By Ra Wai, Shweproperty.com
Updated at 13 June 2020
ကန်ထရိုက်တာတိုင်းကို မဆိုလိုပါ။ မှန်မှန်ကန်ကန် ၊ မျှမျှတတ ဆောင်ရွက်နေကြသော ဆောက်လုပ်မှု ကန်ထရိုက်တာများ အများအပြား ရှိပါသည်။ မြေရှင်နှင့် ကန်ထရိုက်တာ နှစ်ဦးနှစ်ဘက် လုပ်ကိုင်ဆောင် ရွက်ကြရာတွင် မြေရှင်လည်း အကျိုးရှိ၊ ကန်တရိုက်တာလည်း အကျိုးရှိပါသည်။
ကန်ထရိုက်တာများ တိုက်ဆောက်လုပ်ခြင်းမှာ အမြတ်အစွန်းရလို၍ ဖြစ်ပါသည်။ တစ်ခါ တစ်ရံ အမည် ကောင်းအတွက် ငွေရှုံးရသည်များ ရှိပါသည်။ ထိုလုပ်ရပ်သည် စင်စစ် မရှုံးပါ။ အမည်ကောင်းဘက်တွင် မြတ် စွန်းပါသည်။
အချို့ ကန်ထရိုက်တာ ငွေကြေးအရ အမြတ်အစွန်း ရှိပါသည်။ အမည်ကောင်းတော့ မထွက်ပါ။ သိပ်မဆိုး လှသေးဟု ဆိုရပါမည်။ အချို့ ကန်ထရိုက်တာများ ငွေကြေးအရ အမြတ်ထွက်ပါသည်။ အမည်ဆိုးလည်း ထွက် ပါသည်။ ဤအခြေအနေတွင် မြေရှင်ရှုံးပြီသာ ဖြစ်ပါသည်။
ကန်ထရိုက်တာနှင့် မြေရှင်တို့ သဘောတူစာချုပ် ပြုလုပ်ချုပ်ဆိုကြရာတွင် များသောအားဖြင့် ကန်ထရိုက် တာဘက်က အသာစီးယူ၍ ချုပ်ဆိုလေ့ရှိကြပါသည်။ မြေရှင်က တိုက်သစ်လိုချင်သည်။ ကန်ထရိုက်တာက ငွေကြေးစိုက်ထုတ် ဆောက်လုပ်ရသူ ဖြစ်သည်။ ထို့ကြောင့် ကန်ထရိုက်တာအနေဖြင့် ၎င်းတွင် ကုန်ကျစရိတ် ထုတ်ထားသော ငွေနှင့် တိုက်ခန်းရောင်းရငွေ ကာမိစေရန် အမြတ်ထွက်စေရန် အကာအကွယ်ယူ ချုပ်ဆိုရ ပါသည်။
စာချုပ်ချုပ်သည်ဆိုခြင်းမှာ မိမိဖက် မိမိအကာအကွယ်ယူ ချုပ်ဆိုကြရခြင်း ဖြစ်ပါသည်။ သို့သော် တစ်ခါ တစ်ရံ တစ်ဖက်ဖက်က မသိမသာ ဆိုသလို တစ်ဖက်ကို ခွစီးပြီး ချုပ်ဆိုထားသည်များလည်း ရှိတတ်ပါသည်။
နှစ်ဦးသဘောတူ စာချုပ်အပြင် မြေရှင်က ကန်ထရိုက်တာသို့ တိုက်ဆောက်လုပ်မှုနှင့် စပ်လျဉ်း၍ ကိုယ်စား လှယ်လွှဲစာ ပေးရသည်။ ကန်ထရိုက်တာများ ဘက်က ပြန်လည်ရုပ်သိမ်းခွင့်မရှိဆိုသော အထူးကိုယ်စားလှယ် လွှဲစာများ ရယူတတ်ကြပါသည်။
ထိုသို့ ကိုယ်စားလှယ်စာပေးခြင်းသည် တိုက်သစ် ဆောက်လုပ်နိုင်ရေးအတွက် ပေးခြင်းသာ ဖြစ်ပါသည်။ သို့သော် အချို့သော ပြန်လည်ရုပ်သိမ်းခွင့်မရှိ ဆိုသော အထူးကိုယ်စားလှယ်လွဲှစာများတွင် စွန့်လွှတ်စာချုပ်ပြု လုပ်ရန်၊ အပိုင်ပေး စာချုပ်ပြုလုပ်ရန် ၊ အရောင်းအဝယ်စာချုပ် ပြုလုပ်ရန် မြေခွဲစိတ်ရန် အမည်ပြောင်းရန် စသည်ဖြင့် အိမ်သစ်ဆောက်လုပ်မှုနှင့် မည်သို့မျှ မသက်ဆိုင်သည်များကိုပါ ထည့်သွင်း ဖော်ပြထားကြသည်များ ရှိပါသည်။ မြေရှင်အတွက် မမျှော်မှန်းနိုင်သော နစ်နာမှု၊ ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်ဟု ဆိုရပါမည်။ ထို့ကြောင့် ထိုအချက်များ အမှန်တကယ် လိုအပ် မလိုအပ် သတိချပ်ကြစေလိုပါသည်။ အချို့သော ကန်ထရိုက်တာ များ သည် မြေရှင်နှင့် သဘောတူ ချုပ်ဆိုသည့် စာချုပ်တွင်မပါဝင်သော အခြားအခွင့်အရေးများကို အထူး ကိုယ်စား လှယ် လွဲှစာဖြင့် ရယူ ထည့်သွင်း ဖော်ပြတတ်ကြသောကြောင့် ဖြစ်ပါသည်။
ထို့ပြင် ( ဤအထူးကိုယ်စားလှယ်လွှဲအပ်ခြင်း စာချုပ်သည် မည်သည့် အကြောင်း တစ်စုံတစ်ရာနှင့်မျှ ပြန် လည် ရုပ်သိမ်းပိုင်ခွင့် မရှိသော အထူး ကိုယ်စားလှယ်လွှဲသည့် စာချုပ်ဖြစ်သည်။ ) ဟူ၍ ဖော်ပြသည်များလည်း ရှိပါသည်။
ထိုသို့ ရေးမည့်အစား ( ဤကိုယ်စားလှယ်လွှဲအပ်ခြင်း စာချုပ်သည် ပြန်လည် ရုပ်သိမ်းခွင့်မရှိသော အထူး ကိုယ်စားလှယ်လွှဲစာကို ပေးခြင်းဖြစ်သည်။ ) ဟုဆိုသော အချက်ကိုလည်း မမေ့မလျော့ ထည့်သွင်းချုပ်ဆိုထား သင့်ပါကြောင်း အသိပေး တင်ပြရပေသည်။
(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၈၃ )
Ref By: DVB Lawlab
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ