By Kumudra, Shweproperty.com
Updated at 1 February 2018
အိမ်ဝယ်ယူသူ အများစုဟာ အခက်အခဲတွေ ကြုံ တွေ့ရပြီး အဓိကအိမ်ဝယ်တဲ့အခါ ရွေးချယ်သင့်တဲ့ သတိထားစဉ်းစားရမယ့် အချက်တွေရှိနေတယ်လို့ သိရပါတယ်။
လိုချင်တဲ့အချက်အလက်တွေနဲ့ ပြီးပြည့်စုံတဲ့ အိမ်တစ်လုံးရှာဖွေ တွေ့ရှိဖို့ဆိုတာ တကယ့်ကို ရှားပါး ဖြစ်စဉ်ဖြစ်ပေမဲ့ အများစုကတော့ ရွေးချယ်လိုက်ပြီးခါမှ အားမလို အားမရ ဖြစ်နေတတ်ကြတာများ တယ်လို့ အိမ်ခြံမြေအကျိုးဆောင် ကိုသူရက ပြောပါတယ်။
ပထမဆုံးအချက်က ကိုယ်ပိုင် ဝယ်ယူနေထိုင်တာထက် ငှားနေ တာက လက်ရှိအနေအထားနဲ့ ပိုအ ဆင်ပြေမလားဆိုတာ စဉ်းစားရပါ မယ်။ လက်ရှိ အိမ်ခြံမြေဈေးကွက် အနေအထား၊ နောက် ငါးနှစ်အတွင်း ပြောင်းလဲသွားနိုင်တဲ့ ဈေးကွက်အနေအထားနဲ့ လစဉ်ဝင်ငွေတို့ကလည်း အဓိကကျလှပါ တယ်။
ဝယ်ယူတဲ့အခါ လစဉ်ကုန်ကျ စရိတ်ကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဝယ်ယူနိုင်တဲ့ ငွေကြေးအတွင်းမှာရှိပြီး လို ချင်တဲ့အချက်အလက်ရှိတဲ့ အိမ်တစ်လုံးကို ရှာတွေ့ပေမဲ့ အလျင်စလို မဝယ်သင့်ပါဘူး။ ကိုယ်စု ထားတဲ့ ငွေထဲက အိမ်ဝယ်ပြီး ပိုလျှံမယ့် ငွေကြေးဟာ ဝန်ဆောင်ခပေးဖို့၊ အခွန်ဆောင်ဖို့၊ အာမခံထား ဖို့ လောက်ငရဲ့လားဆိုတာ တွက်ချက်သင့်ပါတယ်။ အိမ်ဝယ်ယူပြီး နေထိုင်တဲ့အခါ ကွန်ဒိုဆို အလုံးစုံ ဝန်ဆောင်မှု နေ့စဉ်ပေးရ မယ့် ငွေကြေးစတာတွေနဲ့ မြေခွန်၊ ရေခွန်၊ မီးခွန်၊ သာရေး၊ နာရေး၊ တခြားအလှူအတန်းနဲ့ အရေးပေါ် လိုအပ်မယ့် ငွေကြေးတွေအတွက် ကာမိ တဲ့ဝင်ငွေ ရှိရဲ့လားဆိုတာ စဉ်းစားသင့်တယ်လို့ သိရပါ တယ်။
အရစ်ကျစနစ်နဲ့ ဝယ်မယ်ဆို ရင်လည်း လက်ရှိ အလုပ်အကိုင်၊ ဝင်ငွေလမ်းကြောင်းရဲ့ အာမခံမှုစတာတွေကိုပါ စဉ်းစားသင့်တယ်။ ဝယ်ယူရင် လစဉ် ကုန်ကျမယ့် စားစရိတ်နဲ့ ငှားနေတဲ့ အခါ လစဉ် ကုန် ကျမယ့် စားစရိတ်ကို နှိုင်းယှဉ် တွက်ချက်ပြီး ဘယ်လို နေထိုင်မှုက ကိုယ့်အတွက် ပိုသက်သောင့်သက်သာ ဖြစ်စေနိုင်မလဲဆိုတာကို ပါ အသေအချာ စဉ်းစားနိုင်မှ တော်ကာကျမယ့် ကိစ္စတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေရှည်အတွက် စဉ်းစားပြီး ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်သင့်ပါတယ်။ ဈေးနီး၊ ကျောင်းနီး၊ ဆေးရုံဆေးခန်းနီး၊ ပို့ ဆောင်ဆက်သွယ်ရေးအားလုံးနဲ့ အလှမ်းမဝေးဘဲ သွားရလာရ လွယ်ပြီး လုံခြုံစိတ်ချမှုရှိတဲ့ နေရာ မျိုးဖြစ်ဖို့ကလည်း လိုပါသေး တယ်။ ဒါကြောင့် အိမ်ဝယ်မယ် ဆိုရင် သေချာသုံးသပ်ပြီး ရွေးချယ်သင့်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်တွေဆီက သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ