By The Modern, Shweproperty.com
Updated at 23 June 2015
အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် စာချုပ်ပြုလုပ်တဲ့အခါ ပိုင်ရှင်၊ ရောင်းချသူရဲ့ အမည်၊ မှတ်ပုံတင်၊ လိပ်စာတို့ကိုတိုက်ဆိုင်စိစစ်ဖို့ လိုအပ်ပါတယ်။
များသောအားဖြင့် ရောင်းချသူ၊ ပိုင်ဆိုင်သူရဲ့ အမည်ရဲ့သူ့ မှတ်ပုံတင်ကိုတိုက်ဆိုင်စစ်ဆေးတာမလုပ် ဘဲ အရောင်းအဝယ် စာချုပ်ရေးသားချုပ်ဆိုလေ့ ရှိပါတယ်။
ရင်းနှီးသိကျွမ်းသူမဟုတ်ရင် အမှန်တကယ် ပိုင်ရှင်ဟုတ်၊ မဟုတ် ချောအောင်တိုက်ဆိုင်စစ်ဆေးဖို့ အရေးကြီးပါတယ်။
ပိုင်ရှင်ဖြစ်သူ၊ ရောင်းချသူအနေနဲ့လည်းအမှန်တကယ် ပိုင်ဆိုင်သူဖြစ်ကြောင်းဖော်ပြနိုင် ဖို့ဝန်လေးတာ၊ စိတ်ကွက်တာမပြုဘဲ ဝတ္တရားအရ မိမိကိုင်ဆောင်တဲ့ မှတ်ပုံတင်ကို ပြသစိစစ်ခွင့်ပြုဖို့ လိုအပ် ပါတယ်။ တာဝန်ယူချုပ်ဆိုပေးသူ အနေနဲ့လည်း အမှားအယွင်းမရှိအောင် အထူးသတိပြုရမှာပါ။
စာချုပ်စာတမ်းတွေ အစစ်အမှန်ဖြစ်ပေမဲ့ တစ်ခါတစ်ရံစာရွက်စာတမ်းတွေဟာခေတ္တပေါင်နှံထားတာ ဖြစ်စေ၊ ယုံကြည်အပ်နှံခြင်းနဲ့ ဖြစ်စေအကြောင်းအမျိုးမျိုးကြောင့် မသက်ဆိုင်သူထံရောက်နေတတ်တာမို့ စာချုပ်စာတမ်း အစစ်ပြတိုင်းပိုင်ရှင် အစစ်အမှန်လို့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ တစ်စုံတစ်ယောက်ကအဲသည် စာရွက်စာတမ်းစာချုပ်တွေ ရယူပိုင်ဆိုင်ပြီးပိုင်ရှင်အစစ်အမှန် ဟန်ဆောင်လက်ညှိုးထိုး လိမ်ညာရောင်းချတာတွေရှိတတ်လို့ပါ။
ရောင်းချသူရဲ့ မှတ်ပုံတင်ကိုတောင်းယူစိစစ်မယ်ဆိုတာ အရောင်းအဝယ်ညှိနှိုင်းစဉ် အပြန်အလှန် သဘောတူညီမှုတွေ ဆွေးနွေးစဉ်ကတည်းက ကြိုတင်အသိပေးထားဖို့လိုအပ်ပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ