By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 9 October 2018
မည်သူမဆို ကိုယ်ပိုင်အိမ်၊ တိုက်ခန်းဝယ်တော့မည်ဆိုလျှင် စဉ်းစားတွေးစရာအလွန်များပါသည်။ တစ်ခါတစ်ရံ ဝယ်ပြီးမှ စိတ်တိုင်းမကျ နောင်တရမိသလိုမျိုး ခံစားတတ်ကြသည်။ထို့ကြောင့် အိမ်မဝယ်မီ စဉ်း စားသတိပြုရမည့် အချက်များကို ဖော်ပြလိုက်ပါသည်။
အိမ်ဝယ်ယူနေထိုင်ခြင်းနှင့် ငှားရမ်းနေထိုင်ခြင်း
မိမိနေထိုင်လိုသော ပတ်ဝန်း ကျင်မျိုးမဟုတ်သေးခြင်း၊ သွားရေး လာရေး ခက်ခဲခြင်းဆိုသည့်အကြောင်း ပြချက်ဖြင့် အိမ်ငှားရမ်းနေထိုင်တတ် ကြသည်။ ရေတိုကာလတွင် မှန်ကန် သည်ဟု ယူဆသော်လည်း ရေရှည် ကာလအတွက်မူ စရိတ်စကနှင့် တွက်ချေမကိုက်ဖြစ်တတ်သည်။
တစ် နှစ်ထက်တစ်နှစ် ငှားရမ်းခမြင့်မားလာ ခြင်းကြောင့် သမင်မွေးရင်း ကျား စားရင်းဆိုသကဲ့သို့ ငွေပိုမစုမိဘဲ တဝဲ လည်လည်ဖြစ်ကြရသည်။ထို့ကြောင့်ဖြစ်နိုင်လျှင် ကိုယ်ပိုင် အိမ်နေခြင်းသည် စိတ်ဖိစီးမှုလျော့ပါး ပြီး မလိုအပ်သည့် စရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
ပတ်ဝန်းကျင်အခြေအနေ
အိမ်၊ တိုက်ခန်းဝယ်မည်ဆိုလျှင် ထိုအဆောက်အအုံ၏ ပတ်ဝန်းကျင် အခြေအနေကို စုံစမ်းဖို့လိုပါသည်။ အိမ်နှင့်မြေဝယ်မည်ဆိုက အိမ်ပတ် ဝန်းကျင်၌ စီမံကိန်းများ ပြုလုပ်နိုင် ခြင်းရှိ မရှိ။ အိမ်သည် လူစည်ကား သည့် လမ်းကျဉ်းတစ်ခု၌ ရှိနေလျှင် လမ်းတိုးချဲ့လာနိုင်ခြင်းရှိ မရှိ။ ဝယ် မည့် အိမ်နီးပါးတွင် မြေကွက်လပ် အများအပြားရှိနေလျှင် နောင်တစ် ချိန်၌ လူနေထူထပ်လာပြီးစည်ကား လာနိုင်ခြင်းရှိ မရှိဆိုသည့် အချက် များကို စဉ်းစားစုံစမ်းသင့်ပေသည်။
ဝယ်မည့် အိမ်၏ ခေါင်းရင်း ဘက်အိမ်၊ ခြေရင်းဘက်အိမ်တို့၏ စရိုက်အခြေအနေ၊ တိုက်ခန်းဆိုက ဘေးကပ်လျက်နေထိုင်သူ၊ အပေါ် ထပ်တွင်နေထိုင်သူတို့၏ အပြုအမူ၊ မိသားစုအခြေအနေကို စုံစမ်းသင့် သည်။
ဈေးနီး၊ ကျောင်းနီးဖို့ အရေးကြီးခြင်း
မိသားစုတွင် ကလေးရှိပါက ကျောင်းနှင့် နီးဖို့လည်း လိုအပ်လှ သည်။ ထို့အတူ အိမ်ရှင်မအတွက် လည်း ဈေးနီးခြင်းက အချိန်ကုန် သက်သာပြီး ချက်ပြုတ်စီစဉ်ရသည် မှာ လွယ်ကူမြန်ဆန်ပေမည်။ ဇနီး မောင်နှံနှစ်ဦးလုံး လုပ်ငန်းခွင်ဝင်ရ မည့်သူများဆိုလျှင် ဈေးနီး၊ ဘတ်စ် ကား မှတ်တိုင်နီးခြင်းက အရေးကြီး လှပါသည်။ ထို့ကြောင့် ယင်းအချက် ကိုလည်း ဦးစားပေးစဉ်းစားသင့်ပေ သည်။
ရေစိမ့်ခြင်း
ဝါတွင်းကာလတွင် အိမ်မြေ တိုက်ခန်းအရောင်းအဝယ်ပါးတတ် ကြသည်။ ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ် နောက်ပိုင်းတွင် အရောင်းအဝယ်ဖြစ်တတ်သည်။ ထို့ ကြောင့် မိုးတွင်းကာလ၌ အိမ်နံရံ၊ အိမ်အမိုး၊ ရေတံလျှောက်များမှ ရေ စိမ့်ခြင်း၊ ရေယိုခြင်းများရှိနိုင်ခြင်းရှိ မရှိကို သေချာစိစစ်ရွေးချယ်ဖို့လိုပါမည်။မိမိကိုယ်တိုင်မတတ်ကျွမ်းပါက တတ်ကျွမ်းနားလည်သူများနှင့် ဝယ် မည့်အိမ်ကို ကြည့်ရှုသင့်သည်။
တံခါးပေါက်များ လုံခြုံမှုနှင့်လေဝင်လေထွက်ကောင်းခြင်း
တံခါးများ ဆွေးနေတတ်ခြင်း အလွယ်တကူ ပိတ်မရခြင်းများရှိ တတ်သည်။ အထူးသဖြင့် ရေချိုးခန်း တံခါး၊ ရေအိမ်တံခါးများကို သေချာ ကြည့်ရှုသင့်သည်။ ပြတင်းပေါက်များ လေဝင်လေထွက်ကောင်းခြင်းရှိ မရှိ။ ပြတင်းပေါက်နှင့် နံရံစပ်ကြားတွင် ကွာဟနေခြင်းရှိ မရှိ။ ရှိလျှင် စီလီ ကွန်ထိုးခြင်းနှင့် ဖော့ကြိုးပျော့ခံခြင်း ဖြင့် အလွယ်တကူပြုပြင်နိုင်ပါသ လားဆိုသည့်အချက်ကို စိစစ်သင့် သည်။
မီးလိုင်းအခြေအနေ
လျှပ်စစ်မီးကြိုးများ အခြေအနေ ကို အထူးဂရုပြုကြည့်ရှုစစ်ဆေးရန် လိုအပ်ပါသည်။ လွန်ခဲ့သော ဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့်က ဆောက်လုပ်ထား သည့် နေအိမ်ဖြစ်ပါက မီးကြိုးများ ခံနိုင်ရည်ရှိရန်အတွက် ပြုပြင်လဲ လှယ်သင့်သည်များ ရှိတတ်ပေသည်။ တစ်အိမ်လုံးသာ ပြုပြင်ရမည်ဆိုလျှင် စားရိတ်များစွာကျမည်ဖြစ်၍ ချင့်ချိန် တွက်ဆသင့်သည်။ မိမိသုံးစွဲမည့် လျှပ်စစ်ပစ္စည်းအခြေအနေ (ဥပမာ လေအေးပေးစက်၊ လျှပ်စစ်မီးဖို၊ ပန် ကာ) စသဖြင့် တွက်ဆဆောင်ရွက်ရ မည်ဖြစ်သည်။
အခန်းဖွဲ့စည်းမှုအခြေအနေ
သွားရောက်ကြည့်စဉ်က အခန်း လွတ်ဖြစ်သဖြင့် နေအိမ်ကျယ်ဝန်း သည်ဟု စိတ်အထင်ဖြစ်တတ်သည်။ အကျယ်အဝန်းကို တိတိကျကျတွက် ချက်သိရှိထားဖို့ လိုပါသည်။ များ သောအားဖြင့် အိမ်ဝယ်ပြီးမှ လိုအပ် သော အခန်းအကျယ်အဝန်း မဟုတ် ပဲ သေးငယ်နေသည်ဟု အတွေး ရောက်တတ်ပါသည်။ အခန်းဖွဲ့စည်းမှု မရှိသေးသည့် တိုက်ခန်းများဖြစ်လျှင် နေထိုင်မည့် မိမိ၏ မိသားစုအခြေ အနေကို သုံးသပ်ပြီး အခန်းဖွဲ့စည်း မည့်အပိုင်း စဉ်းစားထားရမည်။ သို့မှ သာ စိတ်ဆင်းရဲမှုကင်းဝေးမည်ဖြစ် သည်။
ရေဆက်သွယ်မှုပိုက်လိုင်းအခြေအနေ
အိမ်တစ်အိမ်ဝယ်မည်ဆိုလျှင် ရေရရှိမှုသည် အဓိကအပိုင်းဖြစ် သည်။ စက်ရေတွင်းဆိုလျှင် ရေထွက် အားနှင့် ရေသန့်ရှင်းမှုအခြေအနေကို လေ့လာကြည့်ရှုဖို့လိုအပ်သည်။ ရန် ကုန်မြို့ဆိုလျှင် အစိုးရရေလှောင်ကန် များမှ ပေးပို့သည့် အခြေအနေ၊ ဥပမာ- (ဂျိုးဖြူရေလှောင်ကန်၊ လှော် ကားရေ လှောင်ကန်) တို့ကို မေးမြန်း သိရှိထားရပါမည်။ အိမ်အတွင်းရေ ပိုက်လိုင်း များတပ်ဆင်မှုအခြေအနေ၊ မိမိစိတ်ကြိုက်ပြန်လည်ပြုပြင်ရမည့် အခြေအနေများကို တွက်ချက်ထားရ မည်ဖြစ်သည်။ တစ်ဆက်တည်းရေ မော်တာ အခြေအနေ၊ တိုက်ခန်းဖြစ် လျှင် မြေရှင်က တာဝန်ယူရေတင် ပေးသည့် အခြေအနေနှင့် ရေဖိုးက အစ သိထားရမည်ဖြစ်သည်။
ဆေးရောင်အခြေအနေ
အိမ်လုံးချင်းဖြစ်ပါက ခြံအဝင် ပေါက် တံခါးအပါအဝင် အဆောက် အအုံတစ်ခုလုံးကို ဆေးရောင်ပြန် လည် သုတ်ရန်လိုမလို။ နှစ်မည်မျှ ခံနိုင်မည်ကို သတိထားကြည့်ရှုသင့် သည်။ အတွင်းခန်းတွင်လည်း ပြန် လည် ဆေးသုတ်ရန်လိုအပ်ခြင်းရှိ မရှိ။ လက်ရှိ ဆေးရောင်မှာ စိတ် ကြိုက်မဖြစ်၍ အရောင်ပြောင်းသုတ် ရန် ကိစ္စတို့ကိုလည်း ထည့်သွင်းစဉ်း စားရပါမည်။ နေထိုင်သည့်အခါ စိတ် ကြည်လင်လန်းဆန်းဖို့အတွက် အထူး လိုအပ်ပါသည်။
အိမ်ကိုအလွတ်အတိုင်းမထားသင့်
မိမိဝယ်ယူလိုက်သောအိမ်၊ တိုက်ခန်းကို အလွတ်အတိုင်းမထား သင့်ပေ။ အလွတ်အတိုင်း လူမနေပါ က တစ်စထက်တစ်စညစ်ထေးသွား တတ်ပါသည်။ ထို့ကြောင့် အခန်း လွတ်အဖြစ်မထားပါနှင့်။ လူနေထိုင် ခြင်းဖြင့် ပြုပြင်သန့်ရှင်းသင့်ပါသည်။ ရွှေ့ပြောင်းသယ်ဆောင်လာသော ပစ္စည်းများကိုလည်း သေတ္တာပုံးထဲ တွင် ကြာရှည်စွာ ပိတ်မထားပါနှင့်။ ဧည့်ခန်းမှအစ သက်ဆိုင်ရာ အခန်း များတွင် နေရာချထားပါ။ အမြင် အာရုံအပြောင်းအလဲဖြင့် စိတ်ကြည် နူးမှုရစေပါသည်။
တန်ဖိုးသင့်ဖြစ်ဖို့လိုအပ်ခြင်း
အိမ်၊ တိုက်ခန်း ဝယ်ရာတွင် မိမိကိုယ်ပိုင်ငွေကြေးနှင့် ကုန်ကျ စရိတ်တို့ကို ချင့်ချိန်၍ တွက်ဆဝယ် ယူရသဖြင့် စိတ်တိုင်းကျမဖြစ်တတ် ကြပေ။ အသင့်နေထိုင်နိုင်သော အိမ် ဖြစ်သည့်တိုင် မိမိနှင့် ချက်ချင်းတစ် သားတည်းဖြစ်သွားခြင်း မရှိတတ် ပေ။ ပရိဘောဂအထားအသို၊ အပြင် အဆင်ကအစ အားလုံးပြုလုပ်ဆောင် ရွက်ပါ။ ကာလအတန်ကြာနေပြီး သော် အသားကျ၍ အိမ်တွင် နွေး ထွေးလုံခြုံမှု၊ စိတ်အေးချမ်းမှုရှိလာ တတ်သဖြင့် ပြုပြင်ပြောင်းလဲမှုလုပ် ရင်း နွေးထွေးမှုရယူနိုင်ကြောင်းအ ကြံပြုရေးသားလိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေ အတိုင်ပင်ခံ)
Photo Credit : Lilylaesotericadelamor
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ