By Ra Wai, Shweproperty.com
Updated at 27 July 2020
က။ ဒေါ်သိုင်း နှင့်ဒေါ်ငွတ် ( ၁၉၄၉ မတစ လွှတ်တော် ၄၇၁ ) တွင် အသက် ၇၂ နှစ်အရွယ်ရှိ ဒေါ်ရွှေရီ ဆိုသူသည် မသေမီ ကိုးရက်အလိုတွင် မှတ်ပုံတင်အရာရှိကို အိမ်သို့ခေါ်ယူပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ရှိသမျှ ပစ္စည်း အားလုံးကို ၎င်းအား နှစ်ပေါင်းများစွာ ပြုစုသူအား ပေးကမ်းခဲ့သည်။ ဒေါ်ရွှေရီသည် နှစ်ပေါင်း အတော် ကြာ ကိုယ်ရေပြားရောဂါဖြစ်ပြီး မှတ်ပုံတင်စာချုပ်သည့် အချိန်တွင် မမာမကျန်းဖြစ်နေသည်။ ထို့ကြောင့် အဆိုပါ စာချုပ်ကို မြန်မာဓလေ့ထုံတမ်းဥပဒေနှင့်အညီ မညီညွတ်၍ တရားလွှတ်တော်မှ အတည်မပြုပေ။ တရားလွှတ် တော်မှ အကြောင်းနှစ်ရပ် ပြသည်။ ပထမ အကြောင်းမှာ သေခါနီးဆဲဆဲ ပေးကမ်းခြင်း ဖြစ် သည်။ ဒုတိယ အကြောင်းပြချက်မှာ သေသူသည် ရှိသမျှ ပစ္စည်းအားလုံးကို ပေးကမ်းခဲ့ခြင်း ဖြစ်သည်။
ခ။ မြန်မာ ဗုဒ္ဓဘာသာ တစ်ဦးသည် မိမိပိုင်ပစ္စည်းကို ပေးကမ်းခွင့် မရှိဟု တားမြစ်ချက် မရှိပေ။ သို့ရာတွင် ဓမ္မသတ် သုံးဆယ်ခြောက်စောင်တွဲ အခန်း ၈၊ ပုဒ်မ ၇၅ အရ မြန်မာ ဗုဒ္ဓဘာသာတစ်ဦးသည် အမွေခံများ အတွက် ဝေခြမ်းစရာ အမွေပစ္စည်း မရှိခြင်း ဖြစ်သည့်အခါ ထိုသို့ ပေး ကမ်းခြင်းသည် မြန်မာဓလေ့ ထုံးတမ်း ဥပဒေ နှင့် ဆန့်ကျင်သည်ဟု မှတ်ယူကြရမည်ဖြစ်ပြီး ပေးကမ်းခြင်းကြောင့် ရရှိထားသည့်ပစ္စည်းကို အမွေပုံတွင် ထည့်သွင်း၍ ခွဲဝေယူကြရမည် ဖြစ်ပေသည်။ [ဦးတင်ဝင်း ပါ- ၂နှင့် ဦးတင်ညွန့် ပါ -၃ ၁၉၈၃ မတစ ၁၉၁]။
ဂ။ မိခင်က သမီးနှစ်ယောက်အနက် တစ်ယောက်ကို အချင်းဖြစ်မြေနှင့် တိုက်ကို မှတ်ပုံတင်စာချုပ်ဖြင့် ပေး ကမ်းခဲ့သည်။ ယင်းသို့ ပေးကမ်းချိန်၌ အမွေဆိုင်ပစ္စည်းများအဖြစ် စိန်ရွှေရတနာ ပစ္စည်း ငါးမျိုးနှင့် ပရိဘောဂ များ ကျန်ရစ်ကြောင်း အမှုတွဲတွင် ပေါ်ပေါက်သည်။ တရားရုံးချုပ်က ဆုံး ဖြတ်ရာ၌ မြန်မာဓလေ့ ထုံတမ်းဥပဒေ အရ အမွေဆိုင်ပစ္စည်း အားလုံကို ပေးကမ်းမှသာလျှင် ထိုပေးကမ်းခြင်းမှာ တရားမဝင် အထမမြောက်ခြင်း ဖြစ် သည်။ ဤအမှုတွင် မိခင်သည် အချင်းဖြစ် မြေနှင့်တိုက်ကို သမီးတစ်ဦးအား မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်းချိန် တွင် အမွေဆိုင်ပစ္စည်းတချို့ ချန်လှပ် ပေးကမ်းခြင်းဖြစ်၍ မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်းခြင်းသည် တရားဝင် ပေသည်။ [ဒေါ်ရီရီ နှင့် ဒေါ်တင်တင် တရားရုံးချုပ် ၁၉၈၇ ခုနှစ် တရားမ ပထမအယူခံမှု အမှတ် ၅၀]။
ဃ။ အမွေပုံ စီမံခန့်ခွဲပေးစေလိုမှုတွင် တရားပြိုင်က အချင်းဖြစ်ပစ္စည်းကို မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်းပြီး ဖြစ်သည်ဟု ခုခံသည်။ မြန်မာ ဗုဒ္ဓဘာသာဝင်များသည် မိမိပိုင်ပစ္စည်းများကို သားသမီးများအနက်မှ တစ်ဦး တစ်ယောက်အား ပေးကမ်းခွင့်မရှိဟု တားမြစ်ချက် မရှိသော် လည်း ယင်းသို့ပေးကမ်းခြင်းကြောင့် ထိုသူ ကွယ် လွန်သည့်အခါ အခြား အမွေဆိုင်များတွင် ဝေခြမ်းစရာ အမွေပစ္စည်း မကျန်တော့လျှင် အဆိုပါ ပေးကမ်းခြင်းမှာ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေနှင့်အညီ ဆန့်ကျင်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ထိုပစ္စည်းကို အမွေပုံတွင် ထည့် သွင်း၍ ခွဲဝေကြရမည်သာ ဖြစ်သည်။ [ဦးတင်ဝင်း ပါ- ၂ နှင့် ဦးတင်ညွန့် ပါ-၃ ၁၉၈၃ မတစ ၁၉၁] အပေး စာချုပ် ပယ်ဖျက်စေလိုကြောင်း သီးခြားစွဲဆိုရန် မလိုအပ်ချေ။ [ဒေါ်ဌေးဌေး နှင့် ဒေါ်သန်းတင် ၁၉၉၁ ခုနှစ် တရားမ ပထမအယူခံမှု အမှတ် ၂၃၅၊ တရားရုံးချုပ် ( မန္တလေး )]
င။ ဦးရွှေဆင့်သည် ဒေါ်သန်းသန်း ( အမှတ် ၃ အယူခံတရားပြိုင် ) အား ရှိသည့် ပစ္စည်းအားလုံး ပေး ကမ်းခြင်းမဟုတ်ဘဲ ထိုက်သည့်အား လျော်စွာ ပေးကမ်းခြင်းသာဖြစ်ကြောင်း တွေ့ရှိရပေသည်။ မြန်မာဗုဒ္ဓဘာ သာဝင်များသည် မိမိပိုင် ပစ္စည်းများကို သားသမီးအနက်မှ တစ်ဦးတစ်ယောက်အား ပေးကမ်းခွင့်မရှိဟု တားမြစ် ချက် မရှိသော်လည်း ယင်းသို့ ပေးကမ်းခြင်းကြောင့် ထိုသူ ကွယ်လွန်သည့်အခါ အခြားအမွေဆိုင်များတွင် ဝေ ခြမ်းစရာပစ္စည်း မကျန်တော့လျှင် အဆိုပါပေးကမ်းခြင်းမှာ မြန်မာဓလေ့ ထုံးတမ်းဥပဒေနှင့်အညီ ဆန့်ကျင်သည် ဟု မှတ်ယူရမည်ဖြစ်သည်။ ( ဦးတင်ဝင်း ပါ ၂ နှင့် ဦးတင်ညွန့်ပါ ၃ )၊ ၁၉၈၃ မတစ၊ ၁၉၁ ကို ရည်ညွှန်းသည်။ ထို့ကြောင့် မန္တလေး တိုင်းတရားရုံးက ဒေါ်သန်းသန်းအား ပေးကမ်းသည့် အပေးစာချုပ်သည် မြန်မာဓလေ့ ထုံး တမ်း ဥပဒေအရ မပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက်သည် မှန်ကန်ကြောင်း တွေ့ရှိရပေသည်။ ( ဦးအောင်မြင့် နှင့် ဒေါ်ခင်စိန်မေ ပါ ၃၊ တရားရုံးချုပ် ( မန္တလေး) တရားမ ပထမအယူခံမှု အမှတ် ၁၅၆/၂၀၀၁ ( ၁၇-၁၂-၂၀၀၁ )။
စ။ ဥပဒေနှင့်အညီ ချုပ်ဆိုထားသည့် မေတ္တာဖြင့်ပေးကမ်း စာချုပ်ကို အနိုင့်အထက်ပြုမှု၊ မတရား သြဇာလွှမ်းမိုးမှု၊ လိမ်လည်မှု သို့မဟုတ် အလွဲ ပြောဆိုမှု တစ်ခုခုကြောင့် ချုပ်ဆိုခဲ့ရခြင်းဖြစ်၍ တရားမဝင်ဟု စွပ်စွဲ ပြော ဆိုလာပါက ထိုစွပ်စွဲချက်ကို ထင်ရှားအောင် သက်သေပြရန် ထိုသူတွင် တာဝန်ရှိသည်။ မိဘသည် သားသမီးတစ်ဦးအား ပစ္စည်းပေးကမ်းရာ၌ အမွေပစ္စည်းအားလုံး ပေးကမ်းခြင်း မဟုတ်လျှင် မြန်မာ့ဓလေ့ ထုံး တမ်းဥပဒေအရ အဆိုပါ ပစ္စည်း ပေးကမ်းခြင်းသည် တရားဝင်သည်။ [ဒေါ်တုတ်တုတ်ပါ-၄ နှင့် ဒေါ်စိန်စိန်ဝင်း ( ခ) ဒေါ်လှကြီး ပါ-၃ ၂၀၀၃ မတစ ၁၁၅]။
( အညွှန်း ဦးမြစိန် ၊ တရားမလမ်းညွှန်စီရင်ထုံးများ၊ စာ ၁၅၁ ) ။
Credit By: DVBLawLab
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ