By Kyi Soe (IC), Shweproperty.com
Updated at 15 July 2015
ပြီးခဲ့တဲ့လထဲမှာ မြေကွက်တစ်ကွက် အရောင်းအဝယ် ဖြစ်ပါတယ်။ သေသေချာချာ စရန် ချကြတာပါပဲ။ ပြီးတော့ ပျက်တယ်။ ပထမတော့ အေးအေးဆေးဆေး ရှင်းကြတယ်။ နောက်တော့ အနိုုင်လုု ပြောကြ ဆိုုကြကနေ စကားများကြရတယ်။ ကျွန်မအထင်တော့ နှစ်ဖက်ပွဲစားတွေမှာ တိကျတဲ့ အသိတွေ ရှိကြပုံု မရပါဘူး ဆရာ။ စရန်စာချုပ်ကိုု ဘယ်လိုု ချုပ်သင့်တယ် ဆိုုတာရယ်၊စရန် ပျက်ခဲ့ကြရင် ဘယ်လိုု လုုပ်ကြရမယ် ဆိုုတာလေးကိုု ရှင်းပြပါလား ဆရာ။ ဒါ အမြဲ ဖြစ်တတ်တဲ့ ပြသနာပါပဲ။ မြေကွက်၊ တိုုက်တွေကိုု လိုုက်ကြည့်ရင်း ကြိုက်တာတွေ.တယ်။ အကြောင်းကြောင်းကြောင့် မြန်မြန် စရန်ချကြတယ်။ ဒါကြောင့် ရှေ.နေကြီးတွေ မပါဖြစ်တာကလည်း များပါတယ်။ ရှေ.နေကြီးတွေ မပါတဲ့ စရန်ပွဲတွေမှာ အိမ်ခြံအကျိုးဆောင်တွေကပဲ ဦးဆောင်ရမှာပါ။ တချို့အကျိုးဆောင်ကြီးများနဲ့ ရောင်းသူ၊ ဝယ်သူတိုု့က စရန်စာချုပ်ကိုု လွယ်လွယ်ပဲ ရေးချင်ကြတယ်။ အဲဒီလိုုအခါမျိုးမှာ အကျိုးဆောင်တွေကလည်း ကိုုယ့်ဘက်က လျှာရှည်ရာ ရောက်မှာ စိုုးတာရယ်၊ စရန်ချမှ ပွဲခ ရမှာရယ်ကြောင့် စရန်စာချုပ်ကိုု လွယ်လွယ် ချုပ်ကြ၊ ရေးကြနဲ့ စပြီး မှားစရာတွေ ဖြစ်ကုုန်တာပေါ့။ စရန်စာချုပ် ဆိုုတာ ပြောတော့သာ စရန်စာချုပ်၊ တကယ်တော့အဓိက အကျဆုံုး စာချုပ်ပါ။ ရောင်းဝယ်ခြင်း ပြီးဆုံုး ဇာတ်သိမ်းတဲ့အထိ ပါသွားမယ့် စာချုပ်ပါ။ ဒါကြောင့် လွယ်လွယ်ဝယ်လိုု့ရတဲ့ စာချုပ်ပုံုစံထဲမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရောင်းသူ၊ ဝယ်သူတိုု့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကိုု နှစ်ဦးနှစ်ဖက် သဘောတူအောင် ညှိပြီး စုံုစုံုလင်လင်ကိုု ရေးကြရမှာပါ။ စာချုပ် နည်းနည်းပါးပါး ရှည်ချင်လည်း ရှည်ပါစေ၊ ပြည့်စုံုဖိုု့က အဓိကပါ။ ပြီးတော့ စရန်စာချုပ်မှာ လက်မှတ်ထိုုးကြတဲ့ အသိသက်သေ နှစ်ဦးကိုုလည်း နာမည်၊ မှတ်ပုံုတင်၊ နေရပ်၊ ဖုုန်းနံပါတ်က စလိုု့ စုံုစုံုလင်လင် ရယူထားရပါမယ်။ စာချုပ် ချုပ်တဲ့အခါမှာလည်း မူရင်း နှစ်စောင် ရေးကြရပါမယ်။ ဝယ်သူ တစ်စောင်၊ ရောင်းသူ တစ်စောင် ယူထားကြရပါမယ်။ ဖြစ်နိုုင်ရင် ကော်ပီ ကူးပြီး အကျိုးဆောင်ကြီးများလည်း တစ်စောင်စီ ယူထားကြပါ။ ဒါဆိုု ပြည့်စုံုပါတယ်။ ရှေ့နေကြီးတွေ မပါတဲ့အခါ ဒီလိုုပဲ နွဲှကြပါ။ ရှေ့နေကြီးတွေ ပါလာရင်တော့ သူတိုု့ကိုု ဆရာတင်ပါ။ ကိုုယ်က အလိုုက်သင့် နေပေါ့။ အဲဒီလိုု စရန်စာချုပ်ကိုု ရောင်းတာပဲ ဖြစ်ဖြစ် ၊ ဌါးတာပဲ ဖြစ်ဖြစ် ပြည့်ပြည့်စုံုစုံု ရေးထားရင် ပျက်ဖိုု့ ခဲယဉ်းပါတယ်။ မတော်တဆ ပျက်ကြရင်လည်း ဖြေရှင်းရတာ လွယ်တာပေါ့။ စရန်စာချုပ်ထဲမှာ ပြည့်ပြည့်စုံုစုံု ရေးသား ချုပ်ဆိုုထားကြတော့ အဲဒီလမ်းကြောင်းတွေအတိုုင်း လိုုက်သွားရုံုပါပဲ။ ရောင်းချမည့် ကတိကိုု ပိုုင်ရှင်ဘက်မှလည်း ပျက်တတ်ပါသည်စရန် ယူပြီးမှ ထိုုအိမ်ခြံမြေအား အဆမတန် ဈေးပေး၍ ဝယ်ယူမည့်သူပေါ်ပေါက်ခဲ့ရင် ရောင်းချသူဟာ စရန်ကိုု နှစ်ဆ လျော်ရရင်လည်း လျော်ပါမယ် ဆိုုတဲ့အကြံ ပေါ်တတ်ပါတယ်။ စရန် ယူပြီးနောက်မှ ဖုံုးအုုပ်ထားတဲ့ ပြဿနာ တစ်စုံုတစ်ရာ ပေါ်လာတတ်ပါတယ်။ တစ်ဦး တစ်ယောက်ကိုု ပေးကမ်းထားခြင်း၊ ရောင်းချရန် စရန်ယူထားပြီး ဖြစ်ခြင်း၊ပေါင်နှံထားခြင်း၊ လှူဒါန်းထားခြင်း စတဲ့အကြောင်းကြောင်းများ ပေါ်လာခဲ့ရင်လည်း ရောင်းချသူ ကတိပျက်ရာ ရောက်တတ်ပါတယ်။ အဲဒီလိုု ရောင်းချမယ့်သူက စရန်စာချုပ်ပါအတိုုင်း ဆက်လက်မဆောင်ရွက်နိုုင်ရင် စရန်ငွေရဲ့နှစ်ဆကိုု ပေးလျော်ကြရပါတယ်။ သိုု့သော် စရန်စာချုပ် ချုပ်ဆိုုစဉ် နှစ်ဆပေးလျော်ပါမယ်လိုု့ ထည့်သွင်းရေးသားခြင်း မပြုမိတာ၊ ဘာစည်းကမ်းကိုုမ ျှ မဖော်ပြဘဲ အာမခံသဘော ငွေပေးသွင်းရာ ရောက်စေတဲ့ စရန်စာချုပ် ဖြစ်နေတာတိုု.ဟာ စရန်နဲ. လျော်ကြေးတိုု.ကိုု မရစေနိုုင်တဲ့ အကြောင်းကိစ္စများ ဖြစ်နေပါတယ်။ ( ဒါကြောင့် စရန်စာချုပ်ဟာ အလွန်အရေးကြီးပါတယ်လို့ ဆရာ ပြောခဲ့တာ ဖြစ်ပါတယ်။) ဝယ်သူဘက်မှလည်း ပျက်ကွက်တတ်ပါသည်စရန်ချထားစဉ် ကာလအတွင်း အဲဒီ အိမ်ခြံမြေထက် အနေအထားသာပြီး ဈေးသက်သာတဲ့ အမှန်အကန်ပစ္စည်း တစ်စုံုတစ်ခုုကိုု ထပ်မံတွေ့ရှိခဲ့ရင်လည်း ဝယ်သူက စရန် အဆုံုးခံတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ စရန်ချထားပြီးတဲ့ အိမ်ခြံမြေကိုု ဆက်လက် ဝယ်ယူဖိုု့ဆန္ဒမရှိ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ငွေကြေး အကျပ်အတည်းကြောင့် အခြေအနေ မပေးတော့ဘဲ ဆက်လက် မဝယ်ယူနိုုင်ခြင်းလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုုအကြောင်းကြောင့် ဖြစ်စေ ဆက်လက်ဝယ်ယူခြင်း မပြုနိုုင်ရင် စရန် ဆုံုးရတာကိုု လူတိုုင်း နာလည်းထားပြီးသာပါ။ သိုု့ပေမဲ့ စရန်စာချုပ်ထဲ ဆက်လက်မဝယ်ဖြစ်ရင် စရန် ဆုံုးပါမယ်ဆိုုတဲ့ သဘောတူညီချက်ကိုု ထည့်သွင်းဖိုု့ မမေ့ကြပါနဲ.။ သီးခြားပုံုစံတစ်မျိုး အနေနဲ့ စရန်စာချုပ်ကိုု ခြွင်းချက် ရေးသား ချုပ်ဆိုုရင်တော့ စရန်စာချုပ် ပျက်ပြယ်ကြရမယ့် အခါမျိုးမှာ ရောင်းသူ၊ ဝယ်သူ နှစ်ဦးရဲ့ ကတိစကား (စာချုပ်ပါအတိုုင်း) တိုု့က သာလျှင် အတည်ဖြစ်ပါတယ်။
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ