By Xyznews, Shweproperty.com
Updated at 13 February 2019
လူတိုင်း လူတိုင်း အိမ်မှာ ဒါမျိုးတွေ လုံး၀ မလုပ်မိကြပါစေနဲ့.။ (တန်ဖိုးရှိတဲ့ သိမှတ်စရာတွေပါ)။အိမ်၌မပြုသင့်မထားသင့်သော ရှောင်ရန်များကို သင်သိပြီးရင် မျှဝေပေးခဲ့ဖို့ မမေ့ပါနဲ့နော်။
၁။ အိမ်ရှေ့၌ငှက်ပျေားပင်မစိုက်အပ်။
၂။ရေစိုအဝတ်များကိုညအချိန်သစ်ပင်ပေါ် အဝတ်တန်းပေါ်မထားရ။
၃။ကိုယ်ဝန်ဆောင်များအပြောဆိုမကြမ်းရ။
၄။လက်ဖက်သုတ်စားပြီးကလေး၏ ပါးကိုမနမ်းရ။
၆။ကတ်ကြေး၊ကွမ်းညှပ်၊ဓားစသည်တို့ကိုညှပ်စရာမပါပဲမညှပ်ရ၊မဖြတ်ရ။
၇။အိမ်ပေါ်၌ဇယ်မခုတ်ရ။
၈။အိမ်သားတစ်ဦးနေမကောင်းဖြစ် စဉ်ခေါင်းမလျှော်ရ။
၉။ယောက်မနှင့်ထမင်းအိုးနှုတ်ခမ်းမရိုက်ရ။
၁၀။စလောင်းဖုံးကိုဖိုခနောက်ပေါ်မအုပ်ရ။
၁၁။မီးဖိုမှာလူနှစ်ယောက်ပြိုင်တူမီးမမှုတ်ရ။
၁၂။ညောင်သားကိုမီးမစိုက်ရ။
၁၃။ကျောက်နီလက်စွပ်ကိုနှစ်ကွင်းထပ်မဝတ်ရ။
၁၄။ဖိနပ်ချွတ်သောနေရာတွင်ထီးမထားရ။
၁၅။အရေးကြီးသောကိစ္စများပြောစဉ်ဖိနပ်ထိပ်ဦး အားထီးထိပ်ချွန်နှင့်ထောက်၍စကားမပြောရအစီစဉ်ပျက်တတ်သည်။
၁၆။ဖျာကိုခေါင်းရင်းမှစပြီးလိပ်၍သိမ်ပါ။
၁၇။ဖျာလိပ်ကိုအမြင့်ပေါ်မတင်ရ။
၁၈။တိုင်ကပ်နာရီကိုအိမ်ခြေရင်းတွင်မချိတ်ရ။
၁၉။မိဘတို့၏ဖိနပ်ကိုမနင်းရ။
၂၀။ဓာတ်ခဲအဟောင်းများအိမ်တွင်မထားရ။
၂၁။အိမ်၏မျက်နှာစာတွင် ထမင်း ချက်ပြုတ်မစားရ။
၂၂။အိမ်ရှိကြည့်မှန်များမကောင်းသောပုံ ရိပ်များထင်ဟပ်သောနေရာတွင်မချိတ်ရ။
၂၃။အိမ်ရှေ့တွင်ငြုပ်သီးပင်မစိုက်ရ။
၂၄။ထမင်းပန်းကန်များအတွင်းသို့စားပြီးဝါးပြီး အကြွင်းအကျန်များထည့်မသိမ်းရ။
Ref & Photo Credit : Xyznews
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ