By Sint Sint, Shweproperty.com
Updated at 18 November 2020
အိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည် ခြေရင်းအိမ်သည်လည်း မိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင် အိမ်ပုခက် ဟုခေါ်သည်။ နေသောမိသားစုသည် စီးပွားတက်၏။
ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည်။ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည်။လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ ပြူစုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။
ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည်။ ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါက အိမ်တောင်တန်းဟုခေါ်သည်။ တစ်စိမ့်စိမ့်စီးပွားဖြစ်၏။
ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ ခြေရင်း အိမ်က မြင့်နေပါက စီးပွားအသည်းအသန်ရှာရတတ်သည်။ရေဆန်အိမ်ဟုခေါ်သည်။ ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသော အိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ် အိမ် အမိုးထပ်မြှင့်ခြင်းပြုအပ်၏။မကျန်းမမာဖြစ်တတ်၏။ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည်။ သတိထားအပ်၏။
ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသော အသံချဲ့စက်ဆောင်းဘောက်စ်အသံ အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြုလုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည် ။အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏။မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။
အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်း ငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါက မရှိပါဟူသော စကားကို လိမ်ညာပြောတတ်ရ၍ သီလ မလုံသောကံကိုစီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်း သတိထား ပြောရတတ်၏။ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
ဘုမ္မိအရပ်နဲ့ အိမ်မျက်နှာစာ အကြောင်း
လက်ရှိ သင်နေထိုင်တဲ့အိမ်က စီးပွားတက်မည့်အိမ် ဟုတ်၊မဟုတ် ကြည့်မယ်
တိုက်အိမ်လေးဆောက်မယ်ဆိုရင် ကုန်ကျမည့်အရေအတွက်ကို ကိုယ်တိုင် အကြမ်းဖျင်းခန့်မှန်းနည်း
ဆရာဇင်ယော်နီပြောပြတဲ့ သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ
Credit : Pataythar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ