By Kumudra, Shweproperty.com
Updated at 7 February 2018
အိမ်ငှားရှိတဲ့အိမ်ကို ဝယ်ယူမယ်ဆိုရင် သတိပြုစရာ အချက်အလက်တွေရှိနေတယ်လို့ သိရပါတယ်။ အိမ်ငှားရှိတဲ့ အိမ်ဆိုတာက နှစ်မျိုးနှစ်စား ရှိပါတယ်။
ပထမအချက်အနေနဲ့ အိမ်ငှားတင်ထားတဲ့ မြေကွက်နဲ့ လုံးချင်းအိမ်ဖြစ်ပြီးတော့ ဒုတိယကတော့ အပျောက်စနစ်နဲ့ ရောင်းထားတဲ့ တိုက်ခန်းတွေပါရှိတဲ့ မြေကို ဝယ်တာ ဖြစ်ပါတယ်။
အိမ်ငှားရှိနေတဲ့ အိမ်ကို ဝယ်လိုက်ရုံနဲ့ အလိုအလျောက် အိမ်ငှားသူတွေရဲ့ အိမ်ရှင်အဖြစ် ရောက်မလာပါဘူး။ ဥပဒေနဲ့အညီ အရောင်းအဝယ်မှတ်ပုံတင်ဖို့ စာချုပ် လိုအပ်ပါတယ်။ ဒါ့အပြင် အရောင်းအဝယ်စာချုပ် မှတ်ပုံမတင်မီ ကိုယ်စားလှယ်လွှဲစာ ယူထားရုံနဲ့လည်း ဝယ်ထားတဲ့အိမ်မြေရဲ့ ပိုင်ရှင် ဖြစ်မလာပါဘူး။ လခယူရင်လည်း မူလအိမ်ရှင်ရဲ့ ကိုယ်စား၊ ကိုယ်စားလှယ်လွှဲစာရသူအဖြစ်သာ ရှိမှာဖြစ်ပြီးတော့ အိမ်ရှင် မဖြစ်ပါဘူး။ ဒါကြောင့် အိမ်ငှားရှိတဲ့အိမ်ကို ဝယ်မယ်ဆိုရင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်က အဓိကပဲ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခန်းတွေဆိုရင် ပိုပြီးအခက်အခဲရှိပါတယ်။ တိုက်ခန်းတွေမှာဆိုရင်လည်း အရင်တုန်းက နှစ်ထပ်၊ သုံးထပ် ဆောက်ထားတဲ့ တိုက်ခန်းတွေကို အထပ်မြင့်အဆောက်အအုံ ဆောက်မယ်ဆိုပြီး မြေပိုင်ရှင်ဆီက မြေကွက်ကို တန်ဖိုးဖြတ်ပြီး ဝယ်သူတွေ ရှိတယ်။ တိုက်ခန်းတွေက အပျောက်စနစ်နဲ့ ရောင်းထားတဲ့ တိုက်ခန်းတွေဖြစ်တဲ့အတွက် အရောင်းအဝယ်လုပ်လို့ မရပါဘူး။ ဒါပေမယ့် ဥပဒေအရတော့ တိုက်ခန်းငှားသူတွေဟာ မြေရှင်ကို အိမ်လခပေးတဲ့အတွက် မြေရှင်နဲ့ အိမ်ရှင်အိမ်ငှားအဖြစ် ရှိနေတယ်လို့ သိရပါတယ်။ သည်လိုမျိုးဆိုရင် ဝယ်ယူသူက အိမ်ခန်းတစ်ခန်းမှမပါဘဲ အရောင်းအဝယ်စာချုပ်ဖြစ်လို့ မဖြစ်မနေ မှတ်ပုံတင်စာချုပ် ချုပ်ဖို့လိုပါတယ်။ ဒါမှ မြေကွက်အမည်ပြောင်းပြီး တရားဝင် ပိုင်ဆိုင်မှာဖြစ်တယ်။ ဒါကြောင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်က အဓိက ဖြစ်ပါတယ်။
“ပထမအချက်ကတော့ ရောင်းသူအိမ်မြေပိုင်ရှင်က အိမ်ငှားကို မိမိဟာ မြေနဲ့အိမ်ကို ရောင်းလိုက်ပြီဖြစ်တယ်လို့ အသိပေးရမှာ ဖြစ်တယ်။ ဒုတိယအချက်က ဝယ်သူနဲ့ အိမ်ငှားကို တွေ့ပေးရမယ်။ တတိယအချက်က ဝယ်သူနဲ့ အိမ်ငှား နှစ်ဖက်သဘောတူ အိမ်ရှင်အိမ်ငှားစာချုပ် ထပ်ချုပ်ရမယ်။ နောက်ဆုံးအချက်ကတော့ မြေနဲ့ အိမ်ပိုင်ရှင်အသစ်က အိမ်ရှင်အဖြစ် အိမ်ငှားဆီက အိမ်လခရရှိမှာ ဖြစ်ပါတယ်”လို့ အိမ်ခြံမြေဥပဒေအကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
အဲသည်အချက်တွေနဲ့ ပြည့်စုံရင် ဆောင်ရွက်နိုင်ရင် အိမ်မြေ ဝယ်သူနဲ့ အိမ်ငှားဟာ အခုဥပဒေအရ အိမ်ရှင်အိမ်ငှားဆက်စပ်မှုရရှိမှာ ဖြစ်ပါတယ်။ အကောင်းဆုံးအနေနဲ့ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ဦးနှစ်ဖက်အရောင်းအဝယ်စာချုပ်က ခိုင်မာတဲ့အထောက်အထားဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ