By The Modern, Shweproperty.com
Updated at 17 June 2018
လယ်ယာမြေတွေကိုခွင့်ပြုထားတဲ့ ပုံစံမျိုးမဟုတ်ပဲ လက်တစ်လုံးခြားအသုံးပြုပြီး လူနေထိုင်နေတာတွေ၊ လုပ်ငန်းလုပ် ကိုင်နေကြတာတွေ ရှိနေပြီး ပုံစံတွေလွဲနေတာကို စိစစ်သင့်တယ်လို့ အကျိုးဆောင်ရှေ့နေအချို့ကပြောပါတယ်။ ဘယ်လိုလယ်မြေ၊ ယာမြေတွေကိုမှ လူနေခွင့်အိမ်ဆောက်ခွင့်မပြုထားပါဘူး ဥပဒေမှာ အတိအကျ ပြဌာန်းထားပေမဲ့ ပြုလုပ်နေကြတာတွေရှိနေပါတယ်။ လယ်မြေတွေကို အခြားနည်းခွင့်ပြုထားတာက လယ်မစိုက်ဘဲ အခြားသီးနှံစိုက်ပျိုးထားတာကိုပဲ ခွင့်ပြူတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။ အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ယာမြေကိုအိမ်ဆောက်ချင်တယ်ဆို လူနေမြေ အဖြစ်ပြောင်းလဲဖို့ လိုပါတယ်၊ လုပ်နည်းတွေတော့ ရှိပါတယ်။ တချို့ကလယ်မလုပ်တော့ဘူး၊ လိုအပ်ချက်အရ ကျေးရွာတိုးချဲ့မြေအဖြစ် လျှောက်ကြတာတွေ လည်းရှိတယ်၊ တချို့ကပုံစံ(၁၀၅)၊ ပုံစံ(၇)တွေ လယ်မြေတွေကတော့ လူနေလို့ မရဘူးလို့ ပြောပါတယ်။ အပြင်မှာတချို့က လူနေဖို့နဲ့ အိမ်ဆောက်ခွင့်ရဖို့အတွက် လယ်ယာမြေတွေကို လျှောက်ထားနေတဲ့ ပုံစံတွေက အမျိုးမျိုးရှိတယ်လို့ သိရပါတယ်။
ဥပဒေပိုင်းအရ လျှောက်ထားမယ်ဆို မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ပုံစံ (၁၄)လျှောက်ထားရမှာဖြစ်တယ်။ မြေစာရင်းဖြစ်တဲ့ ပုံစံ(၁၀၅) ကိုတောင်းယူရမှာဖြစ်တယ်။ ပုံစံ (၁၀၅)ကိုလျှောက်ထားတဲ့အခါမှာ တခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ထားဖို့ အတွက် ဖြစ်ကြောင်း ပါဝင်ရမှာပါ။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "ခွင့်ပြုတဲ့ အများစုပုံစံ ကတော့အိမ်ရာဆောက်တာတို့၊ဆီဆိုင်ဖွင့်တာတို့တွေ များပါတယ်၊ သူတို့ သတ်မှတ်ထားချက်တွေနဲ့ ကိုက်ညီမှ ခွင့်ပြုတာများတယ် ဈေးကွက်ထဲမှာရောင်းနေတဲ့ လယ်မြေတွေကတော့ လူနေလို့မရ တာသေ ချာတယ် ၊ကျေးရွာတိုးချဲ့ လျှောက်ထားတာ ကျပြီးသားတွေကတော့ စိတ်ချရပါတယ်" လို့ ရှင်းပြပါတယ်။
အခြားနည်းအသုံးပြုခွင့်လျှောက်ထားတဲ့အခါ လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူလိုပါတယ်။ အကြောင်းပြချက် ခိုင်မာဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးမြို့နယ်မြေစာရင်းဦးစီးဌာနတို့ရဲ့ ထောက်ခံချက်တွေ လိုအပ်တယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးအထိ တင်ရတာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက်နဲ့ မြို့နယ် မြေစာရင်းဌာနကနေ ခွင့်ပြုရမှာဖြစ်တယ်။ လယ်မြေတွေကတော့ ဗဟိုလယ်မြေစီမံခန့်ခွဲမှုကိုပါ တင်ရတာပါ။ ဒါတွေကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ အပိုဒ် ၃၀ (က) ပါ ပါဝင် တယ်လို့ ပြောပါတယ်။ ယာမြေကတော့ အိမ်ဆောက်ခွင့်တင်လို့ရပြီး လယ်မြေကိုတော့ ခွင့်ပြုတာမျိုးမရှိဘူးလို့ ပြောပါတယ်။
Ref : The Modern
Photo Credit : mizzima
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ