By The Irrawaddy, Shweproperty.com
Updated at 16 September 2016
အံ့အားသင့်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု အမေရိကန်နိုင်ငံ ဖီးနစ်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အဲဒီနယ်မှာရှိတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မီးဖိုချောင်အတွက် ပြန်လည်ပြုပြင် ပြင်ဆင်မှုများကို လုပ်နေစဉ်မှာ နံရံနောက်ကွယ်မှာ ဝှက်ထားတဲ့ ဒေါ်လာ ၅သောင်းကို တွေ့ရှိခဲ့ရခြင်းပါ။
ဒီ အဖြစ်အပျက်အကြောင်းကို ဇနီးသည်ဖြစ်သူက Imgur ဆိုတဲ့ လူမှုမီဒီယာတစ်ခုမှာ ဖော်ပြပြောဆိုခဲ့ပါ တယ်။
သူမနဲ့ သူမရဲ့ခင်ပွန်းသည်ဟာ မီးဖိုချောင်ကို ပြင်ဆင်နေစဉ်အတွင်း မီးဖိုချောင်နံရံတစ်ခုရဲ့နောက်ကွယ်မှာ မီးခံသေတ္တာနဲ့ နှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ ဒေါ်လာ (၅)သောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီအချိန်တုန်းက နံရံကိုဖယ်လိုက်စဉ် ဆေးဗီဒိုနောက်ကွယ်မှာ မီးခံသေတ္တာရဲ့လျို့ဝှက်နံပါတ်ကို တွေ့ရပြီး မီးခံသေတ္တာကို ကုတ်နဲ့ ဖွင့်ဖို့ (၆)ကြိမ်လောက် ကြိုးစားခဲ့ရပါတယ်လို့ ဇနီးမောင်နှံနှစ်ဦးဟာ သူတို့မှတ်မိတဲ့ အကြောင်းကို ပြန်ပြောင်းအောက်မေ့ ပြောဆိုထားပါတယ်။
မီးခံသေတ္တာကို ဖွင့်လိုက်ချိန် တွေ့လိုက်ရတာကတော့ (၁၀၀)တန် ပါဝင်တဲ့ ဒေါ်လာ (၅၁,၀၈၀)နဲ့ (၁၉၆၀)ခုနှစ် ရက်စွဲပါ ဝီစကီတစ်ပုလင်းပဲ ဖြစ်ပါတယ်။ “ကျွန်မတို့ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ခဏနေဦး.. အဲဒါထောင်ချောက်တစ်ခုဖြစ်နိုင်တယ်လို့တောင် အယ်ဒီ့ကို အော်ပြောလိုက်ပါသေးတယ်။ အခုထက်ထိ အဲဒါကို ပြန်ပြောပြီး ရယ်နေကြပါသေးတယ်။” လို့ ဇနီးသည်ဖြစ်သူက ဆိုပါတယ်။ အဲဒီမီးခံသေတ္တာထဲမှာနောက်ထပ် ရှိနေတာတစ်ခုကတော့ စာရေးဆရာ E.F. Schumacher ရေးသားပြီး (၁၉၇၇)ခုနှစ်မှာ ထုတ်ဝေထားတဲ့ “'A Guide for the Perplexed” စာအုပ်ပဲ ဖြစ်ပါတယ်။
စာအုပ်ကြားထဲမှာတော့ အမည်မသိသူတစ်ဦးရဲ့ အဖြူအမည်းဓါတ်ပုံတစ်ပုံပါရှိပြီး ဓါတ်ပုံရဲ့ နောက်ဖက်မှာတော့ “အယ်လင်ရေ၊ နင်ဖတ်သင့်တဲ့စာအုပ်တစ်အုပ် ငါ့မှာရှိတယ်၊ စာအုပ်ထဲမှာ အဓိကကျတဲ့ စာသားလေးတွေ ကိုလည်း မျဉ်းတားထားပေးတယ်... မှ နင့်ရဲ့ သူငယ်ချင်းဗင်းဆင့်” လို့ရေးသားထားပါတယ်။
အဲဒီနောက်မှာတော့ သဲလွန်စလို့ထင်ရတဲ့ အရာများကို စာမျက်နှာအတော်များများ မှာတွေ့ရပါတယ်။ စာမျက်နှာနံပတ် (၇)မှာတော့ “On Philosophical Maps” ခေါင်းစဉ်ပါစာပိုဒ်ကို မျဉ်းသားထားပြီး စာသားမှာတော့ “တကမ္ဘာလုံးကို ခြုံငုံကြည့်ဖို့ရန် မြေပုံကို အသုံးပြုဖု့ိလိုအပ်ပြီး အထူးထူးအထွေထွေသော အကြောင်းအရာများကို သိရှိဖို့ အချို့သော အစီအစဉ်များနဲ့ ကြောရိုးများကို ကြည့်ရှုရန်လိုအပ်ပါသည်။” ဟူ၍ဖြစ်ပါတယ်။ စာမျက်နှာနံပတ် (၇)နောက်ဖက်မှာ ကပ်ထားတာကတော့ အရီဇိုးနားပြည်နယ်ပုံနဲ့ ကတ်ကလေးတစ်ကတ်ဖြစ်ပါတယ်။
စာမျက်နှာ (၁၁)မှာတော့ အိမ်ပုံတစ်ပုံညှပ်ထားပြီး အဲဒီပုံရဲ့အောက်မှာတော့ “ အဲဒီမှာ ရလဒ်ကောင်းတွေ ရခဲ့တယ်” လို့ရေးသားထားပါတယ်။ အဲဒီပုံရဲ့နောက်ဖက်မှာတော့ အကိုင်းသုံးခွပါရှိတဲ့ သစ်ပင်ပုံတစ်ပုံကို ပြထားပြီး “သစ်တစ်ပင်မှသုံးပင်” ဆိုတဲ့စာသားလေးရေးထားပါတယ်။
အမျိုးသမီးတစ်ဦးကလည်း “တစ်စုံတစ်ယောက်မှာတော့ အဲဒီနေရာကိုမှတ်မိတဲ့ မျက်လုံးတစ်စုံရှိနေမှာပါ။ အဲဒီအကိုင်းသုံးခွရှိတဲ့အပင်အကြောင်းကို ငါလည်းသိချင်တယ်” လို့ရေးသားထားပါတယ်။
စာမျက်နှာ (၁၄)မှ မျဉ်တားထားတဲ့စာပိုဒ်မှာတော့ “ စစ်မှန်တဲ့ပျော်ရွှင်မှုကို လက်ရှိလောကမှာရှိတဲ့သူတွေ အသုံးပြုနေတဲ့ နည်းလမ်းတွေ နဲ့ရယူနိုင် မှာ မဟုတ်ဘူးဆိုတာကို မော်ဒန်ခေတ်စာဖတ်ပရိတ်သတ်တွေအတွက် ယုံကြည်ဖို့ခက်ခဲနေပါလိမ့်မယ်” လို့ဖော်ပြထားပါတယ်။ အဲဒါအပြင် ဘင်ဂိုကစားနည်းကတ်ပေါ်မှာပါတဲ့နံပါတ် (၃)ခုကိုလည်း ဝိုင်းပြထားပါသေးတယ်။
ဖြစ်နေချေရှိတာကတော့ ဒီကိစ္စမှာ အမျိုးသမီးတစ်ဦးနဲ့ သူ့မိတ်ဆွေတစ်ဦးပါဝင်ပြီး သူတို့နှစ်ဦးဟာ ဒီပိုက်ဆံတွေနဲ့ ပတ်သက်လို့ ဘာလုပ်မယ် ဆိုတာကို မဖော်ပြထားပေမယ့် “အကယ်၍ အယ်လင်သာ သက်ရှိထင်ရှားရှိနေသေးရင် ဒါတွေဟာ သူ့အတွက်ပါပဲ” လို့ အဲဒီအမျိုးသမီးက ရေးသားခဲ့ပါတယ်။
Ref & Photo Credit : The Irrawaddy
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ