By Messenger, Shweproperty.com
Updated at 16 September 2016
မြို့ပြဘဝက လူကို စိတ်ဖိစီးစရာ အများအပြားနဲ့ ပေးတွေ့၏။ စိတ်ကိုဖိကာ လူကိုပါ နုံးချိစေ၏။
သိပ္ပံပညာရှင်များ ကတော့ စိတ်ဖိစီးမှု လျှော့ချနိုင်မည့် နည်းလမ်းကောင်းလေး အကြံပြု၏။ ခြံထဲဆင်းပြီး စိုက်ဖို့ပျိုးဖို့ ဖြစ်၏။ စိုက်ပျိုးလုပ်ငန်းများကြောင့် စိတ်လန်းဆန်းသည့် အကျိုးရရှိစေရုံ သာမက မြေကြီးထဲတွင် ရှိနေသော ဘက်တီးရီးယား တစ်မျိုးသည် စိတ်ဖိစီးမှု ဟိုမုန်းများ ကျဆင်းသွားအောင်ပါ လုပ်ပေးနိုင်သည်ဟု ဆိုလိုက်သည်။
တိုက်တာများနဲ့ အနေများသော မြို့ပြနေများအဖို့ ခြံထဲဆင်းကာ စိုက်ဖို့ပျိုးဖို့ ဆိုတာ ခဲရာခဲဆစ်ကြီး ဖြစ်မည်မှန်သော်လည်း အခွင့်အရေးရလျှင် ကြိုးစားကြည့်ဖို့တော့ သုတေသီများက တိုက်တွန်းသည်။
လန်ဒန်ကောလိပ် တက္ကသိုလ်မှ သုတေသီများက အကြံပြုထားခြင်း ဖြစ်သည်။ မြေကြီးထဲတွင် တွေ့ရသော မိုင်ဆိုဘက်တီရီယမ် ဗက်ကေးဘက်တီးရီးယားသည် စိတ်ဖိစီးမှု လျော့ကျအောင် ကူပေးနိုင်သည်။ သုတေသီတို့သည် ထိုဘက်တီးရီးယားကို ကြွက်များထဲ ထိုးပေးလိုက်သည်။
ထိုးသွင်းခံရသော ကြွက်များ၊ ထိုးသွင်းမခံရသော ကြွက်များနှင့် အနိုင်ကျင့်တတ်သော ကြွက်များကို လှောင်အိမ်တစ်ခုထဲ အတူထည့်ထားသည့်အခါ ဘက်တီးရီးယား ထိုးသွင်းခံရသော ကြွက်များသည် အနိုင်ကျင့်တတ်သော ကြွက်များ၏ အနိုင်ကျင့်ခြင်းကို ပိုခံနိုင်ရည်ရှိသလို၊ ကြောက်ရွံ့မှုလည်း နည်းသွားကြောင်း တွေ့ခဲ့ရသည်။ ထိုကြွက်များသည်ပို၍လည်း စူးစမ်းလိုစိတ် ရှိလာကြသလို၊ ဝမ်းဗိုက်ဆိုင်ရာ ရောဂါများလည်း အဖြစ်နည်းသွားကြောင်း တွေ့ခဲ့ရသည်။
ထိုဘက်တီးရီးယားသည် လူကိုစိတ်လန်းလူလန်း ဖြစ်စေသော စီရိုတိုနင်ဟိုမုန်းများ ဦးနှောက်က ထွက်လာအောင် ချူယူပေးနိုင်စွမ်းရှိကြောင်း တွေ့ရှိထားသည်။
မိုင်ဆိုဘက်တီရီယမ် ဗက်ကေး ဘက်တီးရီးယားသည် မြေကြီးထဲတွင် သဘာဝအတိုင်း တည်ရှိသည် ဖြစ်ရာ ခြံထဲဆင်းကာ စိုက်ဟယ်ပျိုးဟယ်နှင့် အညစ်ပေခံနိုင်သူများကို ဆုချရန် သဘာဝတရားကြီးက ဖန်တီးပေးထားသည်ဟုပင် ဆိုနိုင်ကြောင်း စစ်တမ်းအဖွဲ့တွင် ပါဝင်သော ပါမောက္ခဂရေဟမ်ရွတ်ခ် ကလည်း ပြောသည်။
Ref : Messenger
Photo Credit : Messenger
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ