By Sint Sint, Shweproperty.com
Updated at 3 April 2020
မြေဝယ်ယူမည်ဆိုလျှင်အောက်ပါအချက်များကို သိထားသင့်သည်။
၁။မြေပိုင်ဆိုင်မှုအမျိုးအစား
မိမိအနေနှင့် မြေဝယ်ယူမည်ဆိုလျှင် အမျိုးအစားကို သိရှိရန် အရေးကြီးသည်။ဥပမာ-လယ်မြေ၊ရွာမြေ၊ဥယျာဉ်ခြံမြေ၊ဂရန်မြေ၊ဘိုးဘွားပိုင်မြေ စသော မြေအမျိုးအစားများစွာရှိသည့်အတွက်
မိမိဝယ်ယူမည့်မြေအမျိုးအစားကို သိရှိရန်လိုအပ်သည်။မြေအမျိုးအစားပေါ်မူတည်ပြီး ခိုင်မာမှု၊ဈေးနှုန်းကွာခြားချက် များရှိနေကြောင်း သိရသည်။
၂။မြေပိုင်ဆိုင်မှု အထောက်အထား မှန်ကန်မှု ရှိမရှိ
မြေပိုင်ဆိုင်မှု အထောက်အထားမှန်ကန်မှု ရှိ မရှိစစ်ဆေးရပါမည်။မြေပိုင်ဆိုင်မှုအထောက်အထားမှန်ကန်မှုမရှိပါက မိမိငွေကြေး ဆုံးရှုံးနစ်နာမှုနှင့် တရားရုံးတွင် အမှုဖွင့်ပြီး အမှုရင်ဆိုင်ရနိုင်သောကြောင့် ၎င်းအချက်သည်အရေးကြီးဖြစ်ကြောင်း သိရသည်။
၃။စာချုပ်အား ပိုင်ဆိုင်မှုခိုင်မာစွာ ချုပ်ဆိုရမည်
မိမိဝယ်ယူသော မြေနှင့်ပတ်သက်ပြီး ငွေပေးချေမည်ဆိုလျှင် စရန်စာချုပ်မှ ပြီးဆုံးသည့်အထိ စာချုပ်အရေးအသားကို ပိုင်နိုင်စွာ ချုပ်ဆိုတတ်ရန်လိုပါသည်။ပြီးစလွယ် ချုပ်မည်ဆိုလျှင် နောက်ငွေပေးချေမှုအဆင့်တိုင်းတွင် နစ်နာမှုရှိသောကြောင့်စရန်စာချုပ်အရေးအသားအချက်အလက်နှင့် ငွေပေးချေမှု အဆင့်ဆင့် ရက်စွဲများကို တိကျစွာရေးသားထားရန်လိုအပ်သည်။ငွေပေးချေမှုအဆင့်တိုင်းတွင်လည်းမည်မျှရာခိုင်နှုန်း ပေးပြီးပါက ဝယ်ယူသည့်ပိုင်ဆိုင်မှုပစ္စည်း၏မူရင်းအချို့လက်ဝယ်ရရှိနိုင်ရန်ထည့်သွင်းချုပ်ဆိုနိုင်ရန် လိုအပ်ကြောင်း သိရသည်။
၄။မဖြစ်မနေ မိမိဝယ်ယူထားသော မြေနှင့်ပတ်သက်၍ သတင်းစာတွင် ကန့်ကွက်နိုင်ကြောင်းထည့်ပါ
မိမိဝယ်ယူထားသော မြေနှင့်ပတ်သက်ပြီး စရန်ငွေပေးချေပြီးသည်နှင့် ရက်မဆိုင်းဘဲ သတင်းစာထဲတွင် ၎င်းမြေနှင့် ပတ်သက်သော ကန့်ကွက်သူရှိပါက ကန့်ကွက်နိုင်ရန်ဖိတ်ခေါ်သည့်အနေဖြင့် ကြော်ငြာထည့်သင့်သည်။
၅။ကိုယ်ဝယ်ယူမယ့် မြေပေါက်ဈေးအား သိရန်လိုအပ်
မိမိဝယ်ယူမည့်မြေပေါက်ဈေးကို သေချာစုံစမ်းမေးမြန်းရန်လိုအပ်သည်။ပေါက်ဈေးမသိရှိပါက အကြောင်းအမျိုးမျိုးကြောင့် မိမိဝယ်ယူမည့်မြေဈေးနှုန်းသည် ပေါက်ဈေးထက်များတတ်ကြောင်း သိရသည်။
Ref : Myanmar Builder Guide
Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ