလျှင်ဖြစ်စေ စီးပွားရေးလုပ်ကိုင်သည် ဖြစ်စေ သီးပင်စားပင် စိုက်ပျိုးသည် ဖြစ်စေ လယ်ယာလုပ်ငန်းလုပ်ဆောင်သည် ဖြစ်စေ အထက်ဖော်ပြပါ အချက်များနဲ့ ဥပဒေကို လုံး၀ သိထားရမှာပဲ ဖြစ်ပါတယ်။ ဝယ်ယူမယ့်သူက သိထားပြီးပြီဆိုရင်တော့ စိတ်ချလက်ချနဲ့ မိမိလိုရာ ကိုရှေ့ဆက်နိုင်မှာပဲ ဖြစ်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
အိမ်တွေမှာ အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ
ကြီးပွားမယ့်အိမ်ဆိုတာ
လယ်မြေပုဒ်မ ၇ (က)နဲ့ ၇ (ခ)အကြောင်း တစေ့တစောင်း
အိမ်နှင့်မြေ ဝယ်ရင် ဘာတွေအလေးအနက်ထားရမလဲ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ