By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 18 May 2018
Petronas Twin Tower ဟာ မလေးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကွာလာလမ်ပူမြို့၊ ကွာလာလမ်ပူတာဝါအနီးမှာ တည်ရှိပြီး ဗိသုကာပညာရှင် César Pelli က ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့ပါတယ်။ဒီ အမြွှာမျှော်စင်ကို KLCC Hoildings Sdn Bhd မှ တာဝန်ယူတည်ဆောက်ခဲ့ပြီး စုစုပေါင်းကုန်ကျငွေ US 1.6 Billion ခန့် ကုန်ကျခဲ့ပါတယ်။
၁၉၉၃ခုနှစ်၊ မတ်လမှာ စတင်ဆောက်လုပ်ခဲ့ပြီး ၂၉၉၆ ခုနှစ်၊ မတ်လ ၁ရက်နေ့မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။တာဝါနှစ်ခုက (၄၅၁.၉)အမြင့်ရှိပြီး အထပ်ပေါင်း (၈၆)ထပ်ပါဝင်ကာ ၁၉၉၈ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးများစာရင်းထဲမှာ တစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။
ဒီ အမြွှာမျှော်စင်ရဲ့ စိတ်လှုပ်ရှားဖွယ် ဆောက်လုပ်ထားတဲ့အချက်တစ်ချက်ကတော့ တာဝါနှစ်ခုရဲ့ (၄၁)ထပ်မြောက်နဲ့ (၄၂)ထပ်မြောက်မှာ တာဝါနှစ်ခုကြားကို ဖြတ်ပြီး Sky Bridge ဆောက်လုပ်ထားခြင်းပဲဖြစ်ပါတယ်။အမြင့်မကြောက်တဲ့သူတွေအတွက်တော့ ဒီ Petronas Twin Towers ရဲ့ Sky Bridge က သွားရောက် လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
Petronas Twin Towers ဟာ အခုလက်ရှိမှာတော့ ကွာလာလမ်ပူမြို့ရဲ့ စီးပွားရေးလုပ်ငန်းများပေါင်းစုံရာ အဆောက်အဦးတစ်ခုအဖြစ်တည်ရှိနေပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်တဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။
Written By : Saint Sandi Htet (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ