By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 15 June 2018
အရစ်ကျစနစ်နဲ့ အိမ်တစ်လုံးပိုင်ဆိုင်ချင်ပါသလား၊ ပထမဆုံးအိမ်ဝယ်ယူမယ့်သူတွေဖြစ်တဲ့ လခစားဝန်ထမ်း တွေ၊ ကြင်စဦးဇနီးမောင်နှံတွေနဲ့ ငွေကြေးအလုံအလောက်မရှိပေမယ့် အိမ်တစ်လုံးပိုင်ဆိုင်ချင်တဲ့သူတွေ အတွက် အရစ်ကျစနစ်ရဲ့ အားသာချက်တွေက ဘာတွေလဲ။
ကောင်းမွန်တဲ့ဘဝကို တည်ဆောက်ဖို့နဲ့ ပထမဦးဆုံးအိမ်ဝယ်ယူမယ့် သူတွေဟာ အရစ်ကျစနစ်ကို အသုံးပြုပြီး အိမ်ရာဝယ်ယူနိုင်ပါတယ်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက်မှာလည်း အရစ်ကျစနစ်နဲ့ ရောင်းချမှုတွေ အရင်က ထက် ပိုများလာခဲ့သလို၊ အိမ်ရာဝယ်ယူမယ့်သူတွေ ဟာလည်း အရစ်ကျစနစ်နဲ့အိမ်ရာဝယ်ယူမှု ပိုများလာခဲ့ပါ တယ်။
အိမ်ခြံမြေလုပ်ငန်းရှင်တွေအနေနဲ့ အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတာဟာ ဘဏ်ချေးငွေနဲ့ ချေးငွေထုတ်ချေး အသင်းအဖွဲ့တွေဆီက ချေးငွေရယူစရာမလိုတော့ဘဲ ရောင်းချပေးမယ့်ကုမ္ပဏီဆီက တိုက်ရိုက်ပိုက်ဆံ ချေးဝယ်ယူနိုင်မယ့် စနစ်နဲ့ ဆင်တူပါတယ်။ မြို့ပြစနစ် ဖွံ့ဖြိုးလာတဲ့ ရန်ကုန်မြို့ရဲ့ အိမ်ရာတိုက်ခန်းတွေကလည်း ဈေးနှုန်းတွေ တစ်နှစ်ထက်တစ်နှစ် ပိုတိုးတက်လာပေမယ့် အရစ်ကျစနစ်ရဲ့ အားသာချက်တွေကြောင့် အိမ်ခြံမြေပြပွဲတွေနဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေ ရဲ့ အိမ်ရာပရောဂျက်တွေကို ဝယ်ယူသူများပြားနေဆဲ ဖြစ်ပါတယ်။
အရစ်ကျစနစ်ဆိုတာ လူတိုင်းသိထားတဲ့ နှစ်ရှည်အရစ်ကျစနစ်ကို လစဉ်အရစ်ကျ ပေးသွင်းရမယ့် သိသာတဲ့ အားသာချက်တစ်ခု ပဲဖြစ်ပါတယ်။ ရောင်းသူနဲ့ဝယ်သူကြား သတ်မှတ် စာချုပ်ချုပ်ဆိုထားတဲ့ စည်းမျဉ်းအရ ဝယ်သူအနေနဲ့ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းပြည့်ငွေပေးချေနိုင်ပြီ ဆိုရင် အိမ်ပိုင်ဆိုင်နိုင်မှာဖြစ်သလို နေထိုင်ခွင့်ပါ ပူးတွဲရရှိမှာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ သတ်မှတ်ချက် ရာခိုင်နှုန်း ကိုတော့ နေထိုင်ရင်း ပေးချေနိုင်မယ့် အခွင့်အရေးရရှိမှာပဲဖြစ်ပါတယ်။
မြန်မာ့ထိပ်တန်းဆောက်လုပ်ရေးတစ်ခု ဖြစ်တဲ့ ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီဟာလည်း ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး ကွန်ဒိုတန်ဖိုးရဲ့ (၇၀)ရာခိုင်နှုန်းကို (၁၅) နှစ်အရစ်ကျငွေပေးချေမှုပုံစံနဲ့ ဝယ်သူတွေကို ဆောင်ရွက် ပေးမယ်လို့ မတ်လက ကြေညာခဲ့ပါတယ်။ အိမ်ခြံမြေလုပ်ငန်းရှင်တွေဟာ ပထမဆုံးအိမ်ရာဝယ်ယူမယ့် သူတွေ ကို အဓိက ရည်ရွယ်ပြီး အရစ်ကျစနစ်ရဲ့ အားသာချက်တွေကို ခံစားခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။
ရွှေတောင်ဆောက်လုပ်ရေးအပြင် ပြည်တွင်းအထင်ကရ အိမ်ခြံမြေဆောက်လုပ်ရေး တော်တော်များများဟာ အရစ်ကျစနစ်နဲ့ ပထမဦးဆုံးအိမ်ရာ ပိုင်ဆိုင်နိုင်ဖို့ကို ဦးတည်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေနဲ့ တန်ဖိုးမြင့်အိမ်ရာတွေဆီ တိုင်းမှာ အရစ်ကျစနစ်နဲ့ ရောင်းချမှုတွေ မြန်မာနိုင်ငံမှှာ ခေတ်စားလာတာဟာ (၁၀) နှစ် နီးပါးရှိနေပြီဖြစ်ပေမယ့် အရစ်ကျစနစ်ဘာလဲဆိုတာနဲ့ အရစ်ကျ စနစ်နဲ့ ရောင်းချပြီးနောက် လုပ်ငန်းရှင်တွေဘက်က ဆုံးရှုံးမှုတွေဖြစ်ထွန်းလာမှာကို တွေးကြောက် နေလို့သာ မတွင်ကျယ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အရစ်ကျစနစ်ကို အသုံးချပြီး အိမ်ရာပိုင်ဆိုင်ချင်သူတွေ များပြားလာသလို၊ လုပ်ငန်းရှင် တွေဘက်ကလည်း ခိုင်မြဲတဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေနဲ့ အရစ်ကျအစီအစဉ်တွေကို စည်းမျဉ်းစာချုပ် အပြည့်အဝ သတ်မှတ်နေပြီဖြစ်လို့ ဝယ်သူနဲ့ ရောင်းသူကြား အရစ်ကျဆိုပြီး တွင်ကျယ်လာခဲ့ပါတယ်။
ရန်ကုန်တိုင်းအစိုးရရဲ့ ဦးဆောင်မှုနဲ့ တန်ဖိုးသင့်အိမ်ရာတွေ ဖြစ်တဲ့ ဗိုလ်မင်းရောင်အိမ်ရာ၊ ဗိုလ်မှူးဗထူး အိမ်ရာ တွေကိုလည်း အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ လည်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း ကဦးဆောင်ပြီး တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်း သုံးနှစ်အတွင်း အကောင်အထည်ဖော်မယ်လို့ ကြေညာခဲ့ပါသေးတယ်။ လခစားဝန်ထမ်းတွေအတွက် ရည်ရွယ်ထားတဲ့ ဒီစီမံကိန်းကို နှစ်ရှည်အရစ်ကျစနစ်နဲ့ ပေးချေနိုင်အောင် ရည်ရွယ်ပြီးစီစဉ်ထားသလို၊ ပြည်သူတွေ ပေးသွင်းချင် တဲ့ ငွေပမာဏအနည်းငယ်ကိုသာ လစဉ်ပေးချေနိုင်အောင် စီစဉ်သွားမယ်လို့ ဆောက်လုပ်ရေးအသင်းက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်လလောက်ခန့်က Shwe Property က ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူချက်အရ ရန်ကုန်မြို့နေ လူတန်းစားတွေထဲက အိမ်ရာဝယ်ယူလိုသူ(၈၃)ရာခိုင်နှုန်းခန့်ဟာ အရစ်ကျငွေပေးချေမှုစနစ်နဲ့ အိမ်ရာဝယ် ယူချင်ကြပါတယ်။ ဒီလို နှစ်ရှည်ငွေပေးချေမှုစနစ်တွေနဲ့ အိမ်ရာဝယ်ယူလိုတဲ့သူ များပြားလာခြင်း ဟာ အိမ်ခြံမြေလုပ်ငန်းရှင်တွေအတွက် အရစ်ကျစနစ်နဲ့ အိမ်ရာစီမံကိန်းတွေကိုု အကောင်အထည်ဖော်ပေးမှု ပိုမိုအားစိုက်လာစေဖို့ တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်။
“တန်ဖိုးနည်း၊ တန်ဖိုးသင့်ဆိုတာထက်ကို လူလတ်တန်းစား အဖွဲ့တစ်ခုက လစဉ်ပေးနိုင်တဲ့ ငွေကြေး ပေါ်မူတည် ပါတယ်။ အိမ်ရာလိုအပ်နေတဲ့သူတွေဟာ အငြိမ်းစားဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်း တွေ ဖြစ်တာမို့ ဒီနှစ်ရှည်အရစ်ကျစီမံကိန်းကို အလိုရှိနေတဲ့သူတွေအတွက ်အစိုးရပိုင်းကနေ ပိုပြီးဖော်ဆောင်ဖို့လိုသ လို၊ ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်း အရစ်ကျစီမံကိန်းနဲ့ ဈေးသင့်တဲ့အိမ်ရာတွေ ပေါ်ထွက်လာဖို့ ကူညီ တိုက်တွန်းပေးရမယ်၊ ငွေအားဖြင့် ဖြစ်စေ၊ ဒါမှမဟုတ်လည်း တခြားတနည်းနည်းနဲ့ပေါ့။ ဒါမှလည်း တိုင်းပြည်က အခွန်ရမယ်၊ အခွန်ကနေမှတစ်ဆင့် တိုင်းပြည်တိုးတက်မယ်” လို့ တိုးတက်သာဆောက်လုပ်ရေး ကုမ္ပဏီ လိမိတက်ရဲ့ CEO ဖြစ်သူ ကိုသက်နိုင်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
အိမ်ရာပိုင်ဆိုင်ချင်စိတ်တွေကို တစ်ဆတစ်ဆ တိုးပွားလာစေမယ့် အရစ်ကျစနစ်ကို ဦးဆောင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ဝယ်သူတွေကြား “ အရစ်ကျစနစ်” ဟာ လူတိုင်းအိမ်ရာပိုင်ဆိုင်နိုင်ဖို့ အခွင့် အလမ်းအများဆုံး နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ