By Kyi Soe (IC), Shweproperty.com
Updated at 9 November 2017
မည်သည့် လယ်မြေ/ယာမြေကိုမှ လူနေခွင့်၊ အိမ်ဆောက်ခွင့် မပြုဘူးလို့ ဥပဒေမှာ အတိအကျ ဆိုထားပါတယ်။
ဒါကြောင့်လယ်မြေ/လယ်ယာမြေကိုအိမ် ဆောက်ချင်လျှင်/လူနေချင်လျှင် "လူနေမြေ" အဖြစ်ပြောင်းလဲ ပစ်ဖို့ လိုပါတယ်။
ဥပဒေအရ "အခြားနည်း" အသုံးပြုတယ်လို့ ခေါ်ပါတယ်။
အဆင့်လည်းမများပါဘူး။ ခက်လည်းမခက် ပါဘူး။ မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ပုံစံ (၁၄) ကို လျှောက်ထားရပါတယ်။
မြေစာရင်းပုံစံ-၁၀၅ ကိုအရင်တောင်းပါ။ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တောင်းရပါတယ်။ "တခြားနည်းလမ်း အသုံးပြုခွင့် လျှောက်ထားရန်အတွက်"လို့ အကြောင်းပြရတယ်။ ပုံစံ (၁၀၆) ပါ လိုအပ်/မလိုအပ် မေးပါ။လိုလျှင် ထည့်တောင်းပါ။
လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူလိုပါတယ်။ မှန်ကန်ခိုင်လုံသော အကြောင်းပြချက်ကိုတော့ သေသေချာချာ ရေးရပါတယ်။
ရပ်/ကျေးအုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးနဲ့ မြို့နယ်မြေစာရင်း ဦးစီးဌာနတို့ရဲ့ ထောက်ခံချက်တွေလည်း လိုပါတယ်။ ပြည့်စုံရင် တိုင်းဒေသကြီးအထိ တင်ရပါတယ်။
ရပ်/ကျေးအုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးနဲ့ မြို့နယ်အုပ်ချုပ်ရေးနဲ့ မြို့နယ်မြေစာရင်းဦးစီးဌာနတို့ရဲ့ ထောက်ခံချက်တွေလည်း လိုပါတယ်။ ပြည့်စုံရင် တိုင်းဒေသကြီးထိ တင်ရပါတယ်။
တိုင်းဒေသကြီးအစိုးရက စိစစ်ခွင့်ပြုတယ် ဆိုရင်တော့ အဆင့်ဆင့်ပြန်ကျလာပြီး မြို့နယ် မြေစာရင်းဌာနက အတည်ပြုစာ ထုတ်ပေးမှာပါ။ ("လယ်မြေ" ဆိုလျှင်တော့ "ဗဟိုလယ်မြေ စီမံခန့်ခွဲမှုအဖွဲ့"ထိ တင်ရပါတယ်။ (၂၀၁၂) ခုနှစ် လယ်ယာမြေ ဥပဒေ၊ အပိုဒ် ၃၀ (က) )
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ