By Kyi Soe (IC), Shweproperty.com
Updated at 8 January 2019
လယ်မြေ/လယ်ယာမြေတို.ကို ဝယ်လိုလျှင် ရဲရဲသာဝယ်ပါ။ ဝယ်ပိုင်ခွင့် ရှိနေပါပြီ။စည်းကမ်းအရတော့ “လယ်မြေ” ဝယ်ရင် လယ်စိုက်ရပါ့မယ်။ “ယာမြေ” ဝယ်ရင် “ယာ” စိုက်ရမည်ဖြစ်ပါတယ်။
အဲဒီလို မစိုက်ချင်ရင်၊ မြေအမျိုးအစားပြောင်းခွင့် တင်လို. ရပါတယ်။ လယ်ယာမြေဥပဒေသစ်ရဲ. အပိုဒ်(၃၀)အရပေါ့ (အဟောင်းလ/န ၃၉လိုပါပဲ)“လယ်မြေ” တို. “လယ်ယာမြေ” တို.ဝယ်ရင် မြို.နယ်မြေစာရင်းဦးစီးဌာနမှာ စာချုပ်ချုပ်ဆို ဝယ်ယူဖို.မမေ့ပါနဲ.။ (ဒါလဲ ဂရန်ဝယ်သလို ပါပဲ/ အခက်အခဲ မရှိပါဘူး။ စိုးရိမ်စရာ မရှိပါဘူး)
ကိုယ်ဝယ်မယ့် “လယ်ယာမြေ” ရဲ.ပုံစံ(၇)ကို မြေစာရင်းဦးစီးဌာနမှာ မှန်/မမှန် အရင်စစ်ဆေးဖို. လိုပါတယ်။ ပြီးတော့ မူရင်းပုံစံ (၇)ကို မြင်တွေ.ရမှသာ စရန်ငွေပေးချေပါ။ ၎င်းနောက် ရပ်ကျေး ဥက္ကဌနှင့် ညှိနှိုင်းပါ။
လယ်ယာမြေကွက်အတွက် “ငွေအပြေ” ပေးချေတော့ မည်ဆိုလျှင်
၁. “အရောင်းအဝယ်ပြုလုပ်ရန် အတွက်သာ”ဟု ထုတ်ယူထားသော ပုံစံ - ၁၀၅ တောင်းပါ။
၂. ပုံစံ-၁၀၅ မှ ပိုင်ရှင်က ဝယ်ယူသူသို. လွှဲပေးသော SP လည်း ရရှိပါစေ။
၃.၎င်းပြင် ပုံစံ(၇)မူရင်းကိုလည်း တောင်းယူပါ။
၄. လယ်ယာမြေကို လက်ရောက်ရယူပါ။ မဟုတ်လျှင် လယ်ယာကွက်ထဲမှာ အစောင့်တဲဟုပြောသော ကျူးကျော်တဲများပါလာလျှ်င် ဖယ်ရ အလွန်ခက်ပါသည်။)
အဲဒီလို စိစိစစ်စစ် ဝယ်ယူပြီးလျှင် “တံဆိပ်ခေါင်းခွန်” နှင့် “မှတ်ပုံတင်ကြေး” တို.ပေးဆောင်၍ မြို.နယ် မြေစာရင်းမှာ မှတ်ပုံတင်စာချုပ်ချုပ် ဆိုပါ။ ၎င်း စာချုပ်ချုပ်ပြီးမှသာ “လယ်ယာမြေ”ကွက်ကို ကိုယ့်အမည်(ဝယ်သူအမည်) ပြောင်း၍ ရပါတယ်။
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ