By Sint Sint, Shweproperty.com
Updated at 3 December 2020
Unicode
“ကျွန်တော်က အိမ်နဲ့ မြေဝယ်ဖို့ စရန်ငွေပေးထားလိုက်တယ်။ အခုမှ ကန့်ကွက်သူပေါ်လာလို့ ဆရာ”ဟု အသိမိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ ရောက်လာပြီး ဆွေးနွေးခြင်းဖြစ်သည်။
“စရန်ငွေပေးစဉ်က သေချာမကြည့်ဘူးလား။ စာရွက်စာတမ်း ခိုင်လုံမှ ဝယ်သင့်တယ်။ ဂရန်မြေလား၊ ဘယ်လိုဖြစ်တာလဲ”
“ဟုတ်ကဲ့၊ ဝယ်စဉ်ကတော့ သူတစ်ဦးတည်းပိုင်သလို ပြောတာ ဆရာ။ သူ့အမေက ကျန်းမာရေး မကောင်းလို့ အပေါ်ထပ်လည်း မတက်နိုင်လို့ အခုရောင်းမယ့် အိမ်မှာ အိမ်ဖော်ကလေးမလေးတစ်ယောက်နဲ့ ထားတယ်ဆိုပြီး ပြောပါ တယ်”
“ဂရန်စာချုပ် မပြဘူးလား။ ဝယ်ထားတဲ့ မှတ်ပုံတင်စာချုပ်ပြပါသလား”
“ဂရန်စာချုပ်က ပေါင်ထားလို့ ပြန်ရွေးရမှာမို့ဆိုပြီး မိတ်္တူထုတ်ပြပါတယ်။ အဲဒီမှာတော့ ရောင်းမယ်ဆိုတဲ့ သူရဲ့အမည်တစ်ခုကိုပဲ တွေ့တယ်။ အခုမှ မောင်နှမသုံးဦး ပူးတွဲပိုင်တယ်ဆိုပြီး ကန့်ကွက်လာတာ ဆရာ”
“ကန့်ကွက်တဲ့စာက မောင်ရင်တို့ထံ ပေးပို့တာလား”
“မဟုတ်ဘူး ဆရာ၊ ကြေးမုံ သတင်းစာထဲမှာ ပါလာတာ ဆရ””
“အဲဒီ သတင်းစာပါလာသလား၊ ဖတ်ကြည့်တာပေါ့”ဟု စာရေးသူက တောင်းဆိုလိုက်ပါသည်။
လူငယ်လေးက အိတ်ထဲမှ သတင်းစာဖြတ်ပိုင်းကို ထုတ်ပြပါသည်။ စာရေးသူက လှမ်းယူ၍ ဖတ်ကြည့်မိသည်။
“ဒီကန့်ကွက်စာအရတော့ မူလက မိဘတွေဝယ်ထားတဲ့ အိမ်နဲ့ မြေလို့ ဆိုတယ်။ အိမ်ဟောင်းကိုပြင်ပြီး မိဘတွေက နှစ်ထပ်တိုက် ဆောက်လိုက်တယ်။ ဒါပေမယ့် မြေကွက် အမည်မပြောင်းခဲ့ဘူး။ မိခင်က မူလ ပိုင်ရှင်ထံက ကိုယ်စားလှယ်စာယူထားတယ်။ ဖခင်ကွယ်လွန်သွားတော့ မိခင်က သားသမီးတွေကို အရောင်း စာချုပ် ချုပ်ဆိုရောင်းတယ်။ ဂရန်အမည်ကို သားသမီး သုံးဦး အမည် ဖောက်တယ်။ ယခုအခါ ပူးတွဲပိုင်ရှင် ညီမက ရောင်းဖို့ စီစဉ်နေကြောင်း၊ ဒါကြောင့် ကျန်ပူးတွဲပိုင်ရှင်နှစ်ဦးရဲ့ သဘောတူညီချက်မပါဘဲ ရောင်းခြင်း၊ ဝယ်ခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း မပြုရန် တားမြစ်ကန့်ကွက်ကြောင်း ဖော်ပြထားတာ ဖြစ်တယ်”
“ဟုတ်ပါတယ် ဆရာ။ ဒီကန့် ကွက်စာအရတော့ ဂရန်အမည် ပေါက်က သုံးဦးအမည်ပေါက်လို့ ပြောပါတယ်။ ကျွန်တော်မသိတာက ကျွန်တော့်ထံပေးထားတဲ့ ဂရန်ဓာတ်ပုံမိတ္တူမှာက အခုရောင်းမယ်ဆိုတဲ့ ညီမရဲ့ အမည် တစ်ခုပဲပါတာ ဆရာ”
“ဒါကတော့ ဓာတ်ပုံမိတ္တူသဘောအရ၊ ဖျောက်ဖျက်ရိုက်ထားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မြေနဲ့ပတ်သက်လာရင် မူရင်းစာရွက်စာတမ်းတွေကို တောင်းကြည့်ပြီးမှ ယုံကြည်လို့ရတယ်။ ဒါတောင် ဂရန်မူရင်း နှစ်စောင်ထပ်နေတာမျိုးလည်း ရှိတတ်တယ်။ ဝယ်မယ်ဆိုရင် တော့ သက်ဆိုင်ရာမြေယာဌာနမှာ ထပ်မံစုံစမ်းဖို့ လို့ပါတယ်။ တစ်ဆက်တည်း မှတ်သားစရာတစ်ခုပြောရဦးမယ်။ အခုပြတဲ့ သတင်းစာပါ ကန့် ကွက်စာက ဖြတ်ညှပ်ထားတဲ့ စာရွက်အသေးဖြစ်နေတယ်။ အမှန်မှာ ကန့်ကွက်စာပါတဲ့ သတင်းစာရဲ့ စာမျက် နှာတစ်ခုလုံးကို လက်ခံယူထားရမှာ ဖြစ်တယ်။ ဒါမှ တရားရုံးမှာ သက်သေခံစာရွက်အဖြစ် တင်ပြဖို့ လိုအပ် လာရင် ဘယ်သတင်းစာ နေ့စွဲ။ စာမျက်နှာ စသဖြင့် အသေးစိတ်တင်ပြ နိုင်မှာဖြစ်တယ်။ ဒါကြောင့် သတင်း စာပါ ကန့်ကွက်လွှာအပိုင်းလေးပဲ ဖြတ်ယူမထားဘဲ၊ သတင်းစာရဲ့ စာမျက်နှာတစ်ခုလုံးကို ယူထားပါလို့ ဗဟုသုတအဖြစ် သိထားစေချင်တယ်”
“ဟုတ်ကဲ့၊ ကျွန်တော်တို့ရဲ့ အားနည်းချက်လို့ပဲ ပြောရမှာပေါ့ ဆရာ”
“ကျန်တဲ့ ပိုင်ရှင်နှစ်ဦးနဲ့တွေ့ သေးလား၊ သူတို့က ရောင်းဖို့ သဘောတူကြသလား”
“ကျွန်တော်တို့ ဆက်သွယ်ပါတယ် ဆရာ။ သူတို့ရဲ့ ရှေ့နေနဲ့လည်း တွေ့ပါတယ်”
“ကျန်တဲ့ ပိုင်ရှင်နှစ်ဦးကကော အိမ်နဲ့မြေကို ရောင်းဖို့ စိတ်ကူးရှိသလား။ လက်လွန်သွားမှာစိုးလို့။ ဒါမှ မဟုတ် ကြိုက်ဈေးမရမှာစိုးလို့ ကန့် ကွက်တာလည်း ဖြစ်နိုင်တယ်”
“ဟုတ်ကဲ့ ဆရာ။ အခုကိစ္စမှာ အကြီးဆုံး အစ်ကိုကြီးက နိုင်ငံခြား သင်္ဘောမှာ အလုပ် လုပ်တာဖြစ်ပြီး အတူမနေဘူးဆရာ။ အလတ်ဖြစ်တဲ့ မိန်းကလေးက တက္ကသိုလ်က ဆရာမ၊ အခုရောင်းမယ်ဆိုတဲ့ အိမ်မှာ မိခင် ကြီးနဲ့အတူနေတယ်။ ပြီးခဲ့တဲ့ တစ်နှစ် ခန့်ကစပြီး မကွေးတက္ကသိုလ်မှာ တာဝန်ပြောင်းရွှေ့ရလို့ ပြောင်းသွားရ တယ်။ သူ့ခင်ပွန်းက နေပြည်တော်က အစိုးရရုံးတစ်ရုံးမှာ အလုပ်လုပ်တယ်ပြောတယ်။ ဘယ်မှာလဲတော့ အတိအကျမသိဘူး”
“ဒါဆို အငယ်ညီမက လှည့်ပတ်ပြီး ရောင်းတဲ့ သဘောလား”
“ညီမဖြစ်သူက ရန်ကုန်မြို့ထဲက တိုက်ခန်းမှာနေတာ ဆရာ။ သူက ပထမ အိမ်ထောင်ပျက်သွားပြီး အခု လက်ရှိ အမျိုးသားက နောက်အိမ်ထောင်ဆရာ။ ယခင်က နိုင်ငံခြား သင်္ဘောသားလို့ ပြောတယ်။ နောက်ပိုင်းမှာ ကျန်းမာရေး မကောင်းလို့ အနားယူပြီး စီးပွားရေးလောကထဲ ရင်းနှီးမြှုပ်နှံဆောင်ရွက်တယ်လို့ သိရပါတယ်။ ကျွန်တော်နဲ့ ခင်မင်သိကျွမ်းတာကတော့ ကားဝယ်ရောင်းလုပ်ကြ သူချင်း သိကျွမ်းခင်မင်သွားကြတာ ပါ ဆရာ”
“ဒီအတိုင်းဆိုရင်တော့ မိသားစု အမွေကိစ်္စသဘော ဖြစ်နေပြီ”
“ဟုတ်ကဲ့ ဆက်ပြောရမယ်ဆိုရင်တော့ ညီမဖြစ်သူက အိမ်မြေ ရောင်းပြီး အမွေခွဲဖို့ တောင်းဆိုတယ် ပြောတယ်။ ဝယ်သူရှိရင် ရောင်းမယ်လို့ စိတ်ကူးပြီး လုပ်တာပေါ့ ဆရာ”
“မိမိတစ်ယောက်တည်းသဘောနဲ့ စိတ်ကူးဆောင်ရွက်လိုက်တာပဲ။ ကျန်တဲ့ မောင်နှမနှစ်ယောက်နဲ့ တွေ့တော့ ဘာပြောလဲ”
“သူတို့ကတော့ မိခင်ကြီး သက်ရှိထင်ရှားရှိနေစဉ်မှာတော့ ရောင်းဖို့ စိတ်ကူးမရှိဘူးလို့ ပြောပါတယ်။ ကျွန်တော်သိချင်တာက ဒီအိမ်နဲ့ မြေက မိဘတွေပိုင်ဆိုင်ပြီး မိခင်ကြီး သက်ရှိထင်ရှားရှိနေတော့ မိခင်ကြီးပိုင်ပဲ မဟုတ်ဘူးလား ဆရာ”
“မူလကတော့ မိဘတွေပိုင်တာပဲ။ ဒါပေမယ့် မိဘတွေက မူလပိုင်ရှင်ဆီက အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုဝယ်တာ မဟုတ်ဘဲ အရပ်ကတိစာချုပ်နဲ့ ဝယ်တယ်။ ပြီးတော့ မူလပိုင်ရှင်ရဲ့ ကိုယ်စားလုပ် ပိုင်ခွင့်အတွက် ကိုယ်စားလှယ်စာကို ဇနီးဖြစ်သူက ယူထားတယ်”
“မူလပိုင်ရှင်ထံက ကိုယ်စားလှယ်စာယူထားတော့ ပိုင်ရှင်ဖြစ် မလာဘူးလား ဆရာ”
“ကိုယ်စားလှယ်စာဆိုတာ ပေးသူကိုယ်စား လုပ်ပိုင်ခွင့်ပေးတာဖြစ်တယ်။ ပိုင်ဆိုင်ခွင့်လွှဲပြောင်းပေးတာ မဟုတ်ဘူး။ ဒါကြောင့် ဥပဒေအရ ကြည့်ရင် ဝယ်လိုက်တဲ့ မိဘတွေဟာ တရားဝင်ပိုင်ဆိုင်ခွင့်မရသေးဘူး။ မူလပိုင်ရှင်ကိုယ်စား ဆောင်ရွက်ခွင့်သာရတာဖြစ်တယ်။ တရားဝင် ပိုင်ဆိုင်သူမဟုတ်လို့ ခင်ပွန်းကွယ် လွန်တဲ့အခါ ဇနီးသည်က သားသမီးတွေကို အပေးစာချုပ်နဲ့ ပေးကမ်းခြင်း မပြုနိုင်ဘူး။ ဒါကြောင့် မူလပိုင်ရှင် ရဲ့ ကိုယ်စားလှယ်စာအရ မူလပိုင်ရှင်က မိမိရဲ့ သားသမီးသုံးဦးကို ရောင်းကြောင်း၊ အရောင်းမှတ်ပုံတင်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်”
“ဒါဆိုရင် ရောင်းသူက မိခင်ပေါ့”
“ဒီလို မဟုတ်ဘူး။ မိခင်က ရောင်းတာမဟုတ်ဘူး။ မူလအမည် ပေါက်ပိုင်ရှင်ဆီက ဝယ်တဲ့ သဘော ချုပ်ဆိုပြီး မိခင်ဖြစ်သူက မူလပိုင်ရှင်ရဲ့ ကိုယ်စားလှယ်စာရသူ တစ်နည်းအားဖြင့် မူလပိုင်ရှင်ကိုယ်စား ရောင်းသူအဖြစ် လက်မှတ်ရေးထိုး ပေးတာဖြစ်တယ်”
“မိခင်က မိမိပိုင်မြေနဲ့ အိမ်ဆို ပြီး တရားရုံးမှာ ပြန်တောင်းလို့ရလား”
ဒါနဲ့ ပတ်သက်လို့ရှင်းအောင် ပြောရရင် - ဦးဝင်းနိုင် (၎င်းင်း၏ အခွင့် ရကိုယ်စားလှယ် ဒေါ်ခင်ချိုဦး) နှင့် ဦးချစ်မောင်ပါ (၄) ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ - ၂၀၉ (တရားမအထူးအယူခံ အမှု) မှာ မိဘများက အရွယ်မ ရောက်သေးသည့် သားသမီးလေးဦး အမည်ဖြင့် မြေကွက်ဝယ်ယူ၍ ဂရန် အမည်ပေါက် အောင်ပြုလုပ်ပေးခဲ့သည်။ အရွယ်ရောက်ပြီး သားသမီး လေးဦးအမည်ပေါက်မြေနှင့် အိမ်ကို မိဘများက ၎င်းတို့ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာပေးရန် တရားရုံးသို့ လျှောက်ထားခဲ့ရာ တရားမ အထူး အယူခံခုံရုံးက - မိဘများမှ သား သမီး လေးဦးအမည်ဖြင့် ဝယ်ယူပြီး ဂရန်အမည်ပေါက် အကျိုးခံစားခွင့် ရရှိပြီးဖြစ်၍ မိဘများက ပိုင်ဆိုင်အ ကျိုးခံစားခွင့်ရှိသည်ဟု တောင်းဆို ပိုင်ခွင့်မရှိပေ။
အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ (၄၁) အရ ပိတ်ပင်ပြီးဖြစ်သည်။ သို့သော် အရောင်းအဝယ် စာချုပ်အရ ဝယ်ယူစဉ်က အချင်းဖြစ် အဆောက်အအုံ သုံးထပ်တိုက်မရှိသေးဘဲ အိမ်သေးသေးလေးသာရှိပြီး သားသမီးလေးဦး အမည် ဖြင့် ဝယ်ပြီးမှ မိဘငွေဖြင့် သုံးထပ်တိုက်ဆောက်ခဲ့၍ သုံးထပ်တိုက်မှာ မိဘများပိုင် ပစ်္စည်းအဖြစ် သတ်မှတ်ပေး ခဲ့ပါတယ်”
“အခုကိစ္စမှာလည်း မိခင်ကြီးက မပိုင်တော့ဘူးပေါ့။ အိမ်ကလည်း ဆောက်ပြီးမှ သားသမီးအမည်နဲ့ ဝယ်ခဲ့ရင် အိမ်လည်း မပိုင်ဘူးပေါ့”
“ဟုတ်ပါတယ်။ ဒါကြောင့် အဆင်ပြေရင်တော့ စရန်ငွေပြန်ယူလိုက်တာကောင်းတယ်လို့ အကြံပေးချင် ပါတယ်”
“ဟုတ်ကဲ့ပါ ဆရာ။ မိဘတွေ အနေနဲ့လည်း သားသမီးတွေကို မသေမီ ပစ္စည်းအားလုံးပေးမထားဖို့ သတိရှိရမယ်ဆိုတာ ဗဟုသုတရ လိုက်ပါတယ် ဆရာ”ဟု ပြောဆိုကာ ဆွေးနွေးခ ကန်တော့သွားပါသည်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
မြေအမျိုးအစားများနှင့် မြေကွက်နှင့်တိုက်ခန်းတွေကို ရောင်းဝယ်တဲ့အခါ အလိမ်မခံရအောင် တစ်ဆင့်ခြင်း ဘယ်လိုစာရွက်စာတမ်းတွေကို စစ်ဆေးယူရမလဲ
အိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များအလိုက် အကျိုးပေးထက်သန်နိုင်သောလုပ်ငန်းများ
အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ မြေဝယ်လျှင် သတိပြုသင့်သည့် စာရွက်စာတမ်းအတုများ
Zawgyi
“ကြၽန္ေတာ္က အိမ္နဲ႔ ေျမဝယ္ဖို႔ စရန္ေငြေပးထားလိုက္တယ္။ အခုမွ ကန႔္ကြက္သူေပၚလာလို႔ ဆရာ”ဟု အသိမိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ ေရာက္လာၿပီး ေဆြးေႏြးျခင္းျဖစ္သည္။
“စရန္ေငြေပးစဥ္က ေသခ်ာမၾကည့္ဘူးလား။ စာ႐ြက္စာတမ္း ခိုင္လုံမွ ဝယ္သင့္တယ္။ ဂရန္ေျမလား၊ ဘယ္လိုျဖစ္တာလဲ”
“ဟုတ္ကဲ့၊ ဝယ္စဥ္ကေတာ့ သူတစ္ဦးတည္းပိုင္သလို ေျပာတာ ဆရာ။ သူ႔အေမက က်န္းမာေရး မေကာင္းလို႔ အေပၚထပ္လည္း မတက္ႏိုင္လို႔ အခုေရာင္းမယ့္ အိမ္မွာ အိမ္ေဖာ္ကေလးမေလးတစ္ေယာက္နဲ႔ ထားတယ္ဆိုၿပီး ေျပာပါ တယ္”
“ဂရန္စာခ်ဳပ္ မျပဘူးလား။ ဝယ္ထားတဲ့ မွတ္ပုံတင္စာခ်ဳပ္ျပပါသလား”
“ဂရန္စာခ်ဳပ္က ေပါင္ထားလို႔ ျပန္ေ႐ြးရမွာမို႔ဆိုၿပီး မိတ္ၱဴထုတ္ျပပါတယ္။ အဲဒီမွာေတာ့ ေရာင္းမယ္ဆိုတဲ့ သူရဲ႕အမည္တစ္ခုကိုပဲ ေတြ႕တယ္။ အခုမွ ေမာင္ႏွမသုံးဦး ပူးတြဲပိုင္တယ္ဆိုၿပီး ကန႔္ကြက္လာတာ ဆရာ”
“ကန႔္ကြက္တဲ့စာက ေမာင္ရင္တို႔ထံ ေပးပို႔တာလား”
“မဟုတ္ဘူး ဆရာ၊ ေၾကးမုံ သတင္းစာထဲမွာ ပါလာတာ ဆရ””
“အဲဒီ သတင္းစာပါလာသလား၊ ဖတ္ၾကည့္တာေပါ့”ဟု စာေရးသူက ေတာင္းဆိုလိုက္ပါသည္။
လူငယ္ေလးက အိတ္ထဲမွ သတင္းစာျဖတ္ပိုင္းကို ထုတ္ျပပါသည္။ စာေရးသူက လွမ္းယူ၍ ဖတ္ၾကည့္မိသည္။
“ဒီကန႔္ကြက္စာအရေတာ့ မူလက မိဘေတြဝယ္ထားတဲ့ အိမ္နဲ႔ ေျမလို႔ ဆိုတယ္။ အိမ္ေဟာင္းကိုျပင္ၿပီး မိဘေတြက ႏွစ္ထပ္တိုက္ ေဆာက္လိုက္တယ္။ ဒါေပမယ့္ ေျမကြက္ အမည္မေျပာင္းခဲ့ဘူး။ မိခင္က မူလ ပိုင္ရွင္ထံက ကိုယ္စားလွယ္စာယူထားတယ္။ ဖခင္ကြယ္လြန္သြားေတာ့ မိခင္က သားသမီးေတြကို အေရာင္း စာခ်ဳပ္ ခ်ဳပ္ဆိုေရာင္းတယ္။ ဂရန္အမည္ကို သားသမီး သုံးဦး အမည္ ေဖာက္တယ္။ ယခုအခါ ပူးတြဲပိုင္ရွင္ ညီမက ေရာင္းဖို႔ စီစဥ္ေနေၾကာင္း၊ ဒါေၾကာင့္ က်န္ပူးတြဲပိုင္ရွင္ႏွစ္ဦးရဲ႕ သေဘာတူညီခ်က္မပါဘဲ ေရာင္းျခင္း၊ ဝယ္ျခင္း၊ ငွားရမ္းျခင္း၊ လႊဲေျပာင္းျခင္း၊ ေပးကမ္းျခင္း မျပဳရန္ တားျမစ္ကန႔္ကြက္ေၾကာင္း ေဖာ္ျပထားတာ ျဖစ္တယ္”
“ဟုတ္ပါတယ္ ဆရာ။ ဒီကန႔္ ကြက္စာအရေတာ့ ဂရန္အမည္ ေပါက္က သုံးဦးအမည္ေပါက္လို႔ ေျပာပါတယ္။ ကြၽန္ေတာ္မသိတာက ကြၽန္ေတာ့္ထံေပးထားတဲ့ ဂရန္ဓာတ္ပုံမိတၱဴမွာက အခုေရာင္းမယ္ဆိုတဲ့ ညီမရဲ႕ အမည္ တစ္ခုပဲပါတာ ဆရာ”
“ဒါကေတာ့ ဓာတ္ပုံမိတၱဴသေဘာအရ၊ ေဖ်ာက္ဖ်က္႐ိုက္ထားတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ ဘာပဲျဖစ္ျဖစ္ ေျမနဲ႔ပတ္သက္လာရင္ မူရင္းစာ႐ြက္စာတမ္းေတြကို ေတာင္းၾကည့္ၿပီးမွ ယုံၾကည္လို႔ရတယ္။ ဒါေတာင္ ဂရန္မူရင္း ႏွစ္ေစာင္ထပ္ေနတာမ်ိဳးလည္း ရွိတတ္တယ္။ ဝယ္မယ္ဆိုရင္ ေတာ့ သက္ဆိုင္ရာေျမယာဌာနမွာ ထပ္မံစုံစမ္းဖို႔ လို႔ပါတယ္။ တစ္ဆက္တည္း မွတ္သားစရာတစ္ခုေျပာရဦးမယ္။ အခုျပတဲ့ သတင္းစာပါ ကန႔္ ကြက္စာက ျဖတ္ညႇပ္ထားတဲ့ စာ႐ြက္အေသးျဖစ္ေနတယ္။ အမွန္မွာ ကန႔္ကြက္စာပါတဲ့ သတင္းစာရဲ႕ စာမ်က္ ႏွာတစ္ခုလုံးကို လက္ခံယူထားရမွာ ျဖစ္တယ္။ ဒါမွ တရား႐ုံးမွာ သက္ေသခံစာ႐ြက္အျဖစ္ တင္ျပဖို႔ လိုအပ္ လာရင္ ဘယ္သတင္းစာ ေန႔စြဲ။ စာမ်က္ႏွာ စသျဖင့္ အေသးစိတ္တင္ျပ ႏိုင္မွာျဖစ္တယ္။ ဒါေၾကာင့္ သတင္း စာပါ ကန႔္ကြက္လႊာအပိုင္းေလးပဲ ျဖတ္ယူမထားဘဲ၊ သတင္းစာရဲ႕ စာမ်က္ႏွာတစ္ခုလုံးကို ယူထားပါလို႔ ဗဟုသုတအျဖစ္ သိထားေစခ်င္တယ္”
“ဟုတ္ကဲ့၊ ကြၽန္ေတာ္တို႔ရဲ႕ အားနည္းခ်က္လို႔ပဲ ေျပာရမွာေပါ့ ဆရာ”
“က်န္တဲ့ ပိုင္ရွင္ႏွစ္ဦးနဲ႔ေတြ႕ ေသးလား၊ သူတို႔က ေရာင္းဖို႔ သေဘာတူၾကသလား”
“ကြၽန္ေတာ္တို႔ ဆက္သြယ္ပါတယ္ ဆရာ။ သူတို႔ရဲ႕ ေရွ႕ေနနဲ႔လည္း ေတြ႕ပါတယ္”
“က်န္တဲ့ ပိုင္ရွင္ႏွစ္ဦးကေကာ အိမ္နဲ႔ေျမကို ေရာင္းဖို႔ စိတ္ကူးရွိသလား။ လက္လြန္သြားမွာစိုးလို႔။ ဒါမွ မဟုတ္ ႀကိဳက္ေဈးမရမွာစိုးလို႔ ကန႔္ ကြက္တာလည္း ျဖစ္ႏိုင္တယ္”
“ဟုတ္ကဲ့ ဆရာ။ အခုကိစၥမွာ အႀကီးဆုံး အစ္ကိုႀကီးက ႏိုင္ငံျခား သေဘၤာမွာ အလုပ္ လုပ္တာျဖစ္ၿပီး အတူမေနဘူးဆရာ။ အလတ္ျဖစ္တဲ့ မိန္းကေလးက တကၠသိုလ္က ဆရာမ၊ အခုေရာင္းမယ္ဆိုတဲ့ အိမ္မွာ မိခင္ ႀကီးနဲ႔အတူေနတယ္။ ၿပီးခဲ့တဲ့ တစ္ႏွစ္ ခန႔္ကစၿပီး မေကြးတကၠသိုလ္မွာ တာဝန္ေျပာင္းေ႐ႊ႕ရလို႔ ေျပာင္းသြားရ တယ္။ သူ႔ခင္ပြန္းက ေနျပည္ေတာ္က အစိုးရ႐ုံးတစ္႐ုံးမွာ အလုပ္လုပ္တယ္ေျပာတယ္။ ဘယ္မွာလဲေတာ့ အတိအက်မသိဘူး”
“ဒါဆို အငယ္ညီမက လွည့္ပတ္ၿပီး ေရာင္းတဲ့ သေဘာလား”
“ညီမျဖစ္သူက ရန္ကုန္ၿမိဳ႕ထဲက တိုက္ခန္းမွာေနတာ ဆရာ။ သူက ပထမ အိမ္ေထာင္ပ်က္သြားၿပီး အခု လက္ရွိ အမ်ိဳးသားက ေနာက္အိမ္ေထာင္ဆရာ။ ယခင္က ႏိုင္ငံျခား သေဘၤာသားလို႔ ေျပာတယ္။ ေနာက္ပိုင္းမွာ က်န္းမာေရး မေကာင္းလို႔ အနားယူၿပီး စီးပြားေရးေလာကထဲ ရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္တယ္လို႔ သိရပါတယ္။ ကြၽန္ေတာ္နဲ႔ ခင္မင္သိကြၽမ္းတာကေတာ့ ကားဝယ္ေရာင္းလုပ္ၾက သူခ်င္း သိကြၽမ္းခင္မင္သြားၾကတာ ပါ ဆရာ”
“ဒီအတိုင္းဆိုရင္ေတာ့ မိသားစု အေမြကိစ္ၥသေဘာ ျဖစ္ေနၿပီ”
“ဟုတ္ကဲ့ ဆက္ေျပာရမယ္ဆိုရင္ေတာ့ ညီမျဖစ္သူက အိမ္ေျမ ေရာင္းၿပီး အေမြခြဲဖို႔ ေတာင္းဆိုတယ္ ေျပာတယ္။ ဝယ္သူရွိရင္ ေရာင္းမယ္လို႔ စိတ္ကူးၿပီး လုပ္တာေပါ့ ဆရာ”
“မိမိတစ္ေယာက္တည္းသေဘာနဲ႔ စိတ္ကူးေဆာင္႐ြက္လိုက္တာပဲ။ က်န္တဲ့ ေမာင္ႏွမႏွစ္ေယာက္နဲ႔ ေတြ႕ေတာ့ ဘာေျပာလဲ”
“သူတို႔ကေတာ့ မိခင္ႀကီး သက္ရွိထင္ရွားရွိေနစဥ္မွာေတာ့ ေရာင္းဖို႔ စိတ္ကူးမရွိဘူးလို႔ ေျပာပါတယ္။ ကြၽန္ေတာ္သိခ်င္တာက ဒီအိမ္နဲ႔ ေျမက မိဘေတြပိုင္ဆိုင္ၿပီး မိခင္ႀကီး သက္ရွိထင္ရွားရွိေနေတာ့ မိခင္ႀကီးပိုင္ပဲ မဟုတ္ဘူးလား ဆရာ”
“မူလကေတာ့ မိဘေတြပိုင္တာပဲ။ ဒါေပမယ့္ မိဘေတြက မူလပိုင္ရွင္ဆီက အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆိုဝယ္တာ မဟုတ္ဘဲ အရပ္ကတိစာခ်ဳပ္နဲ႔ ဝယ္တယ္။ ၿပီးေတာ့ မူလပိုင္ရွင္ရဲ႕ ကိုယ္စားလုပ္ ပိုင္ခြင့္အတြက္ ကိုယ္စားလွယ္စာကို ဇနီးျဖစ္သူက ယူထားတယ္”
“မူလပိုင္ရွင္ထံက ကိုယ္စားလွယ္စာယူထားေတာ့ ပိုင္ရွင္ျဖစ္ မလာဘူးလား ဆရာ”
“ကိုယ္စားလွယ္စာဆိုတာ ေပးသူကိုယ္စား လုပ္ပိုင္ခြင့္ေပးတာျဖစ္တယ္။ ပိုင္ဆိုင္ခြင့္လႊဲေျပာင္းေပးတာ မဟုတ္ဘူး။ ဒါေၾကာင့္ ဥပေဒအရ ၾကည့္ရင္ ဝယ္လိုက္တဲ့ မိဘေတြဟာ တရားဝင္ပိုင္ဆိုင္ခြင့္မရေသးဘူး။ မူလပိုင္ရွင္ကိုယ္စား ေဆာင္႐ြက္ခြင့္သာရတာျဖစ္တယ္။ တရားဝင္ ပိုင္ဆိုင္သူမဟုတ္လို႔ ခင္ပြန္းကြယ္ လြန္တဲ့အခါ ဇနီးသည္က သားသမီးေတြကို အေပးစာခ်ဳပ္နဲ႔ ေပးကမ္းျခင္း မျပဳႏိုင္ဘူး။ ဒါေၾကာင့္ မူလပိုင္ရွင္ ရဲ႕ ကိုယ္စားလွယ္စာအရ မူလပိုင္ရွင္က မိမိရဲ႕ သားသမီးသုံးဦးကို ေရာင္းေၾကာင္း၊ အေရာင္းမွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္တယ္”
“ဒါဆိုရင္ ေရာင္းသူက မိခင္ေပါ့”
“ဒီလို မဟုတ္ဘူး။ မိခင္က ေရာင္းတာမဟုတ္ဘူး။ မူလအမည္ ေပါက္ပိုင္ရွင္ဆီက ဝယ္တဲ့ သေဘာ ခ်ဳပ္ဆိုၿပီး မိခင္ျဖစ္သူက မူလပိုင္ရွင္ရဲ႕ ကိုယ္စားလွယ္စာရသူ တစ္နည္းအားျဖင့္ မူလပိုင္ရွင္ကိုယ္စား ေရာင္းသူအျဖစ္ လက္မွတ္ေရးထိုး ေပးတာျဖစ္တယ္”
“မိခင္က မိမိပိုင္ေျမနဲ႔ အိမ္ဆို ၿပီး တရား႐ုံးမွာ ျပန္ေတာင္းလို႔ရလား”
ဒါနဲ႔ ပတ္သက္လို႔ရွင္းေအာင္ ေျပာရရင္ - ဦးဝင္းႏိုင္ (၎င္း၏ အခြင့္ ရကိုယ္စားလွယ္ ေဒၚခင္ခ်ိဳဦး) ႏွင့္ ဦးခ်စ္ေမာင္ပါ (၄) ၂၀၁၅ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထုံး စာမ်က္ ႏွာ - ၂၀၉ (တရားမအထူးအယူခံ အမႈ) မွာ မိဘမ်ားက အ႐ြယ္မ ေရာက္ေသးသည့္ သားသမီးေလးဦး အမည္ျဖင့္ ေျမကြက္ဝယ္ယူ၍ ဂရန္ အမည္ေပါက္ ေအာင္ျပဳလုပ္ေပးခဲ့သည္။ အ႐ြယ္ေရာက္ၿပီး သားသမီး ေလးဦးအမည္ေပါက္ေျမႏွင့္ အိမ္ကို မိဘမ်ားက ၎တို႔ ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာေပးရန္ တရား႐ုံးသို႔ ေလွ်ာက္ထားခဲ့ရာ တရားမ အထူး အယူခံခုံ႐ုံးက - မိဘမ်ားမွ သား သမီး ေလးဦးအမည္ျဖင့္ ဝယ္ယူၿပီး ဂရန္အမည္ေပါက္ အက်ိဳးခံစားခြင့္ ရရွိၿပီးျဖစ္၍ မိဘမ်ားက ပိုင္ဆိုင္အ က်ိဳးခံစားခြင့္ရွိသည္ဟု ေတာင္းဆို ပိုင္ခြင့္မရွိေပ။
ေအာက္ျမန္မာျပည္ ၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အက္ဥပေဒ ပုဒ္မ (၄၁) အရ ပိတ္ပင္ၿပီးျဖစ္သည္။ သို႔ေသာ္ အေရာင္းအဝယ္ စာခ်ဳပ္အရ ဝယ္ယူစဥ္က အခ်င္းျဖစ္ အေဆာက္အအုံ သုံးထပ္တိုက္မရွိေသးဘဲ အိမ္ေသးေသးေလးသာရွိၿပီး သားသမီးေလးဦး အမည္ ျဖင့္ ဝယ္ၿပီးမွ မိဘေငြျဖင့္ သုံးထပ္တိုက္ေဆာက္ခဲ့၍ သုံးထပ္တိုက္မွာ မိဘမ်ားပိုင္ ပစ္ၥည္းအျဖစ္ သတ္မွတ္ေပး ခဲ့ပါတယ္”
“အခုကိစၥမွာလည္း မိခင္ႀကီးက မပိုင္ေတာ့ဘူးေပါ့။ အိမ္ကလည္း ေဆာက္ၿပီးမွ သားသမီးအမည္နဲ႔ ဝယ္ခဲ့ရင္ အိမ္လည္း မပိုင္ဘူးေပါ့”
“ဟုတ္ပါတယ္။ ဒါေၾကာင့္ အဆင္ေျပရင္ေတာ့ စရန္ေငြျပန္ယူလိုက္တာေကာင္းတယ္လို႔ အႀကံေပးခ်င္ ပါတယ္”
“ဟုတ္ကဲ့ပါ ဆရာ။ မိဘေတြ အေနနဲ႔လည္း သားသမီးေတြကို မေသမီ ပစၥည္းအားလုံးေပးမထားဖို႔ သတိရွိရမယ္ဆိုတာ ဗဟုသုတရ လိုက္ပါတယ္ ဆရာ”ဟု ေျပာဆိုကာ ေဆြးေႏြးခ ကန္ေတာ့သြားပါသည္။
ဖတ္ရႈမႈအမ်ားအဆုံး အိမ္ၿခံေျမဗဟုသုတမ်ား
ေျမအမ်ိဳးအစားမ်ားႏွင့္ ေျမကြက္ႏွင့္တိုက္ခန္းေတြကို ေရာင္းဝယ္တဲ့အခါ အလိမ္မခံရေအာင္ တစ္ဆင့္ျခင္း ဘယ္လိုစာ႐ြက္စာတမ္းေတြကို စစ္ေဆးယူရမလဲ
အိမ္နံပါတ္၊ ၿခံနံပါတ္၊ အခန္းနံပါတ္မ်ားအလိုက္ အက်ိဳးေပးထက္သန္ႏိုင္ေသာလုပ္ငန္းမ်ား
အိမ္ၿခံေျမဝယ္ယူလိုသူမ်ား သတိျပဳစရာ ေျမဝယ္လွ်င္ သတိျပဳသင့္သည့္ စာ႐ြက္စာတမ္းအတုမ်ား
Credit : Zaygwet Journal
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ