By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 16 June 2018
လယ်ယာမြေ ဥပဒေက ၂ဝ၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တယ်။ လယ်ယာမြေဆိုတာ လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ ဥယျာဉ်ခြံမြေ၊ မြေနုကျွန်း မြေများပါဝင်တယ်လို့ ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အဲဒီမှာ လယ်မြေဆိုတာက စိုက်ပျိုးရေးယူပြီး စပါးသီးနှံ အဓိက စိုက်ပျိုးမြေလို့ သီခြားအဓိပ္ပာယ်ဖွင့်ဆိုထားတာတွေ့ရပါတယ်။
လယ်ယာမြေဥပဒေအရ လွှဲပြောင်းရောင်းချခွင့်ရှိသလား?
လယ်ယာမြေ ဥပဒေပုဒ်မ-၉မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရသူဟာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လွှဲပြောင်းရောင်းချ၊ ပေါင်နှံ၊ ငှားရမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အဓိကအချက် ကတော့ လယ်ယာမြေလုပ်ပိုင်ခွင့်ကို လွှဲပြောင်းရောင်းချတာပဲ။
လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လွှဲပြောင်း၊ ရောင်းချတယ်ဆိုတော့ ဘယ်လို စာရွက်စာတမ်း အထောက်အထားကို ရယူဖို့လိုပါသလဲ?
သက်ဆိုင်ရာက လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ကို ထုတ်ပေးထားပါတယ်။ ပုံစံ (၇) လယ် ယာမြေလုပ်ပိုင်ခွင့် လက်မှတ်နဲ့အတူ တွဲပြီး မြေစာရင်းပုံစံ (၁ဝ၅) လို့ ခေါ် တဲ့ မြေပုံမြေရာဇဝင် စာရွက်လည်း ပါရှိရမှာပါ။
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇) နဲ့ မြေကွက် မြေပုံပါရှိတဲ့ ပုံစံ (၁ဝ၅) ရှိမရှိ စုံစမ်းဖို့လိုပါတယ်။
မြေစာရင်းပုံစံ (၁ဝ၅) မှာလည်း နှစ်မျိုးထုတ်ပေးထားပါတယ်။
အဖြူရောင် စာရွက်ပေါ်မှာ မြေပုံဆွဲထားတဲ့ စာရွက်စာတမ်းနဲ့ အပြာရောင်စာရွက်ဆိုဒ် အရှည်နဲ့ ထုတ်ပေးထားတဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။
ပုံစံ ၁ဝ၅ အပြာ ရောင်မြေပုံ စာရွက်စာတမ်းကတော့ ဘဏ်ချေးငွေ ထုတ်ယူဖို့ လျှောက်ထားတဲ့ စာရွက် စာတမ်းဖြစ်တယ်။
ပုံစံ (၇) နဲ့ ပုံစံ ၁ဝ၅ ရှိရင် တရားဝင် လွှဲပြောင်းရောင်းချနိုင်ပါတယ်။
လယ်ယာမြေ ဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် ရှိသူဟာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးမှာ မှတ်ပုံတင် စာချုပ်စာတမ်းချုပ်ဆိုဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
သက်ဆိုင်ရာ မြေ စာရင်းဦးစီးဌာနမှာ စုံစမ်းရယူနိုင်ပါတယ်။
လုပ်ပိုင်ခွင့်ပုံစံ (၇) ထုတ်ပေးထားခြင်းရှိမရှိ၊ ပုံစံ ၁ဝ၅ မြေပုံမြေရာဇဝင်ပါမပါတို့ကို စိစစ်ကြည့်ရှုပြီးမှ ဝယ်သင့်ပါတယ်။
တချို့က လယ်ယာ မြေတွေကို လူနေခွင့်ရဖို့ လျှောက်ထားရယူနိုင်တယ်လို့ ပြောပါတယ်။
လယ်ယာမြေကို လွှဲပြောင်းရောင်းချတယ်ဆိုတာ လယ်ယာမြေပေါ်မှာ စိုက်ပျိုး လုပ်ကိုင်ခွင့်၊ လွှဲပြောင်းရောင်းချတာ ဖြစ်တယ်။
ဒါကြောင့် အဲဒီ လယ်ယာမြေပေါ်မှာ လူနေထိုင်ခွင့်မရသေးပါ။ စိုက်ပျိုးလုပ်ကိုင်ခွင့်သာရရှိတာ ဖြစ်တယ်။
လယ်ယာမြေကို လူနေထိုင်ဖို့ ဝယ်မယ်ဆိုရင်သတိထားဖို့လိုပါတယ်။
Written By : Shwe Kyaw (ShweProperty.com)
Photo Credit : Scmp
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ